ကိုဗစ်နှင့်အကြမ်းဖက်မှုများကြားမှ ကျင်းပသော ပထမကိုယ်တော်မြတ်ခံယူခြင်း

ကိုဗစ်နှင့်အကြမ်းဖက်မှုများကြားမှ ကျင်းပသော ပထမကိုယ်တော်မြတ်ခံယူခြင်း

ကိုဗစ်နှင့်အကြမ်းဖက်မှုများကြားမှ ကျင်းပသော ပထမကိုယ်တော်မြတ်ခံယူခြင်း

Burkina Fasoနိုင်ငံ၏ စီးပွားမြို့တော် Kayaမြို့တွင် ကလေးငယ်အချို့သည် ပထမ ကိုယ်တော်မြတ်ခံယူခြင်းကို ကျင်းပခဲ့ကြသည်။

ကျောင်းထိုင်ဘုန်းတော်ကြီး Father Gabrielက သူတို့သည် Dabloဒေသမှဖြစ်ပြီး ဒေသတွင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများဖြစ်ကာ ကိုဗစ်ကြောင့်အစီအစဥ်များရွေ့ဆိုင်းထားသဖြင့် ယခုမှသာ ပထမကိုယ်တော်မြတ်ခံယူနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

Burkina Fasoနိုင်ငံသည် အာဖရိက အနောက်ပိုင်းတွင်ရှိသော နိုင်ငံငယ်ဖြစ်ပြီး ၂၀၁၅မှစ၍ သူပုန်များနှင့်ဘာသာရေးအစွန်းရောင်များ၏ပုန်ကန်မှုဒဏ်ကို အလူးအလဲခံစားရသောနိုင်ငံဖြစ်သည်။ မူးယစ်ဆေးနှင့်လက်နက်ရောင်းဝယ်မှုမှာ ကြီးထွားနေပြီး အစိုးရကပင် ငြိမ်ဝပ်စွာ မအုပ်ချုပ်နိုင်ခဲ့ပေ။

စစ်တမ်းများအရ လူပေါင်းတစ်သန်းခန့်သည် ဒုက္ခရောက်နေပြီး လူထောင်ပေါင်းများစွာသည် တိမ်းရှောင်ထွက်ပြေးနေရသည်။ ဘာသာရေးအစွန်းရောက်များသည် နိုင်ငံ၏သုံးဆယ်ရာခိုင်နှုန်းရှိသော ခရစ်ယာန်များကို ပစ်မှတ်ထားလာသည်။

ယမန်နှစ်က မေလအတွင်းတွင် စက်သေနတ်ကိုင်ဆောင်ထားသော မော်တော်ဆိုင်ကယ်တစ်စီးသည် တနင်္ဂနွေမစ္ဆားတရားကျင်းပရာ ကက်သလစ်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီး Father Simeon နှင့် အခြားပုဂ္ဂိုလ်ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Aid to the Church in Need

https://bit.ly/2ZCdKqi

Add new comment

3 + 5 =