ကိုဗစ်တိုက်ဖျက်​ရေးတွင် ယုံကြည်ခြင်းသည် အလွန်အ​ရေးကြီး​ကြောင်း ဖိလစ်ပိုင်နိုင်ငံသားများ ​ပြောကြား

ကိုဗစ်တိုက်ဖျက်​ရေးတွင် ယုံကြည်ခြင်းသည် အလွန်အ​ရေးကြီး​ကြောင်း ဖိလစ်ပိုင်နိုင်ငံသားများ ​ပြောကြား

ကိုဗစ်တိုက်ဖျက်​ရေးတွင် ယုံကြည်ခြင်းသည် အလွန်အ​ရေးကြီး​ကြောင်း ဖိလစ်ပိုင်နိုင်ငံသားများ ​ပြောကြား

             သမ္မာတရားအသံလွင့်ဌာန(၈၄၆)သည် ဖိလစ်ပိုင်နိုင်ငံသားများကို ကွင်းဆင်း၍စစ်တမ်း​ကောက်ယူခဲ့ကြရာ အများစုက ယုံကြည်ခြင်းသည် အလွန်အ​ရေးကြီး​ကြောင်း ​သက်​သေခံခဲ့သည်ဟု ​ထုတ်ပြန်ခဲ့သည်။

               ထိုသတင်းဌာနသည် ဖိလစ်ပိုင်နိုင်ငံရှိ ကက်သလစ်အသင်း​တော်မှ ဖွင့်လှစ်ထား​သော အသံလွင့်ဌာနတစ်ခုဖြစ်ပြီး ဇူလိုင်လ ၁၄ရက် တွင် ထိုစစ်တမ်းကို​ကြေညာခဲ့သည်။ စစ်တမ်းတွင် ၈၉%က ယုံကြည်ခြင်းသည် အလွန်အ​ရေးကြီးသည်ဟု​ဖြေကြားခဲ့ပြီး ၉%က အ​ရေးကြီးသည်၊၂%က အနည်းငယ်အ​ရေးကြီးသည်ဟု ​ဖြေကြားခဲ့သည်။

               ထိုစစ်တမ်းတာဝန်ခံ Brother Clifford Soritaက မမြင်​ရ​သော အန္တရာယ်ကပ်ဆိုးကြီးသည် စိုးရိမ်ပူပန်မှုများနှင့်စိတ်ပျက်အားငယ်မှုတို့ကို ​ဆောင်ကြဥ်းလာ​သော်လည်း ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ကြံ့ခိုင်​စေသည်ဟု ​​ပြောကြားခဲ့သည်။အလားတူပင် ထိုသတင်းဌာန၏တာဝန်ခံ Fr.Anton Pascualကလည်း ဤစာရင်းသည် ဖိလစ်ပစ်တို့၏ယုံကြည်ခြင်းကို ​သက်​သေပြ​နေပြီး ပြဿနာအားလုံးထက် ဘုရားသခင်သည် ပို၍ကြီးမြတ်​ကြောင်း ​ဖော်ပြသည်ဟု မိန့်ခဲ့​လေသည်။

               ဤစာတမ်းအတွက် Mindanao,Luzonအစရှိသည့်မတူညီ​သော​ဒေသရှိ လူ​ပေါင်း ၁၂၀၀ ကို ​မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုက် ၁၂ရက် အထိ ​ရောဂါဖြစ်ပွားသူ ၅၆၂၅၉ဦးရှိသည်ဟု သိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of : Jire Carreon

https://bit.ly/2ZZYDaV

Add new comment

5 + 1 =