ကိုဗစ်ဆိုးရွားလာမှုကြောင့် စပိန်မှ ရဟန်းဖြစ်သင်ကျောင်းသားတဉီး ဆရာ၀န် ဘဝ ကိုပြန်လည် ရွေးချယ်ခြင်း

ကိုဗစ်ဆိုးရွားလာမှုကြောင့် စပိန်မှ ရဟန်းဖြစ်သင်ကျောင်းသားတဉီး ဆရာ၀န် ဘဝ ကိုပြန်လည် ရွေးချယ်ခြင်း

ကိုဗစ်ဆိုးရွားလာမှုကြောင့် စပိန်မှ ရဟန်းဖြစ်သင်ကျောင်းသားတဉီး ဆရာ၀န် ဘဝ ကိုပြန်လည် ရွေးချယ်ခြင်း

စပိန် နိုင်ငံမှာ ကိုဗစ် ၁၉ အရေးပေါ်အဖြစ်သတ်မှတ် ကြေငြာထားတဲ့အတွက် စပိန်နိုင်ငံ Fulgencia ရဟန်းဖြစ်ကျောင်းမှ ရဟန်းလောင်းများဟာ မိမိတို့ နေရပ်အိမ်များသို့ ပြန်သွားကြပြီဖြစ်ပေမဲ့ ပထမနှစ် ရဟန်းလောင်းတပါးဖြစ်တဲ့ Abraham Martinez Moraton ကတော့ ၄င်းရဲ့ခေါ်တော်မူခြင်းလမ်းစဉ်ကို ဆရာ၀န် အဖြစ် ယုံကြည်လက်ခံပြီး ကျောင်းအုပ်ဘုန်းတော်ကြီးထံ မှ ခွင့်ပြုချက်ရရှိကာ မိမိယခင်က လူပ်ကိုင်ခဲ့သော ကျွမ်းကျင် ဆရာ၀န် ဘဝ ကို ပြန်လည်သွားကာ ကိုဗစ်လူနာများအတွက် ဆက်ကပ်ပေးဆပ်နေတာဖြစ်ပါတယ်။

ယခင်က သူလုပ်ကိုင်ခဲ့သည့် Queen Sofia ဆေးရုံသို့ပြန်သွား ကာ မတ်လ ၁၆ ရက်နေ့ကနေ လုပ်ငန်းစတင် လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။

၄င်းရဲ့ ခေါ်တော်မူခြင်းဟာ ဘဝမှာ အများအတွက် အများကိုကူညီဘို့ ဖြစ်ရမယ်လို့ အမြဲခံစားခဲ့ရကြောင်းနှင့် ငယ်ငယ်ကထဲက ဆရာ၀န်ဖြစ်ခြင်ခဲ့ကြောင်း၊ ၀ိညာဉ် နဲ့ ကာယနှဖြာစလုံးအတွက် သမားတော်ဖြစ်တဲ့ သခင်ခရစ်တော်ရဲ့ နောက်လိုက်လည်းဖြစ်ခြင်ခဲ့ကြောင်း

သို့သော် အခုကိုဗစ် ကာလ အတွေ့အကြုံတွေအားဖြင့် ၊ ဝေဒနာခံစားနေရတဲ့လူနာတွေဆီမှာ သခင်ခရစ်တော်ရဲ့ မျက်နှာတော်ကို မြင်ယောင်ခံစားမိခြင်းအားဖြင့် လူနာများအတွက် ပိုပြီး ဆုတောင်းပေးခြင်းအားဖြင့်၊ ကျွန်ုပ်ရဲ့ ၀ိညာဉ်လည်းပိုပြီး သန့်ရှင်းမြင့်မြတ်လာစေနိုင်တာကြောင့် အခုတော့ "ဆေး၀ါးအားဖြင့် ကိုယ်တော်ကို တပည့်တော်ကူညီနေမှတော့ဘနောက်တခု ထပ်ထဲ့ဘို့လိုပါသေး
လား"လို့ ဘူရားကို ကျွန်ုပ်ပြောလိုက်ပါပြီ လို့ ရဟန်းဘ၀ ခေါ်တော်မူခြင်းမှ ဆရာ၀န်ဘဝဖြင့် ကိုဗစ် အချိန်ကို ပြန်သွားခဲ့တဲ့ Bro.Martinez က ပြောကြားခဲ့ပါကြောင်း CNA သတင်းအရသိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

Credit: Spotmatik Ltd/Shutterstock

https://bit.ly/2Sg4HHO
 

Add new comment

9 + 0 =