ကိုဗစ်ကြောင့် အီတလီရှိ ဘုန်းတော်ကြီးအပါးနှစ်ရာ ပျံလွန်

ကိုဗစ်ကြောင့် အီတလီရှိ ဘုန်းတော်ကြီးအပါးနှစ်ရာ ပျံလွန်

ကိုဗစ်စတင်သည့်အချိန်မှစ၍ တစ်နှစ်မပြည့်မီ အချိန်အ တွင်းတွင် အီတလီရှိ ကက်သ လစ်ဘုန်းကြီးများအား ကူးစက်သေဆုံးသည့် ရာခိုင်နှုန်းမျာ များနေခဲ့သည်။ အီတလီတွင် လူပေါင်းရှစ်သောင်းခန့်ကူးစက်သေဆုံးသည့်အနက် ၂၀၀ ခန့်မှာ ဘုန်းတော်ကြီးများဖြစ်ကြသည်။ ထိုကိန်း ဂဏန်းအရ တစ်ရက်ခွဲလျှင် တစ်ပါးနှုန်းဖြင့် ဘုန်းတော်ကြီးများ ပျံလွန်နေကြရသည်။

ကိုဗစ်ကြောင့် သေဆုံးသည့်အဖွဲ့အစည်းတွင် အီတလီရဟန်းအဖွဲ့အစည်းသည် တတိယမြောက် အသေ အ ပျောက်အများဆုံးဖြစ်သည်။ကျန်းမာရေးဝန်ထမ်းများ သည် ကူးစက်သေဆုံးမှုအများဆုံးဖြစ်သည်။

ရောဂါကြောင့် ပျံလွန်သော ဘုန်းတော်ကြီးများမှာ အသက်အရွယ်ကြီးရင့်သော ဘုန်းတော်ကြီးများဖြစ်သည်။ထိုသို့ ပျံလွန်သော ဘုန်းတော်ကြီးများအနက် အငယ်ဆုံးမှာ သက်တော် ၅၈ နှစ်ရှိ ကိုမိုသာသနာမှ Fr. Alfredo Nicholadi ဖြစ်သည်။

ဘုန်းတော်ကြီးများသည် သူတို့၏တာဝန်များကို မနားမနေဆောင်ရွက်ကြခြင်း

ကြောင့်လည်း ဤမျှအထိကူးစက်ခံနေရခြင်းဖြစ်ပြီး နှစ်ကုန်အထိ ဘုန်းကြီးအပါး ၂၀၀ ပျံလွန်ကာ ဇန်နဝါရီအတွင်း ဘုန်းကြီးလေးပါး ပျံလွန်ခဲ့ပြန်သည်။

သီလရှင်များသည်လည်း မသက်သာလှပေ။တစ်ကျောင်းလုံးကူးစက်ခံနေရသည့်အ ခြေအနေများလည်းရှိပြီး မကြာသေးမီက စစ္စတာရ် အပါး ၁၁၄ ပါးရှိသော​ကျောင်းတွင် ၁၀၄ ပါး၌ ရောဂါကူးစက် သွားသည့် ဖြစ်ရပ်လည်း ရှိခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Paul Ratje/AFP

https://bit.ly/3oJintk

Add new comment

8 + 4 =