ကိုဗစ်ကြောင့် အိန္ဒိယကက်သလစ် ဘုန်းတော်ကြီး အပါး ၁၆၀ ပျံလွန်ပြီး

ကိုဗစ်ကြောင့် အိန္ဒိယကက်သလစ် ဘုန်းတော်ကြီး အပါး ၁၆၀ ပျံလွန်ပြီး

အိန္ဒိယနိုင်ငံဟာ နေ့စဉ် သေဆုံးသူဉီးရေ ပျမ်းမျှ ၄၀၀၀ နဲ့ ကိုဗစ် ၁၉ ကို ရင်ဆိုင်နေရာမှာ ဗိုင်းရပ်စ် ပိုးကူးစက်ခြင်းကြောင့် ကက်သလစ်ဘုန်းတော်ကြီးများလည်း ဆုံးရှုံးခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တ ၅ ပတ်ခန့်မှာပဲ ကက်သလစ်ဘုန်းတော်ကြီး အပါးပေါင်း ၁၆၀ ပျံလွန်ခဲ့ကြောင်း၊ ပျမ်းမျှအရဆိုရင် တနေ့ကို ၄ ပါးနှုန်း ပျံလွန်နေကြောင်း ဆရာတော်ကြီး ၃ ပါးလည်း ပါဝင်ကြောင်းကို အိန္ဒိယ ကက်သလစ် သာသနာပိုင် မဂ္ဂဇင်းတိုက်ရဲ့အယ်ဒီတာဖြစ်သူ ကာပူချင်း ဘုန်းတော်ကြီး Fr. Suresh Mathew ဆိုပါတယ်။

စာရင်းအရ အပါး ၆၀ မှာ သစ္စာသုံးပါးခံ သူတော်စင် အသင်းဂိုဏ်းမှ ရဟန်းများဖြစ်ကာ ၎င်းတို့အထဲတွင်တော့ ယေဇူးအသင်းဂိုဏ်းမှ ၂၄ ပါး ပျံလွန်ခြင်းဖြင့် သေဆုံးမှုမြင့်မားနေကြောင်း ကိုဗစ် ဒုတိယလှိုင်းတွင် သာသနာ တိုက်နယ် ၁၇၄ ခု မှ စာရင်းများ မရောက်ရှိသေး၍ အတိအကျ မသိရသေးကြောင်း အိန္ဒိယတွင် ကက်သလစ်ဘုန်းတော်ကြီးပေါင်း ၃၀၀၀၀ သာ ရှိသည့်အတွက် ပျမ်းမျှ တရက် ၄ ပါး ပျံလွန်နေခြင်းမှာ တကယ်စိုးရိမ် မကင်းဖြစ်ရကြောင်းဆိုပါတယ်။

ဧပြီလလယ်လောက်ကစပြီး အိန္ဒိယမှာ နေ့စဉ် ကိုဗစ် ကူးစက်လူနာ ၃၀၀၀၀၀ (၃သိန်း) ရှိနေပြီး ဆေးရုံ နဲ့ ဆေးကိရိယာများ မလုံလောက်မှု အခက်အခဲများကြုံတွေ့နေရသလို မီးရှို့သဂြိုလ်မည့်သူများလွန်းလို့ တန်းစီပြီးလည်းစောင့်နေကြရတာဖြစ်ပါတယ်။

အခု ချိန်ထိ တရက်မှာ သေဆုံးသူ ၄၁၀၆ ဉီးရှိနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဘုန်းတော်ကြီးအများစုဟာ အချိန်မှီကုသမှု မခံယူနိုင် ခြင်းကြောင့် ကွယ်လွန်ခြင်းဖြစ်ကြောင်းနဲ့ များစွာ စိတ်မကောင်းဖြစ်ရကြောင်းကို ဆရာတော်ကြီး Bishop Gerald Almeida က ဆိုပါတယ်။ ပထမ ကိုဗစ် မှာ ၎င်းရဲ့ သာသနာမှ ဘုန်းတော်ကြီးတပါး ပျံလွန်ပြီးကထဲက ရဟန်း၊ သီလရှင်များ အဆင်ပြေစွာ ကုသမှုခံယူနိုင်ရန်အတွက် သီးသန့်ကွာရဲန်တင်း စင်တာကို ပြုလုပ်ထားခဲ့ကာ ထိုစင်တာတွင် သီလရှင် ၂၄ပါး ၊ ဘုန်းတော်ကြီး ၁၄ ပါး ကုသမှုခံယူနေ​ကြကာ ဆရာဝန်များနေ့စဉ်လာကြည့်ပြီး သူနာပြု ၄ ဉီး ကိုတော့ အချိန်ပြည့် စောင့်ကြည့်ပြုစုပေးစေ​ကြောင်း၊ အကြောင်းရင်းကတော့ သာသနာလူပ်ငန်းလုပ်ကြရင်းဖြင့် ကူးစက် ခံကြရကာ သေဆုံးကြခြင်းဖြစ်ကြောင်း၊ ရဟန်း သီလရှင်များ အနည်းငယ် ဖျားရင်တောင်မှ စင်တာကို ကျွန်ုပ်အနေနဲ့ သတင်းပို့ခိုင်းထားပါတယ်လို့ ၎င်းရဲ့ ကြိုးပမ်းစောင့်ရှောက်မှု ကိုဆရာတော်ကြီးက မျှဝေ ပြောကြားခဲ့တာဖြစ်ကြောင်း ဗာတီကန် သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3uY0XfB

Add new comment

1 + 4 =