ကိုဗစ်ကြောင့် အပြင်မထွက်ရအမိန့်ကို လိုက်နာကြရန် ဘုံဘေ ဂိုဏ်းချုပ်သာသနာမှ နှိုးဆော်

ကိုဗစ်ကြောင့် အပြင်မထွက်ရအမိန့်ကို လိုက်နာကြရန် ဘုံဘေ ဂိုဏ်းချုပ်သာသနာမှ နှိုးဆော်

ကိုဗစ်ကြောင့် အပြင်မထွက်ရအမိန့်ကို လိုက်နာကြရန် ဘုံဘေ ဂိုဏ်းချုပ်သာသနာမှ နှိုးဆော်

မစ္ဆားတရားတော်များကို မေတ္တာပန်းတနင်္ဂနွေနေ့ ညနေအထိ မကျင်းပတော့ပဲ ရပ်ဆိုင်းထားမည့်အကြောင်းကို သောကြာနေ့က ဗီဒီယိုသတင်းစကားဖြင့် ဘုံဘေမှကာဒီနယ်ကြီး Oswald Gracias က အသိပေးခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် Narendra Mondi ၏ဖိတ်ခေါ်ချက်ဖြင့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လိုက်နာနေတဲ့ အပြင်မထွက်ရ အမိန့်ကို လေးစားလိုက်နာကြဘို့ ဘာသာ၀င်သားသမီးများကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အိန္ဒိယမှာတော့ ကူးစက်သံသယ လူနာ ၂၀၆ ဉီး တွေ့ရှိထားကာ ၄ ဉီး သေဆုံးပြီးဖြစ်ကြောင်း
ကာဒီနယ် Gracias သည် အိန္ဒိယကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် CBCI ၏ ဉက္ကဌ လည်းဖြစ်ကာ ၄င်းက
မစ္ဆားတရားများကို ဘာသာ၀င်များအနေဖြင့် EWTN, Goodness TV သို့မဟုတ် Shalom တို့မှ တဆင့်ကြည့်ရှု နာယူနိုင်ကြကြောင်း သို့သော် ဒါဟာ ၀တ္တရားတခုကဲ့သို့ မဟုတ်ကြောင်း

ကာဒီနယ်အနေနဲ့ တနင်္ဂနွေနေ့ မှာတော့ အင်တာနက်မှ မစ္ဆားတရားကို Live stream လွှင့်မည်ဖြစ်ကာ ၄င်းကို ဂိုဏ်းချုပ်သာသနာ့ youtube channel မှာ ၀င်ရောက်ကြည့်ရှုနာယူနိုင်ကြောင်း
နှင့် မစ္ဆားတရားများရပ်နားထားချိန်ကာလအတွင်း ဆက်လက်ပြီး Live stream လွှင့်သွားမည်ဖြစ်သည်ဟုဆိုပါသည်။
ဒါတွေဟာ ကျွန်ုပ်တို့ ကြိုးစားမှုတရပ်သာလျင်ဖြစ်ပါတယ်။ ဘုရားဆီကိုသာ အမှန်တော့ ကျွန်ုပ်တို့ ပြန်လှည့်ကြရမှာပါ။ သာသနာထဲက ဘုရားကျောင်းတွေကတော့ အနည်းဆုံး တိတ်တဆိတ်ကိုယ်တော်မြတ်ဖူး ဆုတောင်း နိုင်ရန် ဖွင့်ပေးထားမှာဖြစ်တယ်လို့ ကာဒီနယ်က ဆိုပါတယ်။
၀န်ကြီးချုပ်ရဲ့ အကြံပေးချက်အားဖြင့် ကိုဗစ် ပြဿနာအတွင်း ကျန်းမာရေး၀န်ဆောင်မှုပေးသူအားလုံးကို အသိအမှတ် ပြုသော အားဖြင့် တနင်္ဂနွေနေ့ ညနေ ၅ နာရီမှာ ဘုရားကျောင်းအားလုံး တပြိုင်ထဲ ခေါင်းလောင်းတီး ကြစေဘို့ ကာဒီနယ်ကြီးက ဘုံဘေ ဂိုဏ်းချုပ်သာသနာ တခုလုံးကို တောင်းဆိုခဲ့ကြောင်း ကိုဗာတီကန်သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2UrIOpy

Photo credit: (REUTERS)

 

Add new comment

3 + 1 =