ကိုဗစ်ကြောင့် အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးတပါးပျံလွန်

ကိုဗစ်ကြောင့် အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးတပါးပျံလွန်

ကိုဗစ်ကြောင့် အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးတပါးပျံလွန်

အိန္ဒိယ နိုင်ငံဟာ ကိုဗစ် ၁၉ ဒဏ်ကို ပြင်းစွာခံစားနေရချိန်ဖြစ်ပြီး လူများစွာ သေဆုံး ခဲ့ရာတွင် ကက်သလစ်ဆရာတော်ကြီး တပါးဖြစ်သည့် သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Emeritus Antony Anandarayar (ငြိမ်း) လည်း မေလ (၄) ရက်နေ့က ပျံလွန်သွားပါတယ်။

ဆရာတော်ကြီးဟာ ချန်းနိုင်မှာရှိတဲ့ စိန့်သောမတ်စ် ဆေးရုံကြီးမှာဆေးကုသမှုခံယူရင်း ကိုဗစ်နဲ့ ပျံလွန်သွားတာဖြစ်ကြောင်း အိန္ဒိယ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CCBI)က ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူဉီးရေ စုစုပေါင်း ၂၃၀,၀၀၀ နဲ့  တနေ့တခြားများပြားလာနေပြီး ဆေးရုံများလည်း အားမတန် ရုန်းကန် ကာ ကုသပေးနေကြရကြောင်း၊

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကလည်း ပြီးခဲ့ဗုဒ္ဓဟူးနေ့ မှာ အိန္ဒိယ အတွက် အထူးဆုတောင်းပေးနေကြောင်း ကို ဘုံဘေဂိုဏ်းချုပ်ဆရာတော်ကြီး Cardinal Oswald Gracias ထံရေးသားပေးပို့ခဲ့ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Archdiocese of Pondicherry and Cuddalore

https://bit.ly/33mHJ79

 

 

Add new comment

1 + 8 =