ကိုဗစ်ကြောင့်သေဆုံးသူ အီတာလျံ ပြည်သူ တသိန်း အတွက် အောက်မေ့ဖွယ်ဆုတောင်းရာနေ့ကို ပုပ်ဖရန်စစ် ဉီးဆောင်

ကိုဗစ်ကြောင့်သေဆုံးသူ အီတာလျံ ပြည်သူ တသိန်း အတွက် အောက်မေ့ဖွယ်ဆုတောင်းရာနေ့ကို ပုပ်ဖရန်စစ် ဉီးဆောင်

ကိုဗစ်ကြောင့်သေဆုံးသူ အီတာလျံ ပြည်သူ တသိန်း အတွက် အောက်မေ့ဖွယ်ဆုတောင်းရာနေ့ကို ပုပ်ဖရန်စစ် ဉီးဆောင်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ မတ်လ ၁၈ ရက် ကြာသပတေးနေ့က ကိုဗစ် ၁၉ အောက်မေ့ဖွယ် ပထမဆုံးနေ့ မှာ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြသော အီတလီပြည်သူပြည်သားပေါင်း ၁၀၀,၀၀၀ ( ၁ သိန်း) အတွက် ဆုတောင်းမေတ္တာကို ဉီးဆောင်ခဲ့ပါတယ်။

ဗိုင်းရပ်စ် ပိုးကြောင့် လူပေါင်းများစွာသေကြေခဲ့တယ်။ လူပေါင်းများစွာလည်း လူနာတွေကို ပြုစုရင်း အသက်ပေးခဲ့ကြရတယ် သူတို့ တွေအတွက် ဆုတောင်းပေးကြပါစို့ ဟုလည်း အရှင်သူမြတ်ပုပ်ဖရန်စစ် က ၎င်း၏ တွီတာလူမှုကွန်ယက် စာမျက်နှာမှာဖော်ပြရေးသားခဲ့ပါတယ်။

သေလွန်သောသူတို့ကို ဘုရားရှင်သည် လက်ခံကြိုဆိုတော်မူပြီး ကျန်ရစ်သူမိသားစုများကိုလည်း နှစ်သိမ့်ပေးပါစေ လို့ အရှင်သူမြတ်က ဆုတောင်းခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်က ကိုဗစ်ကြောင့် သေဆုံးသူများကို ထရပ်ကားကြီးတွေနဲ့ သယ်ဆောင်ပြီး အီတလီရဲ့ ဝူဟန် အလားဖြစ်တဲ့  ဘဲ့ဂါးမို သဂြိုင်းကို ပို့နေပုံတွေကို အီတလီအပါအဝင် ကမ္ဘာတဝှမ်းဟာ အထိတ်တလန့်ဖြစ်ခဲ့ကြရတာဖြစ်တာပြီး ယခုအခါ တနှစ်အထိမ်းအမှတ် အောက်မေ့ဖွယ်ဆုတောင်းရာနေ့ကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

  

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: ANSA

http://bit.ly/316UEc5

Add new comment

7 + 11 =