ကိုဗစ်ကူးစက်ရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ဘုရားကျောင်းအချို့ ပိတ်လိုက်ခြင်း

ကိုဗစ်ကူးစက်ရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ဘုရားကျောင်းအချို့ ပိတ်လိုက်ခြင်း

ကိုဗစ်ကူးစက်ရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ဘုရားကျောင်းအချို့ ပိတ်လိုက်ခြင်း

ကက်သလစ်ဘုန်းတော်ကြီးအချို့ မစ္ဆားတရားဟောရင်း ကိုဗစ်ပိုးကူးစက် ခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒနောင် ဒေသ မှ ကက်သလစ်ဘုရားကျောင်း ၆ ကျောင်း ယာယီပိတ်ထားလိုက်ပါတယ်။

အထက်ပါ ဒေသ၏ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Canbantan မှ ဘုရားကျောင်းများ ပိတ်ရန်အတွက် ဘုန်းတော်ကြီးများနှင့်ဘာသာဝင်များထံသို့ ဘုရားကျောင်း ၆ ကျောင်းအား ဧပြီ ၂၈ မှ မေလ ၇ ရက်နေ့အထိ ၁၀ ရက်တာ မျှပိတ်ထားရန် အတွက်ကို ဧပြီ ၂၇ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ပိုးအထိဆုံး မနီလာမြို့တော်နဲ့ ဝေးတဲ့ အခုလို ဒေသမှာ ကိုဗစ်ကူးစက်လာတာ ကို တွေ့ရတာဟာ ထိတ်လန့်စရာဖြစ်ရကြောင်း ဆရာတော်ကြီးက ဆိုပါတယ်။ ဘုန်းတော်ကြီး ကွာရဲန်တင်း ၁၄ ရက် ဝင်နေချိန် ဘာသာဝင်များလည်း ကိုဗစ် ပိုးဆေးစစ်ချက်ခံယူကြမှာဖြစ်သလို ဘုရားကျောင်းကို လည်း ဆေးဖြန်းခြင်းများပြုလုပ်မယ်လို့ ဆိုပါတယ်။

ယခုအခါ မင်ဒနောင် ဒေသဟာ တရက်လျှင် ပျမ်းမျှ ၉ ဉီးခန့်ကူးစက်နေကြောင်း နဲ့ ဧပြီ ၂၇ ရက်အထိ ၄၄၁ ဉီးခန့် ကူးစက်ပြီးဖြစ်ကြောင်း၊ ယခုလို အခြေအနေ အတွက် ဘာသာဝင်များရဲ့ နားလည်ပေးမှုကို တောင်းခံထားပြီး ကူးစက်ခံရသူများအတွက် ဆုတောင်းပေးကြပါရန်ကိုလည်းဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Canbantan ကတောင်းခံထားတာဖြစ်ပါတယ်။

 

ဘာသာပြန်။ ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Cagayan de Oro Archdiocese

https://bit.ly/3eAhuzr

 

 

 

Add new comment

10 + 6 =