ကိုဗစ်ကာလ၏၀ိညာဉ်အပေါင်းပွဲနေ့အတွက်အင်ဒူဂျင်းသျှာကိုရယူနိုင်သောနည်းလမ်း

ကိုဗစ်ကာလ၏၀ိညာဉ်အပေါင်းပွဲနေ့အတွက်အင်ဒူဂျင်းသျှာကိုရယူနိုင်သောနည်းလမ်း

ကိုဗစ်ကာလ၏၀ိညာဉ်အပေါင်းပွဲနေ့အတွက်အင်ဒူဂျင်းသျှာကိုရယူနိုင်သောနည်းလမ်း

ကိုဗစ်ရောဂါသည်ဆက်လက်၍ ကမ္ဘာ့လူထောင်ပေါင်းများစွာကိုသေကြေစေလျှက်ရှိပါသည်။ ထို့အတူနို၀င်ဘာလ သည်အမိကက်သလစ်သာသနာတော်ကြီးအတွက် ကွယ်လွန်သွားသော၀ိညာဉ်များအတွက်အထူးဆုတောင်းပေးရမည့်လ တစ်လလည်းဖြစ်သည်။ ယခုနှစ်နို၀င်ဘာလသည် ပို၍ထူးခြားပြီးအဓိပ္ပါယ်လည်းပိုရှိပေမည်။

အစဉ်အလာအရနို၀င်ဘာ (၂) ရက်နေ့သည် ကွယ်လွန်သွားသော၀ိညာဉ်များအတွက်ဆုတောင်းပေးရသောပွဲနေ့ဖြစ်၍သချိုင်းများ၌မီးထွန်းရန်လူစု လူ‌ေ၀းဖြင့်သွားကြသည်။ ထိုသို့သွားရောက်ခြင်းကြောင့်လည်း ကွယ်လွန်သွားသူများအတွက်သာမဟုတ်။ ရှင်သူများအ တွက်လည်း၀ိညာဉ်ရေးအကျိုးများရရှိခံစားခွင့်ပေးထားပါသည်။ ထို၀ိညာဉ်ရေးအကျိုးကို ‘အင်ဓူဂျင်းသျှာ’ ဟုခေါ်ပါ သည်။

မြန်မာစကားဖြင့်အရိုးရှင်းဆုံးပြန်ဆိုမည်ဆိုပါက ‘အပြစ်ဒဏ်ခွင့်လွှတ်ခြင်း’ ဟုဆိုနိုင်ပါသည်။ ‘အင်ဒူဂျင်းသျာ’ နှစ်မျိုးရှိပါသည်။ ‘စုံလင်သောအင်ဒူဂျင်းသျှာ’ နှင့် ‘မစုံလျင်သောအင်ဒူဂျင်းသျှာ’ ဟူ၍ဖြစ်ပါသည်။ နို၀င်ဘာလလ၌ပေးသ နားတော်အင်ဒူဂျင်းသျှာသည် ‘စုံလင်သောအင်ဒူဂျင်းသျှာ’ ဖြစ်ပါသည်။ အစဉ်အလာအရ ‘စုံလင်သောအင်ဒူဂျင်းသျှာ’ ကို နို၀င်ဘာလ၏ပထမပတ်၌သာခံစားခွင့်ပေးလာခဲ့သည်။ သန့်ရှင်းသောကားတိုင်တော်တက္ကသိုလ် (၂၀၁၆၊ ဇန္နာ၀ါရီလ၊ ၉) ၄င်းသည်သနားခြင်းနှင့်ကြင်နာခြင်းကိုထုတ်ဖော်ပြသရမည့်အလွန်ကြီးမြတ်သောအချိန်အခါသမယဖြစ်သည်။ အမိ သာသနာတော်ကြီးသည်သူ၏မိခင်မေတ္တာကိုဖော်ထုတ်ပြသနေခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အပြစ်၏ ကြွေးမြီများနှင့်အပြစ်၏နောက်ဆက်တွဲဆိုးကျိုးများအားလုံးကိုလျော်ပစ်ပေးသည်။

အင်ဒူဂျင်းသျှာရရှိခံစားနိုင်ခွင့်နှစ်ပတ် သက်၍အမိသာသနာတော်ကြီး၏ထုတ်ပြန်ကြေငြာချက်မား ‘အသက်အရွယ်ကြီးရင့်သောသူများ၊ နေထိုင်မကောင်းသောသူ များ၊ မိမိတို့၏အိမ်ကိုအစောင့်မထားဘဲထားခဲ့၍မရသောသူများ သချိုင်းသို့အခြားသူများနှင့်ကိုယ်တိုင်မသွားရောက်နိုင် သော်လည်း စိတ်အားဖြင့်ပေါင်းစပ်ဆုတောင်းခြင်းဖြင့်လည်းကွယ်လွန်သွားကြသော၀ိညာဉ်များအတွက်ဆုတောင်းပေး ကာခံယူနိုင်ကြောင်း၊ သို့သောထိုသို့သချိုင်းသို့မသွားရောက်နိုင်သောသူများအနေဖြင့် အောက်တွင်ဖော်ပြထားသောအချက် (၃) ချက်ကိုအခြေအနေရလာသည်နှင့်ချက်ချင်းပြုလုပ်ရမည်ဖြစ်သည်။ ထိုအချက် (၃) ချက်ကား

၁) အာပတ်ဖြေလျှောက်ရန်၊

၂) ကိုယ်တော်မြတ်ပင့်ယူရန် ၊

၃) ရဟန်းမင်းကြီး၏ရည်ရွယ်ချက်အတွက်ဆုတောင်းပေးရန်တို့ဖြစ်သည်။

ဤအချက်သုံးချက်ကိုပြုလုပ်ရန်ဘုရားကျောင်း ၌အဆင်မပြေခဲ့သော် ယေဇူးသခင်၏ဆင်းတုတော်ရှေ့၊ သို့မဟုတ်မယ်တော်၏ဆင်းတုတော်ရှေ့၌ပြုဖြည့်ဆည်းရမည်ဖြစ် သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Herald Malaysia

https://bit.ly/35CeZrQ

Add new comment

1 + 2 =