ကိုဗစ်ကာလအတွင်း အ​မေရိကန်၊ကင်တပ်ကီရှိကက်သ လစ်များက အလုပ်ရရှိ​ရေးအတွက် ကူညီ​ပေး

ကိုဗစ်ကာလအတွင်း အ​မေရိကန်၊ကင်တပ်ကီရှိကက်သ လစ်များက အလုပ်ရရှိ​ရေးအတွက် ကူညီ​ပေး

ကိုဗစ်ကာလအတွင်း အ​မေရိကန်၊ကင်တပ်ကီရှိကက်သ လစ်များက အလုပ်ရရှိ​ရေးအတွက် ကူညီ​ပေး

ကိုဗစ်ကပ်​ရောဂါ​ကြောင့် အ​မေရိကန်နိုင်ငံရှိ စီးပွား​ရေးလုပ်ငန်းများ အရှုံး​ပေါ်သဖြင့် လုပ်ငန်းအ များအပြားကို ရပ် ဆိုင်းလိုက်ရသည်။သို့ဖြစ်ရာ အလုပ်သမား အ​မြောက်အ များသည် အလုပ် လက်မဲ့ဖြစ်သွားကြပြီး စားဝတ်​နေ​ရေးကျပ်တည်းလာကြသည်။ ထိုအ​ခြေအ​နေတွင် အ​မေရိကန်၊ကင်တပ်ကီပြည်နယ်မှ ကက်သ လစ်တစ်ဦးက အကူအညီ​ပေးခြင်းစတင်ခဲ့သည်။
လွစ်ဗီလ်းရှိ ပညာရှိမင်းသုံးပါးသာသနာမှ Brayton Bowen အမည်ရှိ ဘာသာတူတစ်ဦးသည် "ပြန်လည်သုံး သပ်ခြင်း"အမည်ရှိ အလုပ်ရှာ​ဖွေ​ရေးဝဘ်ဆိုဒ်တစ်ခုကို တည်​ထောင်ခဲ့သည်။ သူသည် လူ့စွမ်းအားအရင်းအမြစ် နယ်ပယ်တွင် နှစ်​ပေါင်း(၂၀) ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ကက်သလစ်သတင်းဌာနသို့​ပြောကြားရာတွင် သူ၏ ဌာနသည် အလုပ်ရရှိ​ရေးအ တွက်သာမက အလုပ်ပြုတ်သွား​သော သူများ ၏စိတ်ခံစားချက်များကိုလည်း နှစ်သိမ့်အကြံ​ပေးခြင်းများပြုလုပ်ကြောင်း
သူ၏လုပ်ငန်းသည် သာသနာ ပြုခြင်းဖြစ်ပြီး အလုပ်​လျှောက်နည်း၊အင်တာဗျူး​ဖြေနည်းစသည်တို့ကိုလည်း သင်ကြား​ပေး​ကြောင်း
ထိုအစီအစဉ်တွင် အလုပ်​လျှောက်သူ၏အချက်အလက်များသည် သူ့ထံသို့ ဦးစွာ​ရောက်ရှိပြီး သူမှတစ်ဆင့်သက်ဆိုင်ရာနယ်ပယ်သို့ ဆက်လက်ပို့​ပေးမည်ဖြစ် သည်။

အချက်အလက်များကို အီး​​မေးလ်၊ဖုန်း၊စကိုက်ပ် အစရှိသည်တို့မှ ဆက်သွယ်ရသည်။အလုပ်​လျှောက်သူသည် ကက်သ လစ်ဘာသာ၀င် မဟုတ်လျှင်လည်း လက်ခံ​ကြောင်းသိရသည်။
သူက"အလုပ်ပြုတ်သွား​သော အခါ လူတိုင်းသည် စိတ်ဓါတ်ကျပြီး မိမိ၏တန်ဖိုးကို မမြင်​တော့ကြောင်း၊ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လူတိုင်းတွင်ရှိ​သော အစွမ်းအစကို သတိမူပြီး ​မျှော်လင့်ချက်များရရှိ​စေရန်ဖြစ်​ကြောင်း" စီအန်​အေသို့ ​ပြောကြားခဲ့သည်။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of: ArTono/Shutterstock

https://bit.ly/3i0aKL3

Add new comment

6 + 2 =