ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော ဗာတီကန်ရဲ (၃) ဦးကိုအလုပ်မှရပ်ဆိုင်း

ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော ဗာတီကန်ရဲ (၃) ဦးကိုအလုပ်မှရပ်ဆိုင်း

ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော ဗာတီကန်ရဲ (၃) ဦးကိုအလုပ်မှရပ်ဆိုင်း

ဆွီစ်အစောင့်ဟုလူသိများသော ဗာတီကန်ရဲ (၃) ဦးကို သတ်မှတ်ထားသည့်အတိုင်း ကိုဗစ်ကာကွယ်ဆေးလုံး ပြည့်အောင် ထိုးနှံထားခြင်းမရှိ၍ အလုပ်မှရပ်နားလိုက်ကြောင်းနှင့်ကျန် (၃) ဦးမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ငြင်းဆို သောကြောင့်ထုတ်ပယ်ခဲ့သည်။

ဗာတီကန်၏ အုပ်ချုပ်ရေးမှူးဖြစ်သော ကာဒီနယ် Piero Parolin မှလက်မှတ်ရေးထိုးထားသော ကြေညာချက် ဖြစ်သည့် ဗာတီကန်၏၀န်ထမ်းများအားလုံး ကိုဗစ်ကာကွယ် ဆေးကိုထိုးနှံရမည်။ ထိုနောက် ဖြတ်သန်းသွားလာခွင့်ကိုရ ယူရမည်အကြောင်းကြေညာချက်သည် အောက်တိုဘာလ (၁) ရက်နေ့ကစ၍ အကျုံး၀င်သွားခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုသော တပ်သား (၃) ဦးကိုမူထုတ်ပယ်လိုက်ပြီး၊ သတ်မှတ်ထားသော ဆေးလုံးပြည့် အောင်မထိုးရသေးသော ကျန် (၃) ဦးကိုမူ သတ်မှတ်ချက်ဆေးထိုးနှံပြီးလျှင် တာ၀န်ကို ပြန်လည်ထမ်းဆောင်ကြမည်ဖြစ် ကြောင်း ဗာတီကန်ရဲ၏ပြောရေးဆိုခွင့်ရှိသူ Urs Breitenmoser ကပြောသည်။ ဗာတီကန်ရဲတို့သည် ရဟန်းမင်းကြီးနှင့် အမြဲအနီးကပ်နေရသကဲ့သို့ ရဲ၀န်ထမ်း (၁၀၀) ကျော်တို့နှင့် အထိအတွေ့အမြဲရှိကြသူများဖြစ်သည်။

ဘာသာပြန်ဆိုသူ။ ။ ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YrMk9h

 

Add new comment

10 + 7 =