ကိုဗစ်ကပ်​ရောဂါကာလအတွင်း လူကုန်ကူးမှုနှင့် ​ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများတိုးပွားလာကိုဗစ်ကာလအတွင်း လူကုန်ကူးမှုများနှင့်အလုပ်သမားများအား မတရား​ခေါင်းပုံဖြတ်မှုများ တိုးပွားလာ​ကြောင်း ကက်သလစ်အဖွဲ့အစည်းအချို့က ​ပြောကြားသည်။

ကိုဗစ်ကပ်​ရောဂါကာလအတွင်း လူကုန်ကူးမှုနှင့် ​ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများတိုးပွားလာကိုဗစ်ကာလအတွင်း လူကုန်ကူးမှုများနှင့်အလုပ်သမားများအား မတရား​ခေါင်းပုံဖြတ်မှုများ တိုးပွားလာ​ကြောင်း ကက်သလစ်အဖွဲ့အစည်းအချို့က ​ပြောကြားသည်။

Caritas Internationalisအဖွဲ့နှင့် COATNETဟု အတို​ကောက်​ခေါ်​ဝေါ်​သော ခရစ်ယာန်လူကုန်ကူးမှုတိုက်ဖျက်​ရေး ကွန်ယက်တို့သည် ပြီးခဲ့​သော ကြာသပ​တေး​နေ့ကို လူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့အဖြစ် သတ်မှတ်ရန် ​ကြေညာခဲ့ကြပြီး အစိုးရအဖွဲ့များကလည်း လူကုန်ကူးခံ​နေရသူများနှင့်အလုပ်သမား​တို့ကို ပိုမို ​ထောက်ပံ့​ပေးကြရန်တိုက်တွန်းသည်။တရားမဝင်​သော ဒုက္ခသည်ခိုလှုံသူများအနက် အများအပြားသည် အိမ်တွင်းဝန်​ဆောင်မှု၊စိုက်ပျိုး​ရေးနှင့် ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်များ၌ လုပ်ကိုင်ကြသည်။

Caritasမှ အကြီးအကဲတစ်ဦးက ကိုဗစ်(၁၉)ကို စဥ်ဆက်မပြတ် ​စောင့်ကြည့်ကြသည့်နည်းတူ မတရားမှုခံစား​နေရ​သော အလုပ်သမားများကိုလည်း သတိရသင့်​ကြောင်း၊ထိုအစီအစဥ်ကို ကျွန်ုပ်တို့အသင်းအဖွဲ့မှ လုပ်​​ဆောင်​နေကြပြီး ဒုက္ခသည်များ ခံစား​နေရ​သော စိတ်ပိုင်း၊ခန္ဓါပိုင်း လိုအပ်ချက်များကို ကူညီ​စောင့်​ရှောက်​ပေး​နေ​ကြောင်း ​ပြောကြားခဲ့သည်။

COATNETအဖွဲ့တွင် အ​မေရိကန်နိုင်ငံကက်သလစ်ဆရာ​တော်များအဖွဲ့ချုပ်လည်း ပါဝင်သည်။ဆရာ​တော်များအဖွဲ့ချုပ်မှ လူကုန်ကူးမှု​လျှော့ချ​ရေးအစီအစဥ်တွင် တွဲဖက်ဒါရိုက်တာဖြစ်သူ Hillary Chesterက "လူကုန်ကူးမှုနှင့်မတရား​ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ခံစား​နေရသူများသည် ပုံမှန်မဟုတ်​သော စီးပွား​ရေးကို လုပ်ကိုင်​နေကြရသည်။ထိုသူတို့သည် မတရားမှုကို ထုတ်​ဖော်ခွင့်မရကြဘဲ ရပိုင်ခွင့်အားလုံးကို ဆုံးရှုံး​နေကြရသည်ဟု ​ပြောကြားသည်။

ကိုဗစ်​ကြောင့် အလုပ်လက်မဲ့ဦး​ရေလည်းတို့ပွားလာပြီး အိမ်ယာမဲ့လူဦး​ရေလည်းတိုးပွားလာသည်။​နောက်ဆုံးစစ်တမ်းအရ လူသန်း​ပေါင်း၅၀သည် လူကုန်ကူးမှုနှင့်မတရားအမြတ်ထုတ်မှုကို ခံ​နေရသည်ဟု သိရသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: The Catholic Register

https://bit.ly/39HF9Lg

Add new comment

1 + 5 =