ကိုဗစ်ကပ်ရောဂါကြောင့် ကက်သလစ်ဘုရားဖူးဌာနများ လူပြတ်လပ်ပြီးအကြပ်အတည်းဖြစ်နေ

ကိုဗစ်ကပ်ရောဂါကြောင့် ကက်သလစ်ဘုရားဖူးဌာနများ လူပြတ်လပ်ပြီးအကြပ်အတည်းဖြစ်နေ

ကိုဗစ်ကပ်ရောဂါကြောင့် ကက်သလစ်ဘုရားဖူးဌာနများ လူပြတ်လပ်ပြီးအကြပ်အတည်းဖြစ်နေ

၂၀၂၀ခုနှစ်သည် ဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်ရသော နှစ်ဖြစ်လာသည်။ နှစ်စဥ် လူသန်းပေါင်း ၃၀၀မှ ၃၃၀ သည် ဘုရားဖူးဌာနများသို့ သွားရောက်လေ့ရှိကြသည်။ ထိုဘုရားဖူးဒေသများရှိ ဒေသခံများ၏ စီးပွားရေးသည်လည်း ဘုရားဖူးခရီးသွားများအပေါ်တွင် မှီခိုနေသည်။

ကမ္ဘာတွင် ထင်ရှားသော ဘုရားဖူး​​​ရာ​နေရာများမှ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ကို အခွန်အဖြစ် နှစ်စဥ်ရရှိသည်။ ဂျေရုဆလင်မြို့ရှိ Church of Holy Sepulchar သည်   ကမ္ဘာပေါ်တွင် ဘုရားဖူးခရီးသွားအများဆုံးသွားရောက်ရာ နေရာဖြစ်သည်။ ထိုနေရာသည် သခင်ယေဇူး ဒုက္ခစရိယာကျင့်ခံရာနှင့် ရှင်ပြန်ထမြောက်တော်မူရာနေရာဖြစ်သည်။ ထိုဌာနကို ကိုဗစ်ကြောင့် နှစ်လ ပိတ်လိုက်ရပြီး မေလတွင် ပြန်ဖွင့်သောအခါ တစ်ကြိမ်လျှင် လူအယောက် ၅၀ကိုသာ ခွင့်ပြုခဲ့သည်။

သန့်ရှင်းရာမြေကို ထိန်းသိမ်းထားသော ဖရန်စစ္စကင်ရသေ့ Fr. Francesco Patton က ဂျေရုဆလင်တွင် ခြောက်လအတွင်း မည်သည့်ဘုရားဖူးကိုမျှ မတွေ့ရကြောင်း ရောမမြို့ရှိ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အတူ ပေါ်တူဂီနိုင်ငံရှိ ဖာတီမာမယ်တော်ထင်ရှားပြရာ ဘုရားဖူးဌာနတွင်လည်း ကိုဗစ်ကြောင့် မေလ ၁၃ရက် နေ့တွင်ကျရောက်သော မယ်တော်ထင်ရှားပြသောပွဲနေ့ကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် ဖာတီမာဘုရားဖူးနေရာတွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူများလည်း အခက်အခဲနှင့် ကြုံတွေ့ရပြီး အလုပ်ချိန်လျှော့ခြင်း၊ တိုးရစ်ဂိုက်များမခေါ်နိုင်တော့ခြင်းများကို ရင်ဆိုင်လာရသည်။

ထိုနည်းတူ ပြင်သစ်နိုင်ငံရှိ မယ်တော်သခင်မ ထင်ရှားပြရာ လုစ်မယ်တော် ဘုရားဖူးဌာနသည် နှစ်စဥ် လူငါးသန်းခန့် သွားရောက်ရာနေရာဖြစ်ပြီး ယခုတွင်မူ ဝင်ခွင့်ပိတ်လိုက်​သည့်အတွက် အွန်လိုင်းမှတစ်ဆင့်သာ ဖူးမြော်နိုင်ကြသည်ဟုသိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of : Pramio Garson | Shutterstock

https://bit.ly/32O1Tr9

 

Add new comment

9 + 3 =