Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကားအက်ဆီးဒန့်ကြောင့် သမီးနှစ်ယောက်ဆုံးရှုံးတဲ့ မိဘများအားပုပ်ဖရန်စစ် နှစ်သိမ့်အားပေး
ကားအက်ဆီးဒန့်ကြောင့် သမီးနှစ်ယောက်ဆုံးရှုံးတဲ့ မိဘများအားပုပ်ဖရန်စစ် နှစ်သိမ့်အားပေး
ရောမ မြို့၌ ခရစ္စမတ်မတိုင်မီ ရက်ပိုင်းအလိုမှာ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Antonella နဲ့ Lorena တို့သည်ကားမတော်တဆမှုတစ်ခု၌ သေဆုံးသွားခဲ့ကြပါတယ်။
"ကားမောင်းတဲ့ ကျွန်မ သမီးအကြီးဆုံးကတော့ ၂၃ နှစ်ရှိပြီး ၊ သူကျွန်မကို နောက်ဆုံးပို့လိုက်တဲ့ မက်ဆေ့ကတော့ "အမေ ကျွန်မတို့ ကားမောင်းပြီး ပြန်လာနေပြီ"တဲ့။ ကိုယ့်ရဲ့ ရန်သူကိုတောင်မှ ဒီလိုအဖြစ်ဆိုးမကြုံစေချင်သလို ဘယ်သူ့ကိုမှ ဒီလိုအဖြစ်နဲ့ မကြုံစေချင်ဘူး။ပြီတော့ ဒါဟာ ကျွန်မတို့အတွက် ကမ္ဘာပေါ်မှာ အဆိုးဆုံး အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာပေါ့။ ကျွန်မတို့သမီးတွေ ကားမတော်တဆ ဖြစ်တယ်ဆိုပြီး လာပြောကြတယ်။ တစ်နာရီလောက်ကြာတော့ သူတို့နှစ်ယောက်လုံး ချက်ခြင်းဆုံးသွားတယ်။ ကျွန်မသမီးတွေက ကျွန်မကိုအမေ အလုပ်တွေ အများကြီးလုပ်ရတယ်ဆိုပြီးပြောတော့ ကျွန်မက သူတို့ကို စိတ်မပူပါနဲ့။ စာသာကောင်းကောင်းသင်၊ အမေ မပင်ပန်းဘူးလို့ပြောရင် ကျွန်မသမီးတွေက သမီးတို့တွေ ဘွဲ့ရရင် အမေအလုပ်လုပ်စရာမလိုတော့ဘူး၊ အေးဆေးအနားယူလို့ရပြီဆိုပြီး ကျွန်မကို အမြဲတမ်း စိတ်ပူပေးတတ်တယ်" လို့ Antonella နဲ့ Lorena တို့ရဲ့ မိခင်က ဆိုပါတယ်။
သမီးတွေမရှိတဲ့နေ့ကစပြီး သူတို့လင်မယား နှစ်ယောက်ပဲ ကျန်တော့တယ်။ သူတို့ဟာ Ecuador နဲ့ Bolivia ကနေ လာကြပေမဲ့လည်း ရောမမြို့မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ရက်သတ္တပတ်အတော်ကြာ ဝမ်းနည်းပူဆွေးမှုဒဏ်ကို ခံခဲ့ရပြီးနောက် သူတို့ကို ဂရုတစိုက်နားထောင်ပေးတတ်မယ့် ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံရန် ဗာတီကန်သို့ ရောက်ရှိလာကြတာဖြစ်ပါတယ်။
"ပုပ်ရဟန်းမင်းကြီးက ကျွန်တော်တို့ ပြောတာတွေကို ကြားတဲ့အခါ တုန်လှုပ်သွားပြီး ဓာတ်ပုံတွေကို ကြာကြာ ကြည့်ပြီး သူတို့ကိုကောင်းချီးပေးခဲ့ပြီးတော့ ဒီနေ့ဟာ သူတို့ တစ်လပြည့်ပါပြီ၊သမီးနှစ်ယောက်လုံးအတွက် ကျွန်ုပ်ဆုတောင်းပေးသလို ဒီနာကျင်မှုတွေအတွက်လည်း အရှင်သူမြတ်ကဆုတောင်းပေးတယ်လို့ Antonella နဲ့ Lorena တို့ရဲ့ ဖခင်က ဆိုပါတယ်။
သူဟာကျွန်တော် တို့ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ဆုတောင်းခြင်းဖြင့် ခွန်အားယူဖို့ ကျွန်တော်တို့ကို အကြံကောင်းပေးခဲ့ပါတယ်။ ယခု ကောင်းကင်ဘုံ၌ ရှိသောသူတို့နှစ်ဦးအား ဂုဏ်ပြုဖို့ သတ္တိရှိရမယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆိုတာ ဘာမှမရှိသလို ကျွန်တော်တို့ဟာ သန်မာဖို့ လိုအပ်ပြီး လောကမှာ ခဏတာသာ ဖြတ်သန်းရမယ်ဆိုတာ လက်ခံရမယ် ဆိုတဲ့အကြောင်းကို ပုပ်ရဟန်းမင်းကြီးက နှစ်သိမ့်ပေးခဲ့ကြောင်း Antonella နဲ့ Lorena တို့ရဲ့ ဖခင်က ဆိုပါတယ်။
"အမှန်ကတော့ ကျွန်မတို့သမီးလေးတွေကို ဆုံးရှုံးခဲ့တာ တစ်လတိတိရှိပြီမို့လို့ ငိုချမိတော့တယ်။ ပုပ်ရဟန်းမင်းကြီးက ကျွန်မရဲ့ မျက်ရည်ကိုသုတ်ပေးပြီး ကောင်းကြီးပေးခဲ့တယ်" လို့ Antonella နဲ့ Lorena တို့ရဲ့ မိခင်က ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အီတလီမှာပြောင်းရွေ့နေထိုင်လာပြီး အခြေချနေထိုင်ကြသူများဖြစ်တယ်လို့ဆိုပါတယ်။
ဘာသာပြန်-အာဗီအေမြန်မာ
Add new comment