ကာလိုအာကူးတစ် ၏ရုပ်ထုတော်အား ပုပ်ဖရန်စစ် ကောင်းကြီးပေး

ကာလိုအာကူးတစ် ၏ရုပ်ထုတော်အား ပုပ်ဖရန်စစ် ကောင်းကြီးပေး

ကာလိုအာကူးတစ် ၏ရုပ်ထုတော်အား ပုပ်ဖရန်စစ် ကောင်းကြီးပေး

ပုပ်ရဟန်းမင်းကြီးဖရန်ူစစ် အရှင်သူမြတ်ဟာ အီဂျစ်နိုင်ငံမှ မိဘမဲ့ကျောင်းသို့ ပို့မည်ဖြစ်သော Blessed Carlo Acutis သူတော်မြတ် ကာလိုအာကူးတစ် ၏ ရုပ်ထုတော်အား ကောင်းကြီးပေးခဲ့ပါတယ်။

အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ ကာလိုအာကူးတစ်၏မိသားစုအား တမန် တော် ကြီးခန်းမဆောင်မှာ မတ်လ ၁၈ ရက်နေ့၌ သီးသန့် လက်ခံတွေ့ ဆုံခဲ့ပါ တယ်။ အာကူးတစ်ရဲ့ မိဘများဖြစ်ကြတဲ့ Andrea နှင့် Antonia နှင့်အတူ၊  Francesca နှင့် Michele အမွှာလေးများသည်လည်း မကြာခင်က သူ တော် မြတ် အဖြစ်တင်မြှောက်ခံခဲ့ရတဲ့ အာကူးတစ်ရဲ့ ရုပ်ထု ကောင်းကြီးပေး ရာမှာ ပါ ဝင်ခဲ့ကြပါတယ်။

ခေတ်လူငယ်လေးဖြစ်တဲ့ သူတော်မြတ် Carlo Acutis ၏ ရုပ်ပုံကို အီတလီမြောက်ပိုင်း မှ သစ်သား ခရစ္ဆတူးတိုင်များကို အထူးထွင်းထုရာတွင် ကျော်ကြား သော Matteo နှင့် Daniela Perathoner ပန်းပုပညာရှင် တို့က ထွင်းထုခဲ့ကြကြောင်း ကာလိုအာကူးစ် ၏ရုပ်ထုတော်မှာ ၎င်း၏သဘာဝ အတိုင်းဝတ်ဆင်လေ့ရှိသော ပုံစံဖြစ်သည့် အနီရောင်ပိုလိုရှပ်အကျီ၊ တဲန်းနစ် ရှူးဖိနပ် နှင့် နှလုံးနေရာတွင် ကိုယ်တော်မြတ်စက္ကမင်တူး ပုံတော်တို့ ပါသည့် ရုပ်ထုကို  ထုလုပ်ထားတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ အထက်ပါရုပ်ထုတော်ကို အီဂျစ်နိုင်ငံမှ Oasis of the Pietà Orphanage သို့ပို့ဆောင်မှာဖြစ်သလို ၂၀၁၉ ဂျွန်လကလည်း မိုက်ကယ်အန်ဂျေလို ထုဆစ်ခဲ့သော ပီယဲ့တာ သားတော်ပိုက် ဆင်းတုတော်ကို လည်း အထက်ပါ မိဘမဲ့ ဂေဟာသို့ လျှူဒန်း ပို့ဆောင်ခဲ့ကြောင်း L’Osservatore Romano မှာဖော်ပြခဲ့ပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

http://bit.ly/3r75Xvq

 

 

Add new comment

1 + 9 =