ကာလိုအကူးတီစ်သည် ခေတ်လူငယ်များအတွက် ခရစ်တော်၏သက်သေခံဖြစ်ကြောင်း ပုပ်ဖရန်စစ် မြွက်ကြား

ကာလိုအကူးတီစ်သည် ခေတ်လူငယ်များအတွက် ခရစ်တော်၏သက်သေခံဖြစ်ကြောင်း ပုပ်ဖရန်စစ် မြွက်ကြား

ကာလိုအကူးတီစ်သည် ခေတ်လူငယ်များအတွက် ခရစ်တော်၏သက်သေခံဖြစ်ကြောင်း ပုပ်ဖရန်စစ် မြွက်ကြား

အောက်တိုဘာ ၁၀ ရက် စနေနေ့က ကျင်းပခဲ့သည် ကာလိုအာကူးတီစ် ၏ သူတော်မြတ်အဆင့်တင်မြှောက်ခြင်း အပြီးမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ အီတလီလူမျိုး သန့်ရှင်းခြင်းရဲ့ စံပြ လူငယ်လေး ကာလိုအား အတုယူကြရန် လူငယ်များကို ၎င်း Aid to the Church in need (ACN) မှ ဉီးဆောင်သည့် စိတ်ပုတီးစိပ်ခြင်းလှုပ်ရှားမှု၌၎င်း ပါဝင်ကြရန်နှိုးဆော်လိုက်ပါတယ်။

ကာလိုအာကူးတီစ် ဆိုတဲ့ အီတာလျံ လူငယ်လေးကို သူတော်မြတ်အဆင့်တင်မြှောက်ခြင်းအား စနေနေ့က အာစီစီမှာပြုလုပ်ခဲ့ပြီး မစ္ဆားတရားကို Cardinal Agostino Vallini က ဉီးဆောင်ပူဇော်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

ဘုရားရှင်ကို ပထမနေရာမှာထားပြီး ကျွန်ုပ်တို့ညီ အကိုမောင်နှမတွေအား အစေခံခြင်းသည်သာလျှင် စစ်မှန်သောပျော်ရွှင်မှုဖြစ်​သည်ကို ကာလိုအာကူးတီစ် က ပုံသက်သေကောင်းဖြစ်ကြောင်း လူငယ်များအား အရှင်သူမြတ်ပုပ်   ဖရန်စစ်က မြွက်ကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးအတည်ပြုဖောင်ဒေးရှင်းဖြစ်သည့် ACN ၏လှုပ်ရှားမှု ဖြစ်သည့် ငြိမ်းချမ်းရေးအတွက် ကလေးငယ် ၁ သန်းအတူတကွ စိတ်ပုတီစိပ် ဆုတောင်းခြင်းကဲန်ပိန်း ကိုလည်း ကြိုမျှော် ရင်း အခုလို ကပ်ဘေးအချိန်မှာ ဒုက္ခရောက်နေကြရသူများအတွက် အထူးဆုတောင်းပေးကြမည့် ကမ္ဘာတဝှမ်းမှ ကလေးများပါဝင်မည့်ဒီလှပတဲ့အစီစဉ်ကို ပါဝင်ကြဘို့ အရှင်သူမြတ်က တိုက်တွန်းနှိုးစော်ထားပါတယ်။ Vatican News

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of: ANSA

https://bit.ly/2SMH9uk

Add new comment

1 + 6 =