ကာရီတာ့စ်လက်ဘနွန် မှ ဘေရွတ်မြို့စစ်ဘေးဒုက္ခသည်များကိုကူညီပေး

ကာရီတာ့စ်လက်ဘနွန် မှ ဘေရွတ်မြို့စစ်ဘေးဒုက္ခသည်များကိုကူညီပေး

ကာရီတာ့စ်လက်ဘနွန် မှ ဘေရွတ်မြို့စစ်ဘေးဒုက္ခသည်များကိုကူညီပေး

ကာရီတာ့စ်လက်ဘနွန်သည် စစ်ဒဏ်သင့်သွားသောလက်ဘာနွန်မြို့တော်ဘေရွတ်မြို့အား ကူညီရန် အင်္ဂါနေ့ကစ တင်လိုက်သည်။

မြို့တော်၏အခြေအနေမှာအလွန်စိုးရိမ်စရာဖြစ်သည်။ ယခုကဲ့သို့သောအလွန်ဆိုးရွားသည့်ခြေအနေမျိုးကိုပထမဦးဆုံးကြုံတွေ့လိုက်ရခြင်းဖြစ် သည်။ ဤအခြေအနေသည်ကမ္ဘာ ပျက်လုမတတ်ပင်။ သို့ သော်မကြောက်ပါ။ မရပ်နားပါ။ အခက် အခဲကြုံနေသူ၊ အvနာတရာရရှိသူ များကိုကူ ညီသွားမည်။ အသေအပျောက် နှင့် ဒဏ်ရာရသူအလွန်များ သည်။ ကျန်းမာရေးစောင့် ရှောက်မူသည်တမဟုတ်ချင်းဆိုးရွားသွားရသည်။ ဓာတ်ငွေ့လက်နက်၏အဆိပ်သင့်မှုကြောင့်ကျန်းမာရေးစောင့် ရှောက်မှုကို ထပ်၍ဆိုးရွားစေဦးမည်ဖြစ်သည်။ ထိုအခြေ အနေကိုကာရီတာ့စ်လက်ဘနွန်သည်ပြင်ဆင်လျှက်ရှိသည်။ ဤမျှဆိုးရွားသောအခြေအနေကိုစောင့်ရှောက်နိုင်ရန်မှာအဘယ် သို့မျှမဖြစ်နိုင်ပေ။ လျှပ်စစ်မီးများမလုံ လောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများသည်ပို၍ပင်ခက်ခဲစေသည်ဟုကာရီတာ့စ်လေဘနွန် ၏ဒါရိုက်တာ Rita Rhayem ကပြောကြားသည်။

ကာရီတာ့စ်လက်ဘနွန်၏လူငယ်တာ၀န်ခံ Peter Mafhouz သည် စစ္စတာရ် Bernadette Reis နှင့်ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကစစ်ပွဲများအ ကြောင်းစကားပြောဖြစ်ခဲ့သည်။ စစ်ရေးအခြေအနေသည်အလွန် တင်းမာနေပြီး၊ သေဆုံးသူဦးရေတစ်ရာကျော်သွားပြီ။ လူလေးထောင်ကျော်ထိခိုက်ဒဏ်ရသူများရှိသည်။ မိသားစုတစ်ရာကျော် သည်မိမိတို့၏အိုးအိမ်မီးသင့်သွားခြင်း၊ ပျက်ဆီးသွားခဲ့၍ အလွန်ခက်ခဲနေကြသည်။ လက်နက်ကြီးများ၏ ပြင်း ထန်သောပေါက်ကွဲသံများ သည်ဘေရွန်တစ်မြို့လုံးကိုသိမ့် သိမ့်တုန်သွားစေသည်။ ကာရီတာ့စ်သည်အခြေခံလို အပ်သောအစား အစာလိုအပ်နေသူကိုထောက်ပံ့ခြင်း၊ ပျောက်ဆုံးနေ သောသူများစွာကိုရှာဖွေ ခြင်း၊ သေဆုံးနေသောသူများအားသဂြိုလ်ခြင်း၊ ဆေးရုံတက်ရောက်ရန်လိုအပ် သူများကိုကူညီခြင်း၊ စိတ်မူမမှန်သူများအားကူညီခြင်းများကိုပြုလုပ်လျှက်ရှိသည်။ ၄င်းတို့အတော်များများသည်တစ်ဦးတစ်ယောက်ယောက်နှင့်စကားပြောရန်လိုသည်။ မည်သည့်အကူအညီမျိုးမဆိုပေးရန် မှာအရေးတကြီးလိုအပ် ချက်ဖြစ်နေသည်။

အကူအညီများပေးလို၊ ကူညီလိုလျှင်ကာရီတာ့စ်လက်ဘနွန် ၀တ်ပ်ဆိုက်၌ဆက်သွယ်လျှူဒါန်းနိုင်ပါသည်။ ကာရီတာ့စ်လက်ဘနွန်သည်နိုင်ငံတကာကာရီတာ့စ်နှင့် လည်းချိပ်ဆက်လုပ်ကိုင်လျှက်ရှိသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2PyFZ3Z

Add new comment

3 + 10 =