ကာရီတာ့စ်နူးဇီလန်မှလည်း မီးတောင်ကြောင့် ဆူနာမီလှိုင်းဒဏ်ခံရသော ‘Tonga’ ကျွန်းအား အရေးပေါ်ကူညီမှုပေး

ကာရီတာ့စ်နူးဇီလန်မှလည်း မီးတောင်ကြောင့် ဆူနာမီလှိုင်းဒဏ်ခံရသော ‘Tonga’ ကျွန်းအား အရေးပေါ်ကူညီမှုပေး

ကာရီတာ့စ်နူးဇီလန်မှလည်း မီးတောင်ကြောင့် ဆူနာမီလှိုင်းဒဏ်ခံရသော ‘Tonga’ ကျွန်းအား အရေးပေါ်ကူညီမှုပေး

 

            ပြီးခဲ့သော ကြာသပတေးနေ့၌ မီးတောင်ပေါက်ကွဲခြင်းကြောင့် ဆူနာမီရေလှိုင်းများဒဏ်ခံရသော ‘Tonga’ ကျွန်းသူကျွန်းသားများအတွက် အရေးပေါ်လိုအပ်သောအကူအညီအပြည့်တင်ဆောင်လာသော လေယာဉ်တစ်စီး ပထမဦးဆုံးဆင်းသက်ခဲ့ပါသည်။ အဆိုပါလေယာဉ်သည် မီးတောင်ပေါက်ကွဲပြီးနောက် (၅) ရက်အကြာတွင် လိုအပ်သော အကူအညီများသယ်ဆောင်၍ရောက်လာသောလေယာဉ်ပင်ဖြစ်သည်။  

အသက်ဆက်ရန်လိုအပ်သော အကူအညီအထောက်အပံ့များ

            အဆိုပါအထောက်အပံ့များသည် နူးဇီလန်နိုင်ငံ၏ တော်၀င်လေတပ်လေယာဉ် (C-130) မှတင်ဆောင်လာပေး ခြင်းဖြစ်သည်။ နူးဇီလန်နိုင်ငံ၏နိုင်ငံခြားရေး၀န်ကြီး Nanaia Mahuta က ယခုသယ်ဆောင်လာသောပစ္စည်းများမှာ ရေသိုလှောင်ရန်ပုံး များ၊ ယာယီတဲများ၊ မီးစက်များ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများနှင့်မိသားစုအတွက်ဆောင်ထား ရန်ဆေးဗူးများ၊ ဆက်သွယ်ရေး ကိရိယာများ ပါရှိကြောင်း ပြောကြားခဲ့သည်။

            ဩစတေးလျားကာကွယ်ရေး၀န်ကြီး Peter Dutton ကလည်း ၄င်းတို့၏ကယ်ဆယ် ရေးယာဉ်သည် လည်း ရေ သန့်စင်စက်၊ တဲ၊ မီးဖို၊ ရွံ့နွံများသန့် စင်ရန်ဖုံသုတ် စက်များတင် ဆောင် လာကြောင်းပြောကြားခဲ့သည်။ ပြီးခဲ့သော စနေ နေ့ကပေါက်ကွဲခဲ့သည့် အလွန်ပြင်းထန်သည့် Hunga Tonga-Hunga ငလျင်သည် လူ (၃) ဦးသေဆုံးခဲ့ရပြီး၊ ဆူနာမီရေ လှိုင်းများဖြစ်ပေါ်စေကာ ရွာများ၊ အဆောက်အဦးများ၊ ရေချို‌ဒေသများသို့လည်း၀င်ရောက်ခဲ့သည်။ လူ (၁၀၅၀၀၀) နေထိုင်သော ကျွန်းသူ ကျွန်းသား တို့၏ ဆက်သွယ်ရေးများကိုလည်းပြတ်တောက်သွားစေခဲ့သည်။ သို့သော် နိုင်ငံတ ကာနှင့် ဆက်သွယ်သော ဖုန်းလိုင်းများကိုမှု ဗုဒ္ဓဟူးနေ့က ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။     

            ကာရီတာ့စ်နူးဇီလန်က ကာရီတာ့စ် Tonga၊ ကာရီတာ့စ် Australia တို့နှင့်မိတ်ဖက်ချိပ်ဆက်ပြီး၊ အရေးအပေါ် အကူအညီလိုအပ်မှုများကို ကူညီဆောင်ရွက်ပေးနေသည်။ ကက်သလစ် သာသနာ တော်ကြီး ၏ လူမူရေးဆိုင်ရာသွန် သင်ချက်နှင့်အညီလုပ်ဆောင်နေသောအဖွဲ့အစည်းများက ဒုက္ခ သည်များအားကူညီနေမှုသည် ကျွန်းအတွင်း၌ တုန့် ပြန်ပေးလျှက်ရှိကြောင်း၊ မြေ ပြင် ၌ရောက် ရှိလုပ်ဆောင်နေသူများအနေဖြင့် အခြေအနေကိုအသိဆုံးဖြစ်ပြီး၊ အကောင်းဆုံးဖြစ် မည့်နည်း လမ်းများဖြင့် ဆုံးဖြတ်လုပ်ဆောင်ကြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။    

ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေ၊

            ကားရီးတာ့စ်နူးဇီလန်၏ programmes coordinator တစ်ဦးဖြစ်သော Rachel Harrison ကကနဦးအကူအညီများ သည် အလွန်အရေးတကြီးလိုအပ်သောနေရာ (၃) နေရာကိုဗဟိုပြုခဲ့ကြောင်း၊ ရေသန့်စင်စက်များ၊ ရှေ့ဦးသူနာပြစု နိုင်သည့်ဆေးသေတ္တာ၊ ရေပုံးများ၊ အနာများဆေးကြော ပတ်စည်း ပေးသောပတ်တီး၊ စောင်များပါကြောင်း၊ မီးတောင် ပေါက်ကွဲပြီးတစ်ရက်၊ နှစ်ရက်အကြာတွင် အထက် လွှတ်တော်မှညွှန်ကြားချက်ကိုရရှိခဲ့ကြောင်း၊ ထို့ကြောင့်ယခုကဲ့သို့ ကူညီရေး ပစ္စည်းများကို ပေးပို့နိုင် ကြောင်းရှင်းပြခဲ့သည်။      

ပြင်ဆင်ထားရန်လို၊

            ယခုကဲ့သို့သော သဘာ၀ဘေးကြုံလာသည့်အခါမျိုး၌ အသင့်အနေအထား မျိုး၌ရှိရန် လိုအပ်သည်။ ဤကျွန်း သူကျွန်းသားများသည် သဘာ၀ဘေးဒဏ်များဖြစ်သော မုန်တိုင်း၊ ရေကြီးရေလျှံ၊ မြေပြိုမူများကိုမကြာခဏကြုံတွေ့ ရလေ့ရှိသည့်အတွေ့အကြုံရှိနေ၍ ကံကောင်းသည်ဟုဆိုရပေမည်။ ယခုအခြေအနေ၌ အစိုးရအားလည်းကောင်း၊ လူ မူကူညီရေးအသင်းအဖွဲ့များအားလည်းကောင်း အဘယ်သို့အကြောင်းကြားရမည်၊ တင်ပြရမည်၊ အကူအညီတောင်းရ မည်ကိုသိနေကြကြောင်း၊ ထို့ကြောင့် ကူညီရာ၌အခက်အခဲသိပ်မရှိပေ။    

ရေရှည်အထောက်အပံ့ပေးခြင်း၊

            ကာရီတာ့စ်နူးဇီလန်အနေဖြင့် ကာရီတာ့စ် Tonga နှင့်ချိပ်ဆက်လုပ် ကိုင်နေသည်မှာ ဆယ်စု နှစ်နှစ်စုပင်ကျော် ပြီဖြစ်သည်။ ကာရီတာ့စ်နူးဇီလန်အနေဖြင့် Tonga ကျွန်းသူကျွန်းသားများ ၄င်းတို့၏ ပုံမှန်အခြေအနေသို့ပြန်လည် ရောက်ရှိလာစေရေး ရေရှည်ကူညီမှု များပြုလုပ်သွား မည်ဖြစ်သည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rDZsTn

Add new comment

9 + 0 =