ကာဒီနယ် Parolin ၏လုဒ်မယ်တော့်ရင်ပြင်သို့ဘုရားဖူးခရီးကြွခဲ့သောကြောင့်အားတက်ခဲ့ရ

ကာဒီနယ် Parolin ၏လုဒ်မယ်တော့်ရင်ပြင်သို့ဘုရားဖူးခရီးကြွခဲ့သောကြောင့်အားတက်ခဲ့ရ

ကာဒီနယ် Parolin ၏လုဒ်မယ်တော့်ရင်ပြင်သို့ဘုရားဖူးခရီးကြွခဲ့သောကြောင့်အားတက်ခဲ့ရ

ပြီးခဲ့သောလအနည်းငယ်အထိ ကမ္ဘာအရပ်ရပ်မှလူများသည် အသက်ရှင်သန်ရေး၊ အလုပ်လုပ်ကိုင်ရေး၊ ဆု တောင်းခြင်းကိုပင်ယခင်ပြုလုပ်ခဲ့သည့်အတိုင်းမဟုတ်တော့ဘဲ ကိုဗစ် (၁၉) ကြောင့်ပုံစံပြောင်းလဲခဲ့ကြရသည်။ သို့သော် ပြင်သစ်နိုင်ငံ၏လေးရက်တာကျင်းပသောလုဒ်မယ်တော်ဘုရားဖူးခြင်းအစီအစဉ်ကိုကားမရပ်တန့်နိုင်ခဲ့ပေ။ ပြီးခဲ့သောဗုဒ္ဓဟူးနေ့က (၁၄၇) ကြိမ်မြောက်ဘုရားဖူးအစီအစဉ်ကိုစိန့်ဘက်နက်ဒက်၏ဘုရားကျောင်းဆောင်၌မစ္ဆားတရားဖြင့်ဖွင့်လှစ် ခဲ့ပါသည်။ ဤအစီအစဉ်ကို Assumptionists အဖွဲ့သည် ဩဂုတ်လ (၁၂-၁၆) ရက်နေ့အထိစီစဉ်ကျင်းပခဲ့သည်။ ဤအစီ အစဉ်၏ခေါင်းစဉ်မှာ ‘ချစ်ခြင်း၏အရင်းအမြစ်သို့သွားကြစို့’ ဟုပေးထားပါသည်။ ကိုဗစ် (၁၉) ကြောင့်လူထူထပ်မှု၊ နီး ကပ်စွာသွားလာမူကိုတားမြစ်ထားသောဘုရားဖူးအစီအစည်၌ဘုရားဖူးပါ၀င်မှုယခင်နှစ်များကဲ့သို့ပါ၀င်မှု
မများလှပေ။

မကျန်းမမာသူများသည်အထီးမကျန်ပါ။

ပြင်သစ်ကက်သလစ်သာသနာ၏ ဘုရားဖူးတာ၀န်ခံမှာဖာသာရ် Vincent Cabanac ဖြစ်သည်။ ယခုနှစ်သည်ကပ် ရောဂါဆိုးကြောင့်ဘုရားဖူးခရီးကိုကျင်းပရန်ခက်ခဲသော်လည်း အစဉ်အလာမပျက်ကျင်းပလို၍အခက်အခဲများကြား၌ ကျင်းရကြောင်း၊ ယခုနှစ်ဘုရားဖူးအစီအစဉ်၌ ဘုရားဖူးများအားကိုယ်စားပြုသောကိုယ်စား လှယ် (၅၀၀) ဦးသာအစီအ စဉ်၌ ပါ၀င်ခွင့်ရမည်ဖြစ်ကြောင်း၊ အခြားသောဘုရားဖူးများမှာမူလူမှုကွန် ရက်နှင့်လေလှိုင်းမှထုတ်လွှင့်မှုမှစောင့်ကြည့်ပါ ၀င်နိုင်ပါကြောင်း၊ ထို့ကြောင့်မကျန်းမမာသူများလည်းရေဒီယို၊ ရုပ်သံလိုင်းများမှလည်းပါ၀င်ဆုတောင်းနိုင်ကြောင်း၊ မ ကျန်းမမာသူများအားလည်းအထီးကျန်မခံစားစေလိုကြောင်း၊ ကိုဗစ် (၁၉) သည်လူစုလူ‌ဝေးဖြင့်၀တ်ပြုဆုတောင်း ခြင်းကိုအသွင်ပြောင်းသွားစေသော်လည်း ဤလေးရက်တာအထူးဆုတောင်း ၀တ်ပြုခြင်းအစီအစဉ်၌ပါ၀င်သူအလွန်များ ပြားခဲ့ကြောင်း၊ ဤအစီအစဉ်၌စိပ်ပုတီးစိပ်ခြင်း၊ မယ်တော်၏ဂုဏ်တော်ချီးမွှမ်းသည့်စင်တင်ဖျော်ဖြေပွဲ၊ စီတန်းလှည့် လည်ခြင်း၊ ပွဲနေ့အကြိုဆုတောင်းခြင်းနှင့်မယ်တော်အားသဒ္ဓါကြည်ညိုခြင်းနှင့်စပ်လျင်း၍ သက်သေခံဝေမျှခြင်းကို လည်းထည့်သွင်းထားကြောင်း၊

နေရာများကိုကန့်သတ်သတ်မှတ်ခြင်း၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှသော်လည်းကောင်း၊ နိုင်ငံ၏ ကျန်းမာရေး၀န်ကြီးဌာမှညွှန် ကြားချက်ကြောင့် သော်လည်းကောင်းဘုရားဖူးများထူထဲနီးကပ်စွာရှိမနေစေရန်ရည်ရွယ်၍ ယခုနှစ်၌မယ် တော်ဂူမှစီးထွက်လာသောစမ်း ရေအားရေချို့သန့်စင်ခြင်းအစီအစဉ်ကိုထည့်သွင်းမထားကြောင်း၊ သို့သော်မိမိတို့၏ယုံကြည်ချက်အတိုင်းမျက်နှာသစ်၊ ခြေလက်ဆေးကြောခြင်း၊ ရေများခပ်သောက်ခြင်းကိုမူပြုလုပ်နိုင်ကြောင်း၊ တာ၀န်ခံဖာသာရ်ကရှင်းပြပါသည်။

ကာဒီနယ် Parolin ၏ကြွရောက်ဘုရားဖူးခြင်း

ဤပွဲတော်ကိုစီစဉ်သူများ၏ ဖိတ်ကြားချက်အရ ဗာတီကန် ၏အတွင်းရေးမှူးကာဒီနယ် Parolin ဘုရားဖူးကြွ ရောက်ခဲ့ပြီး၊ ဩဂုတ်လ (၁၅) ရက်၊ အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံသည့်ပွဲတော်မစ္ဆားကိုဦးဆောင်ပူဇော် ပေးခဲ့ကြောင်း၊ ယခုခဲ့သို့ကြွရောက်ပေးရန်ကိုဗစ် (၁၉) ရောဂါမဖြစ်ပွားမီကပင်ပင့်ဖိတ်ထားကြောင်း၊ ယခုတစ်ကြိမ်ကာဒီနယ်၏ကြွရောက်ခြင်းသည် ဗာတီကန်၏အတွင်းရေးမှူးအဖြစ်အမှုတော်ထမ်းဆောင်စဉ်သုံးကြိမ်မြောက်ကြွရောက်ခြင်း ဖြစ် ကြောင်း၊ (၂၀၁၇) ၌အပြည့်ပြည့်ဆိုင်ရာကမ္ဘာ့မကျန်းမမာသူများနေ့၌ ရဟန်းမင်းကြီး ၏ကိုယ်စား လှယ်အဖြစ်လည်း ကောင်း၊ (၂၀၁၈) ခုနှစ်၌ဒီဆေးလ်မြို့မှစိန့်ဖရန်စစ် ၏ကျင်းပစဉ်ကလည်း ကောင်းနှင့်ယခုနှစ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ကာ ဒီနယ်၏ကြွရောက်ဘုရားဖူးခြင်းသည် ၄င်းတို့အတွက်အလွန်အဓိပ္ပါယ်ရှိပြီး၊ အရေးကြီးလှကြောင်း၊ သူ၏ကြွရောက်ခြင်း သည်သစ္စာရှိရန်၊ နှိမ့်ချရန်အင်အားတစ်ခုဖြစ်စေကြောင်း၊ ကာဒီနယ်ကလည်း Assumptionist ရဟန်းတော်များသည် ပြင်သစ်နိုင်ငံအတွက်သာအထူးဆုတောင်းပေးနေခြင်းမဟုတ်ဘဲ၊ ကမ္ဘာတစ်၀န်းလုံးအတွက်ဆုတောင်းပေးနေကြောင်းနှင့် ကာဒီနယ်၏ ရည်ရွယ် ချက်များကိုလည်းဤမယ်တော့်ရင်ပြင်၌ပူဇော်ပေးခဲ့သည့်အတွက် ကျွန်ုပ်တို့ Assumptionist ရဟန်း တော်များအတွက်လည်းကောင်း၊ ပြင်သစ်နိုင်ငံတစ်လုံးအတွက်လည်းကောင်း၊ သာသနာတော်ကြီးအတွက်လည်းကောင်း၊ အလွန် အရေးကြီးပြီး၊ အမှတ်ရစရာများစွာဖြစ်စေကြောင်းဖြင့်ဖာသာရ် Vincent Cabanac ရှင်းပြခဲ့ပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or Licensors
https://bit.ly/2PZS1Dy

Add new comment

4 + 3 =