ကာဒီနယ် Parolin ကဗာတီကန်၌အမူထမ်းမည့်ဆွီစ်လုံခြုံရေးရဲများအား ‘ကြိုဆိုကြောင်း’ ပြောကြား

ကာဒီနယ် Parolin ကဗာတီကန်၌အမူထမ်းမည့်ဆွီစ်လုံခြုံရေးရဲများအား ‘ကြိုဆိုကြောင်း’ ပြောကြား

ကာဒီနယ် Parolin ကဗာတီကန်၌အမှုထမ်းမည့်ဆွီစ်လုံခြုံရေးရဲများအား ကြိုဆိုကြောင်းပြောကြား

 (၁၉၂၇) လွန်ခဲ့သော နှစ် (၅၀၀) က ယနေ့ (မေလ ၆) ရက်နေ့၌ ရောမမြို့ကိုအပိုင်စီးရန် စစ်ဆင်လာသောရန်သူ များ၏လက်ထဲမှ ရဟန်းမင်းကြီးကိုကာကွယ်ရင်း ဆွီစ်ရဲ (၁၄၇) ဦးကျဆုံးခဲ့ရသည်။ ထိုနေ့ကိုအမှတ်ရဂုဏ်ပြုသည့်အနေ ဖြင့်နှစ်စဉ် အမှုထမ်းအသစ်များသည် ထိုနေ့၌ကတိသစ္စာပြုကြသည်။ ထိုကတိသစ္စာမှာ လက်ရှိရဟန်းမင်းကြီးနှင့်သူ့ အားဆက်ခံမည့်ရဟန်းမင်းကြီးများအတွက် အသက်ပင်စတေး၍ သစ္စာခံမည်ဟုဖြစ်သည်။ ၀န်ထမ်းအသစ်များနှင့်မိသား စုများအတွက် ကတိသစ္စာမပြုမီတစ်ရက်အလို၌ ကာဒီနယ် Parolin သည် ၄င်းတို့အတွက် စိန့်ပီတာဘုရားကျောင်း တော်ကြီး၌ မစ္ဆားပူဇော်ပေး ပြီးဖြစ်သည်။     

 ကာဒီနယ်က သူ၏မစ္ဆားတရားအတွင်းကဩ၀ါဒ၌ အမှုထမ်းအသစ်များအား ၄င်းတို့၏ ဆက် ကပ်ခြင်းအတွက် ဗာတီကန်ကိုယ်စားကျေးဇူးခဲ့သည်။ ရဟန်းမင်းကြီးအပေါ်သစ္စာရှိခြင်းသည် ယေဇူးသခင်ကိုချစ်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်းနှင့်၀ိညာဉ်အင်အားများပြည့်ဝနေရန်လိုသည်။ ပြင်ပစည်းကမ်းချက်များတင်းကြပ်သကဲ့သို့ပင် အတွင်းပိုင်းစည်းကမ်းများလည်းရှိရန်လိုအပ်သည်။

မစ္ဆာတရားအတွင်းဖတ်ရှုသောဧဝံဂေလိကျမ်းစာနှင့်စပ်လျင်း၍လည်းယေဇူးသခင်၏ချစ်ခြင်း၌ တည် ရှိနေခြင်း ဖြင့် ခရစ်ယာန်အသက်တာကိုတည်ကြည်စွာရှင်သန်ရန်လိုကြောင်း၊ ယေဇူးသခင်နှင့်ရှိနေခြင်းဟုဆိုရာ၌ မိမိတို့အသက် တာ၏အခြေအနေတိုင်းကို ယေဇူးသခင်နှင့် မျှဝေ ခံထမ်းရှင်သန်ခြင်းဖြစ်သည်။ ဤသို့ဖြစ်ရန်မှာ နည်းလမ်းတစ်ခုသာရှိ သည်။ ထိုနည်းလမ်းကား သူဖြစ်စေလိုသောအရာကို ကျွန်ုပ်တို့၏အသက်တာ၌ခွင့်ပြုလုပ်ဆောင်စေခြင်း၊ ကြိုဆိုခြင်း၊ သူ ၏ပညတ်ချက်များကိုရှင်သန်ခြင်းဖြင့်ယေဇူးသခင်နှင့်နေ့စဉ်တည်ရှိနေခြင်းဖြစ်သည်။  

            ယေဇူးသခင်နှင့်အတွင်းပိုင်းပေါင်းစည်းခြင်းသည် အပြင်ပိုင်းလှုပ်ဆောင်ချက်များ၌ထင်ဟပ်ပေါ်လွင်စေသည်။ အဘယ်ကြောင့်ဆိုသော် သာသနာတော်ကြီး၏ ပထမဦးဆုံးအစည်းအဝေးကြီးဖြစ်သော ဂျေရုဆလင်အစည်းအ‌ဝေးကြီး၌ တပည့်တော်ကြီးများသည် ခရစ်ယာန်ဖြစ်‌လာသော ဂျူးလူမျိုးမဟုတ်သည့် လူမျိုးခြားတို့အား မိုးဇက်၏ဥ ပဒေကိုလိုက်နာရန်အတင်းတိုက်တွန်းသည့်အခြေအနေနှင့်ကြုံခဲ့ရသည်။ နောက်ဆုံး၌ ၄င်းတို့၏ဆုံးဖြတ်ချက်ကား ‘အ စဉ်အလာကိုဆန်းသစ်ခြင်းဖြင့်အလျော့အတင်းလုပ်လိုက်ခြင်းမဟုတ်။ တပည့်တော်ကြီးတို့၏ဆုံးဖြတ်ချက်ကား ပရောဖက်ဉာဏ်နှင့်ကြိုတင်ဟောထားချက်ပြည့်စုံခြင်းဖြစ်သည်။ မည်သည့်အစဉ်အလာ၊ အဘယ်မျှကောင်းစေကာမူ သေခြင်း မှရှင်ပြန်ထမြောက်သောသခင်အားယုံကြည်ရာ၌ သော် လည်းကောင်း၊ ကြေငြာဟောပြောရာ၌သော်လည်းကောင်း အ ဟန့်အတားမဖြစ်စေရဟုဟောကြားခဲ့သည်။

 ဆက်လက်၍ကာဒီနယ်က ၀န်ထမ်းသစ်များအား အမှုထမ်းရာ၌ပေးအပ်လာမည့်တာ၀န်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရေးဆုတောင်းကြရန်၊ မိမိတို့တစ်ဦးစီ၏ကောင်းသောအသက်တာဖြင့် ယေဇူးသခင်ကိုသက်သေခံနိုင်ရန်၊ တပည့်တော်တစ်ပါး၏ အမှတ်သင်ကေတမှာ ‘ယေဇူးသခင်၌ တည်ရှိနေခြင်း၊ ယေဇူးသခင်ကိုကြေညာဟောပြောရမည်။ စကားလုံးနှစ်လုံးဖြစ်သော ‘စည်းလုံးခြင်းနှင့်စေလွှတ်ခြင်း’ သည် အမိသာသနာတော်ကြီး၏အနှစ်အကာဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၏ သော့ ချက်လည်းဖြစ်သည်။ အမှုထမ်းအသစ်များတို့၊ ယနေ့ သင်တို့ပြုကြမည့် ကတိသစ္စာနှင့်အတူ သင်တို့၏အသက်တာကို ပေတရု အတွက်ပေးဆက်လိုသောဆန္ဒကိုဖော်ပြနေသည်။ ကာဒီနယ်က ‘ဤနည်းအားဖြင့် သင်တို့သည် စေလွှတ်ခြင်းခံရသော တပည့်တော်များဖြစ်သည်ကိုခံစားနိုင်ကြပါစေ။ ယေဇူးသခင်နှင့်လည်း ပိုမိုပေါင်း စည်းနေကြောင်းခံစားရပါစေ။ ပေတရုကဲ့သို့ ယေဇူးသခင်၏ပထမဦးဆုံးတပည့်တော်ကြီးဖြစ်နိုင်ကြပါစေ’ ဟုဆုတောင်း ပေးခဲ့သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uGfLPN

Add new comment

15 + 3 =