ကာဒီနယ် Oswald Gracias က ‘ရဟန်းဖြစ်တက္ကသိုလ်၏သင်ကြားပြုပြင်မှုသည် အတူယှဉ်တွဲသွားသည့်ပုံစံမျိုးဖြစ်ရန်လို’ ဟုတိုက်တွန်းခဲ့

ကာဒီနယ် Oswald Gracias က ‘ရဟန်းဖြစ်တက္ကသိုလ်၏သင်ကြားပြုပြင်မှုသည် အတူယှဉ်တွဲသွားသည့်ပုံစံမျိုးဖြစ်ရန်လို’ ဟုတိုက်တွန်းခဲ့

ဘုံဘေဂိုဏ်းချုပ်သာသနာ၏ ကာဒီနယ်သည် (၂၁) ကြိမ်မြောက် ရဟန်းဖြစ်တက္ကသိုလ်မှကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံစဉ် ‘ရဟန်းဖြစ်တက္က သိုလ်၏သင်ကြားပြုပြင်မှုသည် အတူယှဉ်တွဲသွားသည့်ပုံစံမျိုးဖြစ်ရန်လိုကြောင်းပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သာသနာကြီး၏အခြေခံအုပ် မြစ်မှာ ဆေးကြောခြင်းမဂ်လာကိုခံယူထားသော ဘုရားသခင်၏လူမျိုးတော်ဖြစ်သည်ဟုဆိုသည်။

ဤအစည်းအ‌ဝေးသည် နှစ်စဉ်ကျင်းပပြီး ယခုနှစ်အထွေထွေအစည်းအ‌ဝေးကို နို၀င်ဘာလ (၂၂ – ၂၅) အထိကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းဖွင့်လှစ်ထားသော ရဟန်းဖြစ်တက္ကသိုလ်အသီးသီးမှကျောင်းအုပ် (၇၅) ဦးတက်ရောက်ခဲ့သည်။ ယခုနှစ်တွေ့ဆုံခြင်း၏ဆောင်ပုဒ်မှာ ‘Synodality in Seminary Formation’ (အတူတကွယှဉ်တွဲလျှောက်လှမ်းသောသင်ကြားပြုပြင်မှု) ဖြစ်သည်။ ‘Synod’ ၏အနက်ကား ‘အတူယှဉ်တွဲလျှောက်လှမ်းခြင်း’ ဖြစ်သည်။
ကာဒီနယ်သည် ဤအစည်းအ‌ဝေးကိုမစ္ဆားတရားဦးဆောင်ပူဇော်၍ဖွင့်လှစ်ပေးခဲ့သည်။

Kolkata ၏ဂိုဏ်းချုပ်ဆရာတော် Thomas D'Souza၊ Warangal နှင့်သာသနာ၏ဆရာတော် Udumala Bala တို့လည်းတက်ရောက်ခဲ့ကြသည်။ ဂိုဏ်းချုပ်ဆရာတော် Thomas D'Souza က ဂိုဏ်းချုပ်ဆရာတော်က ရဟန်းလောင်းကိုရင်များအား မိသားစုများ၊ ရွာများသို့ကျနစွာရေးဆွဲထားသောအစီအစဉ်များဖြင့်မဟုတ်ဘဲ ရွာသားများ၏လိုအပ်သည့်အနေအထားအတိုင်းလွတ်လပ်စွာသာသနာပြုနိုင်အောင်သင်ကြားပြုပြင်ပေးရမည်ဟုဆိုသည်။

ယေဇူးသခင်လူတို့နှင့်အဘယ်သို့တွေ့ဆုံ၍ သာသနာအဘယ်သို့ပြု ခဲ့သည့်နည်းနာကို ကျွန်ုပ်တို့စံထားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ARMS အဖွဲ့၏ဥက္ကဌဖာသာရ် Richard Britto ကကြိုဆိုနှုတ်ခွန်းဆက်စကားကိုပြောကြားခဲ့သည်။ ကာဒီနယ်၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ အား ခြုံထည်တစ်ထည်စီခြုံပေး၍ကြိုဆိုခဲ့ကြသည်။ ဖာသာရ် Leon က (၂၀၂၁) နို၀င်ဘာလက Bangalore ၌ကျင်းပခဲ့သော (၂၀) ကြိမ်မြောက် ARMS ၏အစည်းအ‌ေ၀းဆုံးဖြတ်ချက်များကိုပြန် လည်တင်ပြခဲ့သည်။ ဆရာတော်ကြီးများကလည်း အဖွင့်အမှာစကားများကိုပြောကြားခဲ့ကြသည်။ ဖာသာရ် Rodrick ကလည်း ARMS အဖွဲ့၏သမိုင်းကြောင်းကိုအတိုချုံးရှင်းပြခဲ့သည်။

ဤ (၄) ရက်တာအ စည်းအ‌ဝေး၌ ဧည့်သည်ဟောပြောသူ (၂) ဦးကိုလည်းဖိတ်ကြားဟောပြောစေခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OR147m

Add new comment

2 + 1 =