ကာဒီနယ် George Pell ပျံလွန်သွားခြင်းအတွက်ပုပ်ဖရန့်စစ် ၀မ်းနည်းကြေကွဲရ

ကာဒီနယ် George Pell ပျံလွန်သွားခြင်းအတွက်ပုပ်ဖရန့်စစ် ၀မ်းနည်းကြေကွဲရ

ကာဒီနယ်သည် ဗာတီကန်နှင့်ပူးပေါင်းလက်တွဲလုပ်ဆောင်ခဲ့သူဖြစ်သည်။ သူ၏ ပျံလွန်ခြင်းသတင်းကိုကြားရသောကြောင့် ရဟန်းမင်းကြီးဖရန်စစ်သည် သံကြိုးစာကိုရေးသားပေးပို့၍ ကြားသိရ သောသတင်းအတွက်လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းမိန့်ကြားခဲ့သည်။

ကာဒီနယ်သည် စီးပွားရေးဆိုင်ရာတာ၀န်ခံအဖြစ်လည်းအမှုထမ်းခဲ့သည်။

ရဟန်းမင်းကြီးသည် သူ၏၀မ်းနည်းဆုတောင်းပေးကြောင်းသ၀ဏ်လွှာကို ကာဒီနယ်များအဖွဲ့၏တာ၀န်ခံကာဒီနယ် Giovanni Battista Re ထံသို့လည်းပေးပို့ခဲ့သည်။

ကာဒီနယ်သည် ဇန္န၀ါရီလ (၁၀) ရက်နေ့နှောင်းပိုင်း၌ပျံလွန်သွားခဲ့ခြင်းဖြစ်သည်။ သူသည်ပေါင်၌ခွဲစိတ်မှုပြုပြီးနောက်ပိုင်း၌ ပြန်လည်နှလံမထူလာနိုင်တော့ဘဲ သက်တော် (၈၁) နှစ်၌ပျံလွန်သွားခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ကာဒီနယ်၏ ဆွေမျိုး သားချင်းများအားလည်း ၀မ်းနည်းဆုတောင်းပေးကြောင်းသ၀ဏ်လွှာကိုပေးပို့ခဲ့သည်။

ရဟန်းမင်းကြီးက ပျံလွန်သွားသောကာဒီနယ်၏ဆက်ကပ်လုပ်ဆောင်ခဲ့မှုနှင့်စပ်လျင်း၍ ကာဒီနယ်သည် ဗာတီကန်၌ တတိယဩဇာရှိပြီး၊ လူရိုသေ၊ ရှင်ရိုသေကြည်ညိုယုံကြည်ခံရသူဖြစ်ကြောင်း၊ ဗာတီကန်အတွင်းငွေကြေးလည်ပတ်စီးဆင်းမှုနှင့်စပ်လျင်း၍ပြန်လည်ပြုပြင်ရန်၊ ထိန်းညှိနှိုင်ရန်ရည်ရွယ်၍ အနစ်နာခံကာ စာရင်းဇယားများအားပြန်လည်စစ်ဆေးခြင်း၊ မလိုလားအပ်သောချိပ်ဆက်ပတ်သက်ဆက် နွယ်မှုများကိုလည်းဖြတ်တောက်ဖယ်ရှားခဲ့သည်ဟုဆိုသည်။

ယခုကဲ့သို့ မိမိသခင်၏အမှုတော်ကို နောက် ဆုံးအချိန်ထိ အတိုက်အခိုက်၊ မတရားစွမ်စွဲချက်များစွာကြားမှ မလွဲမတိမ်းလိုက်နာအမှုထမ်းခဲ့သော ဘုရားသခင် ၏ငယ်သားကောင်းဖြစ်ခဲ့၍ ထာ၀ရပျော်ရွှင်ငြိမ်းချမ်းရာကောင်းကင်ဘုံ၌ ဆုလာဘ်တော်ကိုခံစားရပါစေကြောင်းဆုတောင်းပေးထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GXsu85
 

Add new comment

3 + 0 =