ကာဒီနယ် Christian Wiyghan Tumi သက်တော် (၉၃) တွင်ပျံလွန်

ကာဒီနယ် Christian Wiyghan Tumi သက်တော် (၉၃) တွင်ပျံလွန်

ကာဒီနယ် Christian Wiyghan Tumi သက်တော် (၉၃) တွင်ပျံလွန်

          ကာဒီနယ် Christian Wiyghan Tumi ဧပြီလ (၃) ရက်နေ့၊ သန့်ရှင်းသောစနေနေ့ကြီး၌ သက်တော် (၉၃) တွင် ပျံလွန်တော်မူသွားခဲ့သည်။ သူသည် အာဖရိကတိုက်၊ ကမယ်ရွန်နိုင်ငံမှဖြစ်ပြီး၊ သူ့နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ်  သောလုံ့လဖြင့်လုပ်ဆောင်ခဲ့သောကြောင့်လူသိများသောကာဒီနယ်တစ်ပါးဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအ တွက်တိုးမြှင့်လုပ်ဆောင်ခဲ့သောကြောင့်  (၂၀၁၉) ခုနှစ်၌ ‘နယ်လ်ဆင်မန်ဒဲလား’ ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ 

          (၂၀၂၀) ခုနှစ်၌ မူ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နာရီပေါင်းများစွာပြန်ပေးဆွဲခြင်းကိုလည်းခံခဲ့ရသည်။ စာသင်ကျောင်းများသို့အကြမ်းဆီးနင်းခဲ့ပြီး၊ ကျောင်းသူကျောင်းသားများစွာ၏အသက်ဆုံးရှုံးခဲ့သောအနိဌာရုံအဖြစ်အပျက်များအပြီး၌ ကျောင်းပြန် တက်ကြရန်ကလေးများအားတစ်စိုက်မတ်မတ်အားပေးတိုက်တွန်းခဲ့သောကြောင့် အကြမ်းဖက်အဖွဲ့၏အသက်အန္တာရာယ် ခြိမ်းခြောက်ခြင်းကိုလည်းအကြိမ်ကြိမ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အနာဂါတ်မျိုးဆက်များပညာတတ်လျှင် အ ကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် မိမိတို့အနိုင်ကျင့်ဗိုလ်ကျ၍မရသောကြောင့် ပညာရေးကိုအားမပေးကြပေ။ ဤလူမဆန်သော အကြမ်းဖက်လုပ်ရပ်သည် အလွန်ဆိုး ရွားသောကြောင့် ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင် ရှုံ့ချကြောင်းထုတ် ဖော်ပြောဆိုရသည်အထိဖြစ်ခဲ့သည်။ 

          ထိုလူမဆန်သော အကြမ်းဖက်လုပ်ရပ်နှင့်ပတ်သက်၍ ရဟန်းမင်းကြီးဖရန်စစ်က ‘လူမဆန်သော၊ အလွန်ထိတ် လန့်တုန်လှုပ်ရသောအကြမ်းဖက်လုပ်ရပ်အတွက် ကျွန်ုပ်အလွန်စိုးရီမ်ထိတ်လန့်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော်လက်နက်မကိုင်၊ ခဲတံကိုင်ထားသောကလေးများအား စာသင်ခန်း၌ရှိစဉ် ရက်စက်ယုတ်မာစွာပစ်သတ်ခဲ့ကြသည်။ ဤသို့ရက် စက်ကြမ်းကြုတ်သောလုပ်ရပ်မျိုးနောက်တစ်ကြိမ် မည်သည့်အ ချိန်၌မျှပြန်လည်မဖြစ်ပွားစေရန် ဘုရားသခင်သည်ကျွန်ုပ် တို့၏စိတ်နှလုံးကိုအလင်းထွန်းညှိပေးပါစေ။ ထိုသို့အကြမ်းဖက်ခံရသောဒေသသည်လည်း ငြိမ်းချမ်းရေးကိုအမြန်ဆုံးပြန် လည်ရရှိစေပါစေ’ ဟုမိန့်ကြားခဲ့သည်။ 

          ကာဒီနယ် Christian Wiyghan Tumi သည် ရဟန်းမင်းကြီးဖရန်စစ်အား ရဟန်းမင်းကြီးအဖြစ်ရွေးကောက်တင်မြောက်စဉ်က မဲ ပေးခဲ့သည့်ကာဒီနယ်များအနက်တစ်ပါးဖြစ်ခဲ့သည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် ကာဒီနယ်၏သမိုင်း၀င်သောအမူတော်များအတွက်ချီးမွှမ်းကျေးဇူးတင်စကားပါသည့် ဤစာကို ကမဲရွန်နိုင်ငံ သို့ပေးပို့ခဲ့သည်။ 

          ကာဒီနယ်ပျံလွန်သွားခြင်းကြောင့်အမိကက်သလစ်သာသနာတော်ကြီး၏ ကာဒီနယ်ဦးရေမှာ (၂၂၆) ပါး သာကျန်ရှိပြီး၊ ၄င်းတို့အနက် (၁၂၆) ပါးသာ ရဟန်းမင်းကြီးရွေးချယ်တင်မြောက်ရာ၌ မဲ ပေးပိုင်ခွင့်ရှိသည်။ တစ်နည်းဆို သော် ကာဒီနယ် (၁၂၆) ပါးသာ သက်တော် (၈၀) မကျော်လွန်သေးသောကာဒီနယ်များဖြစ်ကြသည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Trendsmap

https://bit.ly/3g30ioi

Add new comment

8 + 6 =