ကာဒီနယ် တာ့ဂလယ် အမြန်ပြန်လည် ကျန်းမာလာရန် ဖိလစ်ပိုင်ဘာသာဝင်များ ဆုတောင်း

ကာဒီနယ် တာ့ဂလယ် အမြန်ပြန်လည် ကျန်းမာလာရန် ဖိလစ်ပိုင်ဘာသာဝင်များ ဆုတောင်း

ကာဒီနယ် တာ့ဂလယ် အမြန်ပြန်လည် ကျန်းမာလာရန် ဖိလစ်ပိုင်ဘာသာဝင်များ ဆုတောင်း

ဖိလစ်ပိုင်နိုင်ငံ ယခင် မနီလာဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် တာ့ဂလယ်၌ ကိုဗစ် ပိုးတွေ့ရှိကြောင်းပြီးခဲ့တဲ့သောကြာနေ့က အဖြေထွက်ရှိခဲ့ရာ ထိုသတင်းမှာ လူမှုကွန်ယက်တွင် အမြန်ပျံ့နှံ့သွားပြီး ကာဒီနယ်ကြီး အမြန်သက်သာပျောက်ကင်းစေဘို့ ဆန္ဒပြု၍ ဖိလစ်ပိုင်ဘာသာ၀င်များက ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါတယ်။

မိနစ်အနည်းငယ်အတွင် ကမ္ဘာတဝှမ်းသို့လည်းပျံ့နှံ့ကာ နိုင်ငံအသီးသီးက ဆုတောင်းစကားများ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့တာပါ။

ကိုဗစ် ပိုး အနုတ်လက္ခဏာ ပြသည့်အထိ မစ္ဆားပူဇော်ခြင်းတွင် ကာဒီနယ်အတွက် ပူဇော်ပေးကြရန်ကိုလည်း ဆရာတော်ကြီးများအား ညျွန်ကြားထားကြောင်း

ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ မှ ဝန်ထမ်းများသည် နွေရာသီရောက်တိုင်း တစ်လတာ အနားယူ က် ရရှိကြသည်ဖြစ်ရာ ကာဒီနယ် တာ့ဂလယ်သည်လည်း ဖိလစ်ပိုင်နိုင်ငံ ကာဗီးသယ် အေးမောက်စ် တွင်ရှိသော ၄င်း၏ မိဘများထံအလည်အပတ်ကြွရောက်ရန် ပြန်လာခြင်းဖြစ်ကြောင်း သို့သော် အခုချိန် ထိ ကာဒီနယ်ကြီးသည် ၁၄ ရက် သီးသန့်နေနေရသေးကြောင်း

ခရီးသွားလိုအပ်ချက်တရပ်အဖြစ် ဖိလစ်ပိုင်သို့ မလာခင် စက်တင်ဘာ ၇ ရက်နေ့တွင် ရောမမြို့၌ ဆေးစစ် ခဲ့သော်လည်း ရောဂါပိုးမတွေ့ရှိပဲ မနီလာ အရောက် ပြန်လည်စစ်ဆေးသည့်အခါမှသာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ် ဆိုတာကို CBCP news အရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of : Roy Lagarde

https://bit.ly/3bYsFjq
 

 

 

Add new comment

1 + 12 =