ကာဒီနယ် တာ့ဂလယ် ရောမမြို့သို့ ပြန်လည်ရောက်ရှိ

ကာဒီနယ် တာ့ဂလယ် ရောမမြို့သို့ ပြန်လည်ရောက်ရှိ

ကာဒီနယ် တာ့ဂလယ် ရောမမြို့သို့ ပြန်လည်ရောက်ရှိ

တစ်လကြာ မွေးရပ်​နိုင်ငံ ဖိလစ်ပိုင်သို့ အလည်အပတ်ကြွရောက်အပြီး ကာဒီနယ် လူးဝစ် အန်တိုနီယို တာ့ဂလယ်ဟာ စနေနေ့ညနေက ရောမမြို့သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကထဲက ၎င်းဟာ မနီလာမှာ နွေရာသီ အားလပ်ရက် အနားယူရန်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ရောမမြို့သို့ မထွက်ခွာခင် နံနက်မှာ ကာဒီနယ်ဟာ ၎င်းရဲ့ ဇာတိမြေ ကာဗီးသယ်နယ်၊ ဧမောက်စ် ကာသီဒြယ် မှာ မစ္ဆားဟောကြားခဲ့​ကာ ယခုလို ကပ်ဘေးကာလမှာ ကျွန်ုပ်တို့ပိုပြီး ဆက်နွယ်နီးကပ်လာကြတာကြောင့် သနားကြင်နာခြင်းနဲ့ အတူတကွလုပ်ဆောင်ခြင်းရှိကြဘို့ မိန့်ကြားခဲ့တာပါ။

ရောမမြို့သို့မထွက်ခွာခင် မနီလာ ကြက်ခြေနီ အဖွဲ့ဖြင့် ကာဒီနယ်ဟာ ကိုဗစ်ပိုး ဆေးစစ်ချက်ရယူခဲ့ကြောင်းနှင့် ပိုးမတွေ့ရှိရကြောင်း ဗာတီကန်သို့ရောက်သည်နှင့်လည်း တို့ဖတ် စစ်ဆေးချက်ရယူပြီး ပိုးမတွေ့ရလို့ဆိုပါတယ်။

သို့သော် ကာဒီနယ်ဟာ Pontificio Collegio Fillipino ကောလိပ်မှာ ရက်အနည်းငယ် သီးသန့် ဆက်လက်သတင်းသုံးနေထိုင်သွားမှာဖြစ်ပါတယ်။ CBCP News
 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: SCREENSHOT/MANILA CATHEDRAL

https://bit.ly/3iYn6Du

Add new comment

2 + 2 =