ကာဒီနယ် ချားစ်ဘို၏ တရုတ်အပေါ် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အီတလီ ကက်သလစ် သတင်းဌာန၏ သတင်းတင်ဆက်မှု

ကာဒီနယ် ချားစ်ဘို၏ တရုတ်အပေါ် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အီတလီ ကက်သလစ် သတင်းဌာန၏ သတင်းတင်ဆက်မှု

ကာဒီနယ် ချားစ်ဘို၏ တရုတ်အပေါ် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အီတလီ ကက်သလစ် သတင်းဌာန၏ သတင်းတင်ဆက်မှု

ကမ္ဘာလုံးချီ ဖြစ်ပွားနေသော ကူးစက်ရောဂါ အခြေအနေသည် တရုတ် ကွန်မြူနစ် ပါတီ (စီစီပီ)၏ အပြစ် မကင်း၊ တရုတ်လူမျိုးများသည် ပထမဆုံး ဒုက္ခရောက်ကြသူများ ဖြစ်သည်ဟု ကာဒီနယ် ချားစ်ဘို က ပြော ကြား လိုက်သည်။ တရုတ်ကွန်မြူနစ် ပါတီ (စီပီပီ)သည် ကိုရိုနာ ကပ်ဘေးနှင့် ဆက်စပ်၍ ကမ္ဘာ တဝှမ်းလုံးအား ဝန်ချတောင်းပန်ရန်နှင့် ကိုရိုနာကြောင့် ဖြစ်ပွားခဲ့သော ဆုံးရှုံးပျက် စီးမှုများ အတွက် ပေးလျော်ရန်

ရန်ကုန် ကက်သလစ် သာသနာနယ်၏ ဆရာတော်ကြီးက တောင်းဆိုလိုက်သည်။

“တရုတ်ကွန်မြူနစ် ပါတီ (စီစီပီ)သည် ကမ္ဘာတဝှမ်းလုံး အတွက် ဘေးအန္တရာယ် ခြိမ်းခြောက်မှု ဖြစ်ကြောင်း”ကိုလည်း ဧပြီ ၁ ရက်နေ့ ညတွင် ထုတ်ပြန်ခဲ့သည့် Diocese ဝက်ဆိုဒ်တွင် တွေ့ရသည်။

“အမှန်တရားသည် သင်တို့အား လွတ်မြောက်စေပါလိမ့်မည်။”

 

ရန်ကုန် (အာရှသတင်း)

“တရုတ် ကွန်မြူနစ် ပါတီ (စီစီပီ)သည် ကိုရိုနာ ကူးစက်ရောဂါ အတွက် အဓိက တာဝန်ရှိသည်။”

ကိုရိုနာ ရောဂါကြောင့် ကမ္ဘာတလွှား ပျက်စီးဆုံးရှုံးမှုများ ရှိသည်ဟု ဖော်ပြထားပြီး တရုတ်ပြည်မကြီး ပြည်သူများသည် ကိုရိုနာ ဗိုင်းရပ်စ်ပိုး၏ ပထမဦးဆုံး ကူးစက်သေကြေကြသူများ ဖြစ်ကာ တရုတ် ကွန်မြူနစ် ပါတီ၏ ပထမဆုံး နှိပ်စက်ခြင်း ခံရသူများ ဖြစ်သည်ဟု ဖော်ပြထားပါသည်။

 

မနေ့ည (ဧပြီ ၁) ည ၁၀ နာရီ ၁၈ မိနစ်က ထုတ်ပြန်ခဲ့သော ရန်ကုန်ကက်သလစ် သာသနာနယ်၏ ဆရာတော်ကြီး ဖြစ်သူ ကာဒီနယ် ချားစ်ဘို၏ စာ၌ ထိုသို့ ထိထိရောက်ရောက် တိုက်ရိုက် ပြောဆိုခဲ့သည်။ တရုတ် နိုင်ငံ ဝူဟန်မြို့၌ အစပြုခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသည့် အချိန်မှ စတင်၍ ယနေ့အထိ ပျက်စီးဆုံးရှုံးခဲ့သော လူ့အသက်များနှင့် စီးပွားရေး ယိုယွင်းမှုများ အတွက် တရုတ်အစိုးရအား တိုက်ရိုက်ဝေဖန်သော ပထမဦးဆုံး ကက်သလစ် ဆရာတော် ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။

“အားကြီးသူ တရုတ်သမ္မတ ရှီ(ကျင်ပင်း)အား စွပ်စွဲဝေဖန်ရာတွင် တရုတ် အာဏာပိုင်များသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကတည်းက ကိုရိုနာ ရောဂါ ဖြစ်ပွားမှုအား ထုတ်ဖော်ပြောခဲ့သော ဆရာဝန်များ၊ ဂျာနယ်လစ်များနှင့် ပညာရှင်များအား နှုတ်ပိတ်ခဲ့မှု အပေါ် ကာဒီနယ်ချားစ်ဘိုက ထောက်ပြဝေဖန်ခဲ့သည်။ တရုတ်အစိုးရသည် ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၀ ခုနှစ်တွင်မှ ဝူဟန်မြို့နှင့် ဟူဘေး မြို့များအား အဝင်အထွက် ပိတ်ဆို့ခဲ့ခြင်း ဖြစ်ပေသည်။

ဆောက်သမ်တမ် တက္ကသိုလ်၏ သုတေသန တစ်ခုအား ကိုးကား၍ “တရုတ်သည် ရက်သတ္တပါတ် ၂ ပတ် သို့မဟုတ် ၃ ပတ်ခန့် စောစီးစွာ တာဝန်သိ လုပ်ဆောင်ခဲ့လျှင် ကမ္ဘာအလွှားရှိ ကူးစက်ခံရသူ လူနာများသည် ၆၆၊ ၈၆၊ ၉၅ ရာခိုင်နှုန်းခန့် လျှော့ကျနိုင်သည်၊”ဟု ကာဒီနယ် ချားစ်ဘိုက ထောက်ပြခဲ့ပါသည်။

ကာဒီနယ် ချားစ်ဘို၏ ထုတ်ပြန်ချက်တွင် ကိုရိုနာကြောင့် ပျက်စီးခဲ့သော လူ့အသက်နှင့် စီးပွားရေး ထိခိုက်မှုများ အတွက် တရုတ် အစိုးရထံမှ တောင်းပန်ချက်နှင့် လျော်ကြေး” တောင်းဆိုမှုမှ ဘာသာရေး လွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်း၊ ခရစ်ယာန် ဘုရားကျောင်းများအား ဖျက်စီးခြင်း၊ မွတ်စလင်များအား အဓမ္မ စခန်းတွင်း နေခိုင်းစေခြင်း၊ လူမှန်စိတ်မှန် အကျဉ်းသားများမှ ကိုယ်တွင်းအင်္ဂါများ ထုတ်ယူခြင်း၊ ရှေ့နေများ/ အရပ်သားများ/ ပညာရှင်များ၏ လွတ်လပ်မှုကို ဖိနှိပ်ခြင်း စသည့် တရုတ်အစိုးရ၏ ရာဇဝတ်မှု မြောက်သော ဖိနှိပ်မှုများကို ထုတ်ဖော်ရေးသားထားပါသည်။

ကာဒီနယ် ချားစ်ဘို၏ ထုတ်ပြန်ချက် အရ တရုတ်ကွန်မြူနစ် ပါတီ (စီစီပီ)သည် ကမ္ဘာတရပ်လုံး အတွက် ဘေးအန္တရာယ် ခြိမ်းခြောက်မှု ဖြစ်ပေသည်။

 

ကာဒီနယ် ချားစ်ဘို၏ ထုတ်ပြန်ချက် ကနဦး၌ “ကျွန်ုပ်တို့ အားလုံးသည် လှေတစ်စီးတည်းတွင် အတူ ခရီးသွားနေသည်၊” ဟူသည့် ပုပ်ဖရန်စစ်၏ မတ်လ ၂၇ ရက်နေ့ မိန့်ကြားချက်ကို ကိုးကား ဖော်ပြထားပါသည်။

ကာဒီနယ် ချားစ်ဘို၏ ထုတ်ပြန်ချက် အဆုံး၌ “ကျွန်ုပ်တို့သည် လူသားထု တစ်ရပ်လုံး၏ အမည်နာမအားဖြင့် တရုတ် အာဏာရှင် အစိုးရအား ကိုရိုနာ ရောဂါဖြစ်ပွားမှု နှင့် ပတ်သက်၍ တာဝန်ခံမှု ရှိစေရန် တောင်းဆိုဖို့ မကြောက်ရွံ့သင့်ကြောင်း” ရေးသားခဲ့ပါသည်။ “စိန့်ပေါလ်၏ စကား အရဆိုလျှင် အမှန်တရားသည် သင့်အား လွတ်မြောက်ခြင်း ပေးလိမ့်မည်ဟု ခရစ်ယာန်များက ယုံကြည်ပါသည်။” ဟူ၍ ဖော်ပြထားပါသည်။ 

ပိုမို ဘေးကင်းလုံခြုံ၍ အားကောင်းသော အုတ်မြစ်ကို တည်ဆောက်နေသည့် နိုင်ငံများ အားလုံး အတွက်

အမှန်တရားနှင့် လွတ်လပ်ခြင်းသည် အဓိက မဏ္ဍိုင်ကြီး ၂ ရပ် ဖြစ်ပါသည်။

 

ဘာသာပြန်သူ

Lawrence Jangma Mung Song

https://bit.ly/2UD244p

 

Add new comment

1 + 0 =