ကာဒီနယ်ပယ်ရိုလင်းမှ သြဂုတ်လ ၁၅ ရက်နေ့၌ လုဒ်စ် မြို့မှာမစ္ဆားဟောမည်

ကာဒီနယ်ပယ်ရိုလင်းမှ သြဂုတ်လ ၁၅ ရက်နေ့၌ လုဒ်စ် မြို့မှာမစ္ဆားဟောမည်

ကာဒီနယ်ပယ်ရိုလင်းမှ သြဂုတ်လ ၁၅ ရက်နေ့၌ လုဒ်စ် မြို့မှာမစ္ဆားဟောမည်

ဗာတီကန်နိုင်ငံခြားရေး ဝန်ကြီး ကာဒီနယ် ပီယဲ့ထရို ပယ်ရိုလင်းဟာ ဘုရားဖူးနေရာ ကော်မတီရဲ့ ဖိတ်ခေါ်ချက်ဖြင့် ပြင်သစ်နိုင်ငံ လုဒ်စ့်မြို့သို့ ကြွရောက်ကာ သြဂုတ်လ ၁၅ ရက်နေ့၊ မယ်တော်သခင်မ ကောင်း ကင်ဘုံသို့ပင့်ဆောင်ခံရခြင်းပွဲနေ့ မစ္ဆားတရားတော်မြတ်ကြီးကို ဉီးဆောင်ဟောကြားသွားမှာဖြစ်ပါတယ်။

အထက်ပါဖိတ်ခေါ်ချက်ဟာ ကိုရိုနာဗိုင်းရပ်စ် မတိုင်ခင်ကထဲက ဖိတ် ကြားခဲ့တာဖြစ်ပေမဲ့ တနင်္လာ နေ့ကမှ အတည်ပြုရက်ကို ဖြေကြားခဲ့တာဖြစ်ကြောင်း

ကန့်သတ်ချက်များရှိနေသေးတဲ့အတွက် ဒီနှစ်မှာတော့ ဘုရားဖူး မကျန်းမာသူများအား အွန်လိုင်းမှသာ မစ္ဆားတက်ရောက်ရန် အားပေးပါကြောင်း

ကမ္ဘာ့ကပ်ရောဂါ ပြဿနာကြီးအပြီး ပုပ်ရဟန်းမင်းကြီးရုံးတော် မှ အကြီးအကဲတပါး ကြွရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ကြောင်း

လုဒ်စ်မြို့သို့ မရောက်ခင်မှာ စိန့်ဂျွန်းမာရီဗီယားနေ ရဲ့မြို့ဖြစ်တဲ့ Ars မြို့သို့ လည်း ကာဒီနယ် ပယ်ရိုလင်းအနေနဲ့ ဝင်ရောက်လည်ပတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်အပြီး ယခုတကြိမ်ဟာ ကာဒီနယ်ကြီးအနေဖြင့် တတိယအကြိမ်ကြွရောက်ခြင်းဖြစ်ကြောင်း

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့မကျန်းမာသူများနေ့အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကိုယ်စားလှယ် အနေဖြင့် ကြွရောက်ခဲ့သလို၂၀၁၈ ခုနှစ်မှာလည်း စိန့်ဖရန်ဒေဆေးလ် နေ့ အတွက် ကာဒီနယ် ပယ်ရိုလင်းအနေဖြင့် ၂ကြိမ်ကြွရောက်ခဲ့သည် ဆိုခြင်းကိုဗာတီကန်သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3gJlSvv

Add new comment

1 + 7 =