ကာဒီနယ်တာ့ဂလယ် ကိုရိုနာဗိုင်းရပ်စ်မှ သက်သာပျောက် ကင်း

ကာဒီနယ်တာ့ဂလယ် ကိုရိုနာဗိုင်းရပ်စ်မှ သက်သာပျောက် ကင်း

ကာဒီနယ်တာ့ဂလယ် ကိုရိုနာဗိုင်းရပ်စ်မှ သက်သာပျောက် ကင်း

ဗာတီကန်ရဟန်းအမတ် လွစ်အန်တိုနီယို တာ့ဂလယ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ပြန်လည်ပျောက်ကင်းပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

ဗာတီကန်ရှိ ဧဝံဂေလိသတင်း ကောင်းပြန့်ပွားရေးတာဝန်ခံဖြစ်သော ကာဒီနယ်ကြီးသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၃ ရက်အကြာတွင်ရောဂါပျောက် ကင်းကြောင်း ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများအဖွဲ့က ၂၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရောမမြို့မှလည်း ထိုသတင်းကိုအတည်ပြုခဲ့ပြီး Fr. Gregory Gestonက "ဘုရားသခင်သည် ကာဒီနယ်အား ဗာတီကန်မှတစ်ဆင့် သတင်းကောင်းကို ဆက် လက်ဟောကြားရန်အလို ရှိ တော်မူပြီး ဘုရားသ ခင်၏ ကောင်းမြတ်ခြင်းကို သက် သေ ခံရန်အလိုရှိသည်။ဤသတင်းကောင်းသည် အသင်းတော်ကြီးတစ်ခုလုံးအတွက် သတင်းကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်တော် ၆၃နှစ်အရွယ် ကာဒီနယ်သည် ယခင် မနီလာမြို့ တော်၏ဂိုဏ်းချုပ်ဆရာတော်နှင့် ယခု နိုင်ငံတကာကက်သ လစ်ကရုဏာအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်တော်မူသည်။ ရောမမြို့မှ မနီလာသို့အပြန်တွင် ရောဂါပိုးတွေ့ရှိသော် လည်း လက္ခဏာများကို ခံစားရခြင်းမရှိပေ။

ကာဒီနယ်ကြီးသည် ဖိလစ်ပိုင်ရောက်ရှိသည့်အချိန်မှစ၍ အ သွားအလာကန့်သတ်သောနေ ရာတွင် သီတင်းသုံးခဲ့ပြီး ဆေးစစ်ရာမှ ရောဂါပိုးတွေ့ရှိခဲ့သည် ဟု ဗာတီကန်က ထုတ်ပြန်ထားခဲ့သည်။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of: Credit: Daniel Ibáñez/CNA.

https://bit.ly/3kIahys

Add new comment

1 + 3 =