ကာဒီနယ်ချားစ်ဘို တွီတာအကာင့် တရား၀င်ဖွင့်၍သုံးနိုင်ဖွယ်ရှိဟုဆို

ကာဒီနယ်ချားစ်ဘို တွီတာအကာင့် တရား၀င်ဖွင့်၍သုံးနိုင်ဖွယ်ရှိဟုဆို

ကာဒီနယ်ချားစ်ဘို တွီတာအကာင့် တရား၀င်ဖွင့်၍သုံးနိုင်ဖွယ်ရှိဟုဆို

မည်သူဖွင့်ထားသည်မသိသော အကောင့်တု ကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်းမှာ တရားဝင် အကောင့်တခု ကို၎င်းအနေနဲ့ ဖွင့်၍ သုံးနိုင်ဖွယ်ရှိကြောင်း ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားစ်ဘိုမှ ပြောကြားလိုက်ပါတယ်။

"ကျွန်ုပ်ဘယ်တုန်းကမှ တွီတာမသုံးခဲ့ပါဘူး။ တဉီးတယောက်က ကျွန်ုပ်၏ခွင့်ပြုချက်မရှိပဲ ကျွန်ုပ်ဓာတ်ပုံ နဲ့ စာတင်တာတွေပြုလုပ်နေခဲ့တာပါ" လို့ ကာဒီနယ်ချားစ်မှ လိုင်ကာ့စ် သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

"ကျွန်ုပ်အနေနဲ့ ကျွန်ုပ်ရဲ့ တရားဝင် တွီတာအကောင့်ကို ဖွင့်ပြီးသုံးမှာပါ"လို့ အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဉက္ကဌ လည်းဖြစ်သူ ကာဒီနယ်ချားစ်ဘိုမှပြောကြားခဲ့ပါတယ်။

မကြာသေးမှီက ၎င်း၏အမည်ဖြင့်တစ်ဉီးဉီးက သုံးနေသော တွီတာအကောင့်ကို ကာဒီနယ်ကိုယ်တိုင်က ပိတ်ခိုင်းခဲ့တာပါ။

လိုင်ကာ့စ် သတင်းဌာန နဲ့ RVA ဖိလစ်ပိုင် ရုံးချုပ် သို့ ပေးပို့ခဲ့သော video သတင်းစကားတွင် "အာဏာသိမ်းစစ်အစိုးရဟာ စစ်တပ် အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေ၊ အကြမ်းဖက်မှုနဲ့ စစ်အာဏာ အားဖြင့် မြန်မာပြည်ကို အိမ်မက်ဆိုးတွေ ပေးနေတယ်" လို့ ပြောကြားခဲ့​ ကြောင်းဖော်ပြထားပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: ABC News

https://bit.ly/3leIcjX

 

Add new comment

15 + 4 =