ကာဒီနယ်ချားစ်ဘိုမှ ၎င်း၏ အမည် ဖြင့် အမည်မသိသူ တဉီးဉီးမှ ဖွင့်ထားသော တွီတာအကောင့်ကိုဖျက်သိမ်းခိုင်း လိုက်ခြင်း

ကာဒီနယ်ချားစ်ဘိုမှ ၎င်း၏ အမည် ဖြင့် အမည်မသိသူ တဉီးဉီးမှ ဖွင့်ထားသော တွီတာအကောင့်ကိုဖျက်သိမ်းခိုင်း လိုက်ခြင်း

ကာဒီနယ်ချားစ်ဘိုမှ ၎င်း၏ အမည် ဖြင့် အမည်မသိသူ တဉီးဉီးမှ ဖွင့်ထားသော တွီတာအကောင့်ကိုဖျက်သိမ်းခိုင်း လိုက်ခြင်း

တွီတာကုမ္မဏီမှ ကာဒီနယ်ချားစ်ဘိုအမည်ဖြင့်ဖွင့်ထားသောတွီတာ အကောင့်ကိုဖျက် သိမ်းလိုက်​ပြီဖြစ်ပါသည်။

အဘယ်ကြောင့် ဆိုသော်ဖျက်သိမ်းရန်တောင်းဆိုသော ကြောင့်ဖြစ်​သည်ဟု တွီတာမှထုတ်ပြန်ပါသည်။ ထိုသတင်းထုတ်ပြန်ချက်နှင့်ပတ် သက်၍ အဆိုပါအမည်နှင့်တွီတာကိုဖျက်သိမ်းပေးရန်တောင်းဆိုသူမှာကာဒီနယ်ကိုယ် တိုင်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းကိုယ်တိုင်အ ကောင့်ဖွင့်ခြင်းမဟုတ်သလို၊ သုံးခြင်းလည်း မပြုဘဲ ကာဒီနယ်အမည်ကို အခြားသူ တဉီးဉီးက အသုံးပြုထားသော ကြောင့်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

ထို့အတူဗာ တီကန်၏ သ တင်း အချက်အလက်များရှာ ဖွေတင်ဆက်သောဌာနဖြစ်သည့် Fides သတင်းဌာနသို့လည်းကာဒီနယ်၏ အတွင်း ရေးမှူးက ကာဒီနယ်သည်ဖေ့စ်ဘွခ် (သို့) တွီတာလူမှု ကွန် ရက်ကိုသုံးလေ့မရှိကြောင်း၊ ထို့ကြောင့်ကာဒီနယ်အမည်ဖြင့်ဖြင့် ဖွင့်ထားသော တွီတာစာမျက် နှာပေါ်၌တင်ထားသောအကြောင်း အရာများ သည် ကာဒီနယ်တင်ထားခြင်းမဟုတ်ကြောင်းကိုလည်းရှင်းပြခဲ့သည်။

အဆိုပါတွီတာ၌ ဆန္ဒပြသူများအား၊ ရဲများကပစ်ခတ်ဖြိုခွင်းစဉ်ကက်သလစ်သီလ ရှင်တစ်ပါးက ပစ်ခတ်ဖြိုခွင်း မှုမပြုရန်ဒူးထောက်တောင်း ပန်နေသည့်ပုံကိုဖော်ပြထား သည်။ အဆိုပါပုံသည် ကာဒီနယ်ချားဘိုလ်၏တွီတာတွင်ဖော်ပြ ထားကြောင်းဖြင့် ကမ္ဘာ့မီဒီယာများ၌လည်းဖော်ပြ‌ ရေးသားနေကြသည်။ အဆိုပါပုံသည်မြင်ရသူတိုင်း၏စိတ်ကိုအလွန်၀မ်းနည်းကြေကွဲစေသည့်မြင်ကွင်းဖြစ်သည်။

ကာဒီနယ်၏အမည်ဖြင့်ဖွင့်ထားသောတွီတာအကောင့်အားဖျက်သိမ်းလိုက်သော အခါ အချို့သောမီဒီယာများက ဤသို့ဖျက်သိမ်းခံရခြင်းသည် စစ်ဖက်အဖွဲ့၏ လက် ချက်ဖြစ်သည်ထိုအဖွဲ့၌တာ၀န်ရှိသည်ဟု ရေး သားပြောဆိုကြသည်။ သို့သော် Fides သတင်းဌာန၏ပြောကြားချက်အရစစ်ဖက်အဖွဲ့၏လက်ချက်ဖြင့်ဖျက်သိမ်းခံလိုက်ရခြင်းမဟုတ်ကြောင်း၊ ကာဒီနယ်ကိုယ်တိုင်ကသူ၏တွီတာလည်းမဟုတ်ကြောင်း၊ ထို့ ကြောင့် ကာဒီနယ်ကိုယ်တိုင်ကဖျက်သိမ်းပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြေရှင်ထားပါသည်။

ကာဒီနယ်ချားစ်ဘိုအနေ ဖြင့် သူ၏တနင်္ဂနွေနေ့ဩဝါဒ ဟောကြားခြင်းမှလွဲ၍မည်သည့် တရား၀င်ကြေငြာချက်မျိုးမှထုတ်ပြန်ခြင်းမရှိကြောင်း Fides သတင်းဌာန ကဆက်လက်ရှင်းပြထားပါ သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38tLsCV

Add new comment

3 + 16 =