ကာဒီနယ် Urosa Savino ပျံလွန်သွားခြင်းအတွက် ရဟန်းမင်းကြီးဖရန်စစ် ၀မ်းနည်းဆုတောင်း သ၀တ်လွှာပေးပို့

ကာဒီနယ် Urosa Savino ပျံလွန်သွားခြင်းအတွက် ရဟန်းမင်းကြီးဖရန်စစ် ၀မ်းနည်းဆုတောင်း သ၀တ်လွှာပေးပို့

             ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီနယ် Urosa Savino ပျံလွန်သွားခြင်းအတွက် ၀မ်းနည်း ကြောင်းဆုတောင်း သ၀တ်လွှာကိုကြေးနန်းစာဖြင့်ပေးပို့ခဲ့သည်။ ကာဒီနယ်သည် ကြာသပတေး နေ့ကပျံလွန်သွားခဲ့ပြီး၊ ပျံလွန်ချိန်၌ သက် တော် (၇၉) ရှိပြီဖြစ်သည်။ သူသည်ဗင်နီဇွဲလားနိုင်ငံ၏ ကာဒီနယ်ဖြစ်ပြီး၊ ဩဂုတ်လကုန်ပိုင်းမှစ၍ အထူးကြပ်မတ်ကုသမှုကိုခံယူခဲ့ပါသည်။ ကာဒီနယ်သည် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းနှင့်ကြုံတွေ့နေရသော ဗင်နီဇွဲလားပြည် သူများနှင့်အတူ နောက် ဆုံးအချိန်ထိရပ်တည်ခဲ့သည်။နိုင်ငံရေးခေါင်းဆောင်များအားလည်း နိုင်ငံတော်ကြီးယိုယွင်း လာနေမှု အား အချိန်မှီ ပြန်လည်ထူမနိုင်ရေး အတူတကွငြိမ်းချမ်းစွာဖြင့်အဖြေရှာကြရန် တိုက်တွန်းခဲ့ သည်။    

            ရဟန်းမင်းကြီး၏၀မ်းနည်းဆုတောင်းသ၀တ်လွှာထဲ၌ ‘အလွန်ဆက်ကပ်ပြီး၊ သစ္စာရှိသော သိုးထိန်းတစ်ပါး ဖြစ်ကြောင်း၊ ဘုရားသခင်နှင့်သာသနာ၏အမှုတော်ဆောင်ရာရန်သူ၏အသက်တာကို အမှန်တကယ် ဆက်ကပ်ထားသူ ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့် ယေဇူးသခင်အနေဖြင့် ကာဒီ နယ်အား ထာ၀ရမညှိုးမနွမ်းသော သရဖူကို ဆောင်းပေးပါစေကြောင်း၊ ကာဒီနယ်၏မိ သား စုများ လည်းဘုရားသခင်၏နှစ်သိမ့်ခြင်းခံစားရရန်ဆုတောင်းပေးပါ ကြောင်းဖြင့် ရဟန်းမင်းကြီး၏ ကောင်းကြီးနှင့်အတူ ကြေးနန်းစာကို လက်ရှိ၌ သာသနာ့တာ၀န်ခံကိုလည်းထမ်း ဆောင်နေသော ကာဒီနယ် Baltazar Enrique Porras Cardozo အားပေးပို့ခဲ့သည်။    

            ပျံလွန်ရသည့်အကြောင်းအရင်းမှာ ရောဂါဆိုးကြီးဖြစ်သော ကိုဗစ် (၁၉) ကြောင့်ဖြစ်ကြောင်း၊ ကာဒီနယ်၏ ကျန်ရှိရုပ်ကလပ်ကို သောကြာနေ့၌ Caracas ဂိုဏ်းချုပ်သာသနာ၏ ကက်သီဒြယ် ဖြစ် သော စိန့်အဲန်ဘုရားကျောင်း အတွင်း၌ မြေချမည်ဖြစ်ကြောင်း၊ သို့သော် (၉) ရက်ကြာ၀မ်းနည်းဆု တောင်းခြင်းအစီအစဉ်ဆက်လက်ရှိမည်ဖြစ် ကြောင်း၊ ကာဒီနယ်သည် ဗင်နီဇွဲလားနိုင်ငံ၏လူမှုရေး၊ နိုင်ငံရေးပဋိပက္ခာ၌ ဦးရှောင်မနေခဲ့ဘဲ သိုးထိန်းကောင်းတစ် ပါးပီသစွာဖြင့် အမှန်တရား၊ တရား မျှခြင်းဖက်မှမားမားမတ်မတ်ရပ်တည်၍ အာဏာပိုင်များအားတောင်းဆိုခဲ့သူဖြစ် ၍ ပြည်သူများ ၏ချစ်ခင်ယုံကြည်မူရရှိထားသူဖြစ်သည်။ ဖိနှိပ်ခံများ၊ ဆင်းရဲနွမ်းပါးချို့တဲ့နေ သူများအတွက် အသံ တိတ်မနေခဲ့ပေ။

            လူမှုရေးနယ်ပယ်၌သော်လည်းကောင်း၊ သာသနာအတွင်း၌သော်လည်းကောင်း စည်းလုံးခြင်း ရှိစေရန် တိုး မြှင့်လုပ်ဆောင်ခဲ့သည်။ မပျံလွန်မီရက်အနည်းငယ်၌ ကာဒီနယ်၏ဘုရားသခင် ကိုလည်း ကောင်း၊ သာသနာတော်ကြီး ကိုလည်းကောင်း ချစ်ကြောင်းဖော်ပြသောသတင်းစကားကို ဗင်နီးဇွဲလား လူထုများကြားသိစေရန်ဖော်ပြခဲ့သည်။ သူ ပါးသောသတင်းစကား၌ ကာဒီနယ်အနေဖြင့် စက္ကရာမင်တူးများကိုခံယူလိုကြောင်း၊ ဘုရားသခင်အနေဖြင့် ဗင်နီဇွဲ လားနိုင်ငံရှိသာသနာ တော်ကြီးကိုကောင်းကြီးပေးပါရန်၊ သို့မှသာ အစဉ်စည်းလုံးညီညွှတ်မည်ဖြစ်ဟု ဆန္ဒပြုဆု တောင်းပေးခဲ့သည်။ ယခုကာဒီနယ်ပျံလွန်သွားခြင်းကြောင့် လက်ရှိ၌ ကာဒီနယ် (၂၁၈) ပါး သာသက်ရှိထင်ရှားရှိပြီး၊ (၁၂၁) သာ သက်တော် (၈၀) မကျော်သေးသောကြောင့် ရဟန်းမင်းကြီး ရွေးချယ်တင်မြောက်ရန်အကြောင်းဖန်လာပါ ကမဲပေးနိုင်ပြီး၊ (၉၇) ပါးမှာ သက်တော် (၈၀) ကျော်ပြီဖြစ်၍ မဲပေးပိုင်ခွင့်မရှိတော့ပေ။   

 ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ် 

https://bit.ly/3o7IQmG

Add new comment

6 + 1 =