ကာဇာစတန်သို့ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းသည် ‘ငြိမ်းချမ်းရေး၊ ညှိနှိုင်းဆွေးနွေး ၍စည်းလုံး ခြင်းကိုဖွေရှာခြင်း’ ခရီးစဉ်ဖြစ်ဟု​ဆို

ကာဇာစတန်သို့ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းသည် ‘ငြိမ်းချမ်းရေး၊ ညှိနှိုင်းဆွေးနွေး ၍စည်းလုံး ခြင်းကိုဖွေရှာခြင်း’ ခရီးစဉ်ဖြစ်ဟု​ဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကာဇာစတန်နိုင်ငံ၏အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ်၌ Nur-Sultan သို့ရောက်ရှိလာခဲ့ရခြင်းအတွက် လွန်စွာဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း၊ ဤခရီးစဉ်သည် ငြိမ်းချမ်းရေးကိုညှိုနှိုင်းဆွေးနွေး၍စည်းလုံးခြင်းဖြင့်ဖွေရှာသော ခရီးစဉ်ဖြစ်ကြောင်းစက်တင်ဘာလ (၁၃) ရက်နေ့ကမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးက သူ၏မိန့်ခွန်း၌ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့်သဟဇာတဖြစ်ရေးကိုလိုအပ်နေကြောင်း၊ သူ၏ခရီးစဉ်သည် ငြိမ်းချမ်း ရေး၊ ညီညွှတ်ခြင်းနှင့်ဘာသာပေါင်းစုံတွေစုံညှိုနှိုင်းဆွေးနွေးခြင်းကိုဦးတည်ထားသောကြောင့် ငြိမ်းချမ်း ရေးခရီးစဉ်ဖြစ်ကြောင်းစက်တင်ဘာ လ (၁၃) ရက်နေ့ကမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကာဇာစတန်သို့ကြွရောက်ရခြင်းမှာ (၇) ကြိမ်မြောက် ကမ္ဘာ့ဘာသာပေါင်းစုံခေါင်းဆောင်များ၏ကွန်ဂရက်စ်သို့တက်ရောက်ရန်လည်းဖြစ်သည်။

ရဟန်းမင်းကြီး၏ခရီး စဉ်သည် စက်တင်ဘာလ (၁၃ - ၁၆) အထိဖြစ်သည်။ ၎င်းက ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းရေးကိုဆက်ကပ်လုပ် ဆောင်ကြရန်တိုက်တွန်းခဲ့သည်။ နူးကလီးယားလက်နက်အား လက်မခံဘဲ ပြတ်သားခိုင်မာစွာပယ်ချ သော ကာဇက်စတန်နိုင်ငံ၏ရပ်တည်ချက်ကိုအလွန်ကြည်နူးရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာဗွန်လောင်စာကိုအသုံးပြုခြင်းထက် သန့်စင်သောစွမ်းအားအရင်းအမြစ်ကိုအသုံးပြုသွားမည်ဖြစ် သည်ကိုသိရ၍၀မ်းသာကျေနပ်ရကြောင်း၊ ငြိမ်းချမ်းရေးကိုပိုင်ဆိုင်ရန်မှာ သဟဇာတဖြစ်မှုကိုမဖြစ်မနေပါ ရမည့်အချက်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘာသာပေါင်းစုံခေါင်းဆောင်တို့အားလည်း သဟဇာတရှိရေး၊ သမိုင်း၌ အဘယ် သို့လုပ်ဆောင်ခဲ့ကြကြောင်း၊ အစဉ်အလာအဘယ်သို့ရှိခဲ့ကြောင်းကိုဖွေရှာကြရန်တိုက်တွန်းခဲ့ သည်။

ရဟန်းမင်းကြီးက ကာဇက်စတန်နိုင်ငံ၏ဆောင်းနှင့်နွေရာသီတို့၏ဆန့်ကျင်ဘက်ရာသီဥတုအ ခြေအနေကို dombra (ကက်ဇက်စတန်နိုင်ငံ ကြိုးနှစ်ပင်တပ်ဒေသတူရိယာတစ်မျိုး) ပမာဆောင်၍ မျက်မှောက်နှင့်အ တိတ်မြို့များ၏သဟဇာတ ဖြစ်မှုကိုရှင်းပြခဲ့သည်။

အာရှနှင့် ဥရောပအငွေ့အသက်ကို ပေးနေကြောင်း တိုက် ကြီးနှစ်တိုက်၏တာ၀န်ကိုချိပ်ဆက်ပေးနေကြောင်။ ရဟန်းမင်းကြီးသည် dombra ကိုပမာဆောင်၍ အသွင်မတူသောဒွန်တွဲမှုဆက်လက်ရှိနေခြင်း၏သင်္ကေတဖြစ်သည်ဟုဆိုသည်။ ကြိုးနှစ်ပင်အနက် တစ်ပင်သည်အတိတ်ကိုလည်းကောင်း၊ ကျန်တစ်ပင်မှာ ပစ္စုပ္ပုန် ကိုလည်းကောင်းပုံဆောင်ပြီး ပညာရှိတို့ ၏အဆိုအမိန့်များကိုရွတ်ဆိုရင်းတီးခတ်ရကြောင်း ၊ ကာဇက်စတန်နိုင်ငံသည် လူမျိုးပေါင်းစုံသည်။ လူ့ယဉ်ကျေးမှုစုံသည်။ ဘာသာပေါင်းစုံရှိသည်။ ဆုံ ဆည်းသည့်နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံအတွင်း၌ မျိုးနွယ်စု ပေါင်း (၅၅၀) ရှိပြီး၊ ဘာသာစကား (၈၀) ကျော်ရှိသည်ဟုဆိုသည်။

ရဟန်းမင်းကြီးက သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်း တွေ့ဆုံညှိနှိုင်းခြင်းသည် မျှော်လင့်ခြင်း၏မျိုးစေ့ကိုဘုံလူမှုအသိုင်းအဝိုင်း ၌ကြဲချလိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းသူ၏ရှိနေ ခြင်းကား တွေ့ဆုံဆွေးနွေးရေးသည် အလွန်အရေးကြီးသကဲ့သို့ အရေးပေါ်လည်းဖြစ်နေကြောင်း၊ ဤအခြေအနေ၌ အထူးသဖြင့်ဘာသာရေးသည်ပါ၀င်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးလွတ် လပ်မှုဟူသည် နိုင်ငံအတွင်းဒွန်တွဲနေထိုင်ရန်အတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်အတွက် မျိုးစေ့ချရန်မှာ ကျွန်ုပ်တို့တစ်ဦးစီ၏ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်သည် ပစ္စုပ္ပုန်၌ လည်း ကောင်း၊ အနာဂတ်၌လည်းကောင်း အကျုံး၀င်စေမည့်ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ဂုဏ်ကျက်သရေရှိသောယဉ်ကျေးမှု၊ လူသားထုနှင့်ဒုက္ခဝေဒနာများအကြောင်းကိုလည်း မိန့်ကြားခဲ့သည်။

‘ကာဇက်ခ်’ (Kazakh) ၏အနက်ကား ‘လွတ်လပ်စွာလျှောက်လှမ်းခြင်း၊ လွတ်လပ်ခြင်း’ ဟုဆို လိုသည်။ နိုင်ငံ့သမိုင်း၌ ချွေးတပ်စခန်းများနှင့်နိုင်ငံ့ရပ်ခြားမှဖမ်းဆီးခေါ်ဆောင်လာခဲ့သူများရှိကြောင်း၊ သို့သော် Kazakh တို့အနေဖြင့် ဤမ
မတရာ မှုများ၌ပိတ်လှောင်မနေခဲ့။ သီးခြားနေခဲ့သည့်အတွေ့အကြုံ ကြောင့်အများနှင့်ပူးပေါင်းရန်ဖြစ်လာစေခဲ့သည်။ အတိတ်၏‌ေ၀ဒနာနှင့်စိန်ခေါ်ချက်များသည် အနာ ဂတ်၌လူ့ဂုဏ်သိက္ခာ၊ အမျိုးသမီး၊ အမျိုးသားတိုင်း၏ဂုဏ်သိက္ခာနှင့်မျိုးနွယ်စု၊ လူမှုရေးနှင့်ဘာသာရေး အသင်းအဖွဲ့အားလုံး၏ဂုဏ်သိက္ခာဦးစားပေးလုပ်ဆောင်ရန်အတွေးများရစေမည်မှာမလွဲဧကန်ပင်ဖြစ်သည်။

ရဟန်းမင်းကြီးက လူ့အသက်ကိုတန်ဖိုးထားသောကြောင့် သေဒဏ်စီရင်ချက်ကိုလည်းဖျက်သိမ်း လိုက်သည့်အတွက် ကြိုဆို၀မ်းမြောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အသက်ရှင်ခွင့်ရှိ သည်။ နိုင်ငံ၏သမ္မတ Kassym-Jomart Tokayev က မည်သည့်ပြစ်မှုကြောင့်ဖြစ်စေ သေဒဏ်ချမှတ် သည့်ပြစ်ဒဏ်ကိုဖျက်သိမ်းပြီး၊ (၂၀၂၁၊ ဒီဇင်ဘာလ ၂၉) ရက်နေ့၌ တစ်သက်တစ်ကျွန်းအဖြစ်ပြောင်းလဲ ဥပဒေပြုအတည်ပြုခဲ့သည်။ ဤအတွက်လည်းချီးမွမ်းခဲ့သည်။

နိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေး လုပ် ဆောင်ချက်သည် ပါလီမန်နှင့်ဒေသအစိုးရတို့အား အစွမ်းအစများပိုမိုထုတ်ဖော်ခွင့်ကိုရစေသည်။ ဤ လုပ်ဆောင်ချက်သည် အလွန်အကျိုးထူးစေသောနည်းလမ်းဖြစ်ကြောင်း၊ သို့သော် ပန်းတိုင်သို့ရောက်ရှိရန် မှာ ဇွဲရှိရန်လိုအပ်ကြောင်းရဟန်းမင်းကြီးကချီးမွမ်းမြွက်ကြားခဲ့သည်။

အာဗီအေဘာစာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LkWoVw

Add new comment

1 + 5 =