ကာဇာခ်စတန် နိုင်ငံ အာလ်မာတီ မြို့အနီးလေယာဉ်ပျက်ကျမှုအတွက်ရဟန်းမင်းကြီးဆုတောင်းပေးခြင်း

ကာဇာခ်စတန် နိုင်ငံ အာလ်မာတီ မြို့အနီးလေယာဉ်ပျက်ကျမှု

ကာဇာခ်စတန် နိုင်ငံ အာလ်မာတီ မြို့အနီးလေယာဉ်ပျက်ကျမှုအတွက်ရဟန်းမင်းကြီးဆုတောင်းပေးခြင်း
ဒီဇင်ဘာလ၂၇၊ ၂၀၁၉

ပြီးခဲ့သောသောကြာနေ့က ကာဇာခ်စတန် နိုင်ငံအာလ်မာတီ မြို့မှ မြို့တော် နာဆူလတန် သို့ သွားရန် ခရီးသည် ၁၀၀ နီးပါးတင်ဆောင်လာသည့် လေယာဉ် ပျံတက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းတွင် ၁၂ ဦးသေဆုံးခဲ့ပြီး ခရီးသည်အများအပြား ဒဏ်ရာရရှိခဲ့ကြပါသည်။
ယင်းလေယာဉ်ပျက်ကျမှုသတင်းကိုကြားသိခဲ့ရသော ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်၊

ယင်းသဝဏ်လွှာတွင် ရဟန်းမင်းကြီးမှ သေဆုံးကြရသောသူများ၏ဝိညာဉ်များအတွက်ဆုတောင်းပေးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြန်လည်ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကာ၊ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသူများကိုလည်းအားပေးခဲ့ပါသည်။
ယင်းသဝဏ်လွှာကို ရဟန်းမင်းကြီးကိုယ်စား ဗာတီကန်နိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ်၊ ရဟန်းမင်းအမတ် ကာဒီနယ် ပီရဲတရို ပါရိုလင်းမှ ပေးပို့ခဲ့ပါသည်။

https://bit.ly/2ry2PA6
#rvamyanmarservice
Credits to Vatican News

Add new comment

4 + 10 =