ကာဇက်စတန် ဆရာတော်က အရှင်သူမြတ်၏ခရီးစဉ်ဟာ ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်

ကာဇက်စတန် ဆရာတော်က အရှင်သူမြတ်၏ခရီးစဉ်ဟာ ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်

ဆရာတော် Adelio Dell'Oro က ကာဇက်စတန်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကြွ လာမည့် ခရီးစဉ်ကို ကာဇက်စတန်နိုင်ငံအတွက် မျှော်လင့်ထားပြီး ဒါဟာ အားလုံးအတွက် ကြီးမြတ်တဲ့ ကောင်းချီး နဲ့ ဝမ်းမြောက်ဝမ်းသာမှု ပဲဖြစ်တယ်လို့ဆိုပါတယ်။

အရှင်သူမြတ်ဟာ သူနှင့်အတူ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးနဲ့စည်းလုံးညီညွတ်မှုတွေ ယူဆောင်လာမယ်" ဆိုပြီး ဆရာတော် Adelio Dell'Oro က ပြောကြားခဲ့ပြီး အရှင်သူမြတ်က ကနေဒါကနေ ရောမမြို့ကို လေကြောင်းခရီးနဲ့ ခရီးပြုပြီး ကာဇက်စတန်နိုင်ငံသို့ သွားရောက်လည်ပတ်နိုင်ခြေကို ရည်ညွှန်းပြောဆိုပြီးတဲ့နောက်မှာ အရှင်သူမြတ်က ဗဟိုအာရှနိုင်ငံကို စက်တင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ သာသနာပြုခရီးစတင်မှာဖြစ်ကြောင်းကို ဗာတီကန်ရုံးတော်မှ အတည်ပြုပြောကြားခဲ့ကြောင်း

အရှင်သူမြတ်ရဲ့ လာမည့်ခရီးစဉ်ဟာ ကာဇက်စတန်နိုင်ငံ၊ Nur-Sultan မှာ ကျင်းပမဲ့ ခုနှစ်ကြိမ်မြောက် ကမ္ဘာဘာသာရေးခေါင်းဆောင်များနှင့်ရှေးရိုးဘာသာရေးခေါင်းဆောင်များ ညီလာခံကို လာရောက်တက်ရောက်မှာဖြစ်ပါတယ်။

"အရှင်သူမြတ်နဲ့ ကာဇက်စတန် သမ္မတ တို့ရဲ့တရားဝင်ထုတ်ပြန်ချက်ကိုကျွန်ုပ်တို့စိတ်အားထက်သန်စွာစောင့်ဆိုင်းနေပါတယ်" ဆိုပြီး သံအမတ်ကြီးကပြောကြားခဲ့သလို

ဆရာတော် Adelio Dell'Oro ကလည်း "ယခုကျွန်ုပ်တို့က အရှင်သူမြတ်အား ကျွန်ုပ်တို့နဲ့အတူ ကမ္ဘာကြီးအား ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုတွေကို ကူညီမှုပေးစွမ်းနိုင်မယ့် မျှော်လင့်ချက်နဲ့ အရှင်သူမြတ်အား စိတ်နှလုံးအကြွင်းမဲ့ စောင့်မျှော်လျက်ရှိနေပါတယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး‌တော့လည်း အရှင်သူမြတ် ခရီးစဉ်အတွက် ကြိုတင် တရားဝင်အစီအစဉ်ကို ထုတ်ပြန်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဆရာတော်က ပြောကြားခဲ့ပြီး

ပုပ်ရဟန်းမင်းကြီးထံ သွားရောက်ချင်သူအားလုံးကိုလည်း ပို့ဆောင်ရေးအတွက် အကူ အညီပေးရန် ကာဇက်စတန်သမ္မတ က တောင်းဆိုထားပြီးဖြစ်ကြောင်းကို ဆရာတော်က အတည်ပြုပြောကြားခဲ့တာပါ။

ကာဇက်စတန်နိုင်ငံဟာ "လူမျိုးပေါင်း ၁၃၀ ကျော်နဲ့ ဘာသာတရားများစွာ နေထိုင်တဲ့နိုင်ငံ” ဖြစ်တယ်ဆိုပြီး လည်းဆရာတော်က ပြောကြားခဲ့ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်
https://bit.ly/3PemKJ9

Add new comment

1 + 1 =