Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကလေးလုပ်သားပြသာနာသည်ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သည် ဟုပုပ်ဖရန်စစ်မြွက်ကြား
ကလေးလုပ်သားပြသာနာသည်ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သည် ဟုပုပ်ဖရန်စစ်မြွက်ကြား
ယမန်နေ့သည်ဗုဒ္ဓဟူးနေ့ဖြစ်၍ရဟန်းမင်းကြီးသည်ကမ္ဘာတစ်ဝှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံလေ့ ရှိသောနေ့တစ်နေ့ဖြစ်သည်။ ထိုတွေ့ဆုံစဉ်၌အရွယ်မရောက်သေးသောကလေးများသည် မိမိတို့အ သက်၌ရရှိရမည့်အခွင့်အရေးများဆုံးရှုံးပြီး၊ အလုပ်လုပ်နေရသည့်အကြောင်းကိုထည့်သွင်းမိန့်ကြားခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် (ဇွန်လ ၁၂) ရက်နေ့သည် ‘ကလေးသူငယ်များအားအလုပ်ခိုင်းစေခြင်း ကိုတိုက်ဖျက်သောအပြည်ပြည်ဆိုင်ရာနေ့’ ဖြစ်သည်။ အရွယ်မရောက်သေးသောကလေးများအားဤ သို့အလုပ်ခိုင်းစေခြင်းဖြင့်ယောင်္ကျာလေး၊ မိန်းခလေးငယ်တို့၏ဘက်စုံလွှမ်းခြုံသောဖွံ့ဖြိုးမူဘေးသင့် ရောက်စေသည်။
လက်ရှိအရေးပေါ်ကျန်းမာ ရေးအခြေအနေ၌ နိုင်ငံအတော်များများတွင် ကလေးများ၊ လူငယ်များ သည်အသက်အရွယ်မရောက်မီ၄င်းတို့၏အရွယ်နှင့်အသက်နှင့်မမျှသော အလုပ်များကိုလုပ်ကိုင် ၍မိသားစုကိုချွတ်ခြုံကျမွှဲတေမူကို၀င်ရောက်ကူညီနေကြရသည်။ အချို့သောအမူများသည်အလုပ်လုပ်သည်ဟု ပင်မဆိုနိုင်သောကျွန်ပြုမူ၊ အကျဉ်းချထားမူဖြစ်ပြီး၊ ဤသို့ပြုလုပ်ခြင်းဖြင့်ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်နာ ကျင်မူများဖြစ်ပေါ်ခံစားကြရသည်။ ဤအခြေအနေကိုကာကွယ်ဟန့်တားရန်မှာကျွန်ုပ်တို့အားလုံး၌ တာ၀န်ရှိသည်။
လူမူကူညီရေးလုပ်ငန်းကိုလုပ်ဆောင်နေကြသောအသင်းအဖွဲ့ကြီးငယ်များအားလုံးကိုကျွန်ုပ်မေ တာရပ်ခံပန်ကြားလိုသည်မှာအသက်မပြည့်သေးသောကလေးများအားဖြစ်နိုင်သည့်နည်းလမ်း များဖြင့် ကာကွယ်ဟန့်တားပေးကြပါ။ ဤသို့ပြုလုပ်ရန်မှာဆင်းရဲချမ်းသာကွာဟမူ၊ ၀င်ငွေ (လုပ်အားခ) ရရှိမူ ကွာဟလွန်းခြင်းတို့သည်ဤစိတ်မကောင်းစရာလူမူရေးပြသာနာကိုပေါက်ကွဲထွက်ပေါ်လာစေပြီး၊ အ သက် မပြည့်သေးသောကလေးများသည်မြေဇာပင်ဖြစ်နေကြရသည်။ အမှန်ဆိုသော်ကလေးသူငယ်များသည် လူသားမိသားစု၏အနာဂါတ်၏ခေါင်းဆောင်များဖြစ်ကြသည်။ ၄င်းတို့သည်ကျန်းမာသန်စွမ်းစွာ၊ အေး ချမ်းတည်ငြိမ်စွာဖွံ့ဖြိုး လာအောင်ကူညီပျိုးထောင်ပေးခြင်းသည်ကျွန်ုပ်တို့အားလုံး၏တာ၀န်တစ်ရပ် ဖြစ်သည်ဟုမိန့်ကြားခဲ့ပါသည်။
ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်
Photo credit: AFP Or Licensors
Add new comment