ကလေးများ၏ ခရူးစူးကားလျှောက်ခြင်းထောက်ရူချက်များ

ကလေးများ၏ ခရူးစူးကားလျှောက်ခြင်းထောက်ရူချက်များ

ယေဇူးကျွန်ုပ်တို့အားကြောက်စိတ်များမှကင်းဝေးစေတော်မူပါ။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်ခရူးစူးကားလျှောက်ခြင်း၏‌ထောက်ရူချက်များနှင့်ရုပ်စုံပုံများကို ရောမသာသနာအုပ် စုမှ ကင်း ထောက်ကလေးများအားထောက် ရူစေခဲ့သည်။ ထိုထောက်ရူချက်များကိုသော ကြာနေ့ကြီးည စိန့်ပီတာရင် ပြင်တွင် ရဟန်း မင်းကြီးဖရန် စစ်ဦးဆောင် လျှောက်လှမ်းမည့်ခရူးစူးလမ်းတော်၌ ဖတ်ကြားဆု‌တောင်းရမည်ဖြစ် သည်။ ၄င်းတို့သည်ငယ်ရွယ်သော် လည်းရိုးသားပြီး၊ အ လွန်လက်တွေ့ကျသောထောက် ရူချက်များကိုရေး သားနိုင်ပြီး၊ ထိမိလှပါသည်။ ထောက်ရူချက်များသည်ကျွန်ုပ်တို့ လူကြီးများအားလည်း ပိုမိုကောင်းသော၊ ပို၍တရားမျှတသောကမ္ဘာအတွက် စဉ်းစားရန်၊ အလုပ်လုပ်ရန်အတွေးများစွာကိုပေးပါ သည်။

ကမ္ဘာ့ကလေ:များ၏ မြောက် မြားလှသောကားတိုင်တော်များ

ကလေးများ၏ဒုက္ခများကို တစ်ခါတစ်ရံလစ်လျူရူခံရ တတ်၊ အပေါ်ယံမျှကြည့်၍ အရေးပေးမခံရတတ်ပေ။ ဤခရူးစူးကား တိုင်လမ်းထောက်ရူချက်စာအုပ်သေး၌ ကလေးများသည် ‘ချစ်ရသောယေဇူး၊ ကျွန်ုပ်တို့ကလေးများလည်း ထမ်းနေရသောကားတိုင် များစွာရှိသည်။ ကားတိုင်များ သည် လူကြီးတို့၏ကားတိုင်များထက်မပေါ့၊ မလေးပေ။ သို့သော်အမှန်တကယ်ကားတိုင်စစ်စစ်ဖြစ် သည်။ နေ့အချိန်၌သာမဟုတ်။ ညအချိန်ထိထမ်းနေရသည်။ ထိုကားတိုင်များကို ကိုယ်တော်သာအသိဆုံးဖြစ်ပြီး၊ ထိုကားတိုင်များ ကိုလည်းအလေးထား၍ခံထမ်းနေ‌ကြပါသည်။ ထိုကားတိုင်များကား မှောင်မိုက်ခြင်း၊ အထီးကျန်ခြင်း၊ ပစ်ပယ်ခံရခြင်းများကိုကြောက် ရွံ့ခြင်းတို့ဖြစ်သည်။ ဤသို့ဖြစ်ပေါ်ခံစားရခြင်းမှာ ကပ်ရောဂါဆိုးကြောင့်သော်လည်းကောင်း၊ မိမိတို့တစ်ဦးစီ၏ခံစားချက်အတိုင်းအ တာများကြောင့်သော်လည်းကောင်း၊ အခြားသူများ၏လှောင်ပြောင်ခံရခြင်း၊ ဖြစ်သင့်သည်ထက်နွမ်း ပါးချို့တဲ့နေခြင်း၊ မိသားစုအတွင်း အချေအတင်ပြောဆိုမူ‌များဖြစ်ကြသည်။ သို့သော်အချို့သောသူများမှာ ‘ဘာမျှစားစရာမရှိ၊ ကျောင်းသွား ၍ပညာမသင်ကြားနိုင်၊ အ သုံးချခံနေရသူများ၊ အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရ’ သည့်ဒုက္ခများကိုကြုံနေရသည်။ ယေဇူး၊ ကိုယ်တော်သည်တပည့် တော်တို့နှင့်အစဉ်အနီးအပါးတွင်ရှိပြီး၊ တပည့် တော်တို့ကိုမည်သည့်အခြေ အနေမျိုး၌ဖြစ်စေ စွန့်ပစ်သွားမည်မဟုတ်။ အိုယေဇူး၊ ကိုယ် တော်သည် ကိုယ်တော်၏ကားတိုင်ကိုထမ်းခဲ့သည်နည်းတူ တပည့်တော်တို့၏နေ့စဉ်ကားတိုင်ကိုထမ်းနိုင်ရန်ကူညီတော်မူပါ’ ဟုထောက်ရူထား သည်။

အပြစ်မဲ့သူများကိုမတရားစွပ်စွဲခြင်းနှင့်သတ္တိမရှိခြင်း

ပထမအရပ်

ဤထောက်ရူချက်၌ ပထမတန်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကိုခြေခံ၍ ထောက်ရူထားသည်။ ‘မတ်ခ်’ ဟု‌ခေါ်သောက လေးတစ်ယောက်သည် အတန်းဖော်သူငယ်ချင်း၏မုန့်ကိုခိုးစားသည်ဟုစွပ်စွဲခံခဲ့ရသည်။ အတန်းဖော်အချို့က ‘မတ်ခ်’ မခိုးစား၊ ‘မတ်ခ်’ အပြစ်မရှိဟုသိကြသည်။ သို့သော်ထုတ်ဖော်ပြော၍ ကာကွယ်ရပ်တည်ပေးရန်မကြိုးစားကြ။ အမှန်တရားကိုထုတ်ဖော်မ ပြောခဲ့သော ဤထောက်ရူချက်ကိုပေးသူကိုယ်တိုင် သူရဲဘောနည်းသောသူ့ကိုယ်သူရွံ့မုန်းမိသည်။ သူသည်ပီလာတူးမင်းကဲ့သို့ပြု ကျင့်ခဲ့သည်။ ယခုစိတ်မကောင်းကြီးစွာဖြစ်နေရသည်။ အဘယ် ကြောင့်ဆိုသော် သူသည်အ တိုက်အခံမရှိသော အလွယ်လမ်းကိုရွေး ခဲ့သည်။ ကျွန်ုပ်တို့သည်မကြာခဏ အခြားသူ များ၏အထင်အမြင်ကိုသာဦးစားပေးနားယောင်ပြီး၊ မ ကောင်းမူ၊ မတရားမူကိုကျူး လွန် ကြသည်။ ကောင်းမူကိုပြုခြင်းသည် မတ်စောက်သောတောင်ကိုတက်ရသကဲ့သို့ ခက် ခဲသည်၊ အတားအဆီးများ သည်ဟုခံစားနေ တတ်၏။ သို့သော် ကျွန်ုပ်တို့၏ နံဘေး ၌ယေဇူးသိင်ရှိနေပါသည်။ ကျွန်ုပ်တို့ကိုအားပေးရန်၊ ကူညီအမြဲအသင့်ရှိနေပါသည်။

ဒုတိယအရပ် - ယေဇူးသခင်လက်၀ါးကပ်တိုင်ကိုထပ်းယူတော်မူသည့်အရပ်

လုပ်ဆောင်ချက်များသည် တစ်ပါးသူအားထိခိုက်စေနိုင်ပါသည်။

သံလုကာ၏ဧ၀ဂေလိကျမ်းစားတော်၌ ယေဇူးသခင်သည် အာဏာသားတို့၏ လှောင် ပြောင်ခြင်း၊ ရိုက်နက်ခြင်းကိုခံရသည် ဟုဆိုပါသည်။ကလေး သူငယ်များကြား၌ လှောင် ပြောင်ကျီစယ်ခြင်းသည် ပြုလေ့ပြုထရှိပါသည်။ တစ်ခါ တစ်ရံအနိုင်ကျင့်ဗိုလ်ကျ သည်အထိဖြစ်တတ်သည်။ ဥပမာအားဖြင့် ‘မာတီးနာ’ ကဲ့သို့ဖြစ်မည်။ သူသည်အတန်းထဲ၌စာကိုကျယ်လောင်စွာဖတ်ရန်မ၀မရဲဖြစ် သည်။ အဘယ် ကြောင့်ဆိုသော် သူ၏အတန်းဖော်များသည်သူ့အားလှောင် ပြောင်ရယ်မောကြတော့မည်ဟု တွေးနေသောကြောင့် လည်းဖြစ်နိုင်သည်။ သူ၏အတန်းဖော်ဖြစ်သော ကျွန်ုပ်တို့၏လှောင်ပြောင်ရယ်မောခြင်းသည် သူ့အားအဘယ်မျှထိခိုက်နာကြင်စေ သည်ကိုမတွေးမိ။ နှိပ်စက်ညှဉ်းပမ်းခြင်းသည် လွန်ခဲ့ သောနှစ်ပေါင်းနှစ်ထောင်‌ ကျော် ကအဖြစ်အပျက်သာမဟုတ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကျွန်ုပ်တို့၏စီရင်ဆုံး ဖြတ်ချက်၊ မတရားသဖြင့်ပြုမူခြင်းများသည် ကျွန်ုပ်တို့အနီး အ နားရှိညီအစ်ကိုမောင်နှမများကိုထိခိုက် နာကြင်စေသည်။

တတိယအရပ် - ယေဇူးသခင်ပထမအကြိမ်လဲတော်မူခြင်း

ကျရှုံးခြင်းကိုကြုံတွေ့ခြင်း

ယေဇူးသခင်သည် ကျွန်ုပ်တို့၏အပြစ်များကြောင့်ပူ လောင်နေရရှာသည်။ သူသည်ရိုက်နက်၊ ထုထောင်းခံရသည်။ အမျိုး မျိုးရှုံ့ချခံရသည်။ ဤအတွေ့အကြုံမျိုးသည် ကျောင်း၌အမြဲတော် သည်၊ တတ်သည်၊ လိမ်မာသည်ဟုသတ်မှတ်ခံထားရသော ကျောင်းသားတစ်ဦးနှင့်တူသည်။ သူ့ဘ၀၌ပထမဦးဆုံးအကြိမ်အဆင့်ကျသွားခြင်းနှင့်ကြုံလိုက်ရသည်။ (အဆင့်ကျသွားခြင်းသည် ကျရှုံးခြင်းမဟုတ်သေးပေ။ ပုံမှန်ရနေသောအဆင့်ကိုမရလိုက်ခြင်းသာဖြစ်သည်။) ဤသို့ကြုံတွေ့ရမည်၊ ဖြစ်လာမည်ဟုမမျှော် လင့်ခဲ့သောသူ့အတွက်မခံစားနိုင်။ လက်မခံနိုင်ဖြစ်ရပါတော့သည်။ အထီးကျန်သည်ဟုကျွန်ုတော်ခံစားလိုက်ရသည်။ အဘယ်သူ မျှသူ့အားနှစ်သိမ့်မူမပေးနိုင်ရှာ။ ထိုအ တွေ့အကြုံနှင့်ခံစားချက်သည် ကျွန်ုပ်အားရင့်ကျက်မူကိုဖွံ့ဖြိုးလာစေခဲ့သည်။ ကျွန်ုပ်တို့ သည်လဲကျနိုင်သည်။ ခလုတ်တိုက်နိုင်သည်။ သို့သော်ယေဇူးသခင်သည် ကျွန်ုပ်တို့ကိုထူမရန်အမြဲအသင့်ရှိနေပါသည် ဟုယခု ကျွန်တော်ခံယူတတ်နေပြီဖြစ်သည်။

စတုတ္ထအရပ် - ယေဇူးသခင်သူ၏မိခင်နှင့်ဆုံတွေ့ခြင်း

မိခင်၏မေတ္တာ

သံယောဟန်၏ဧဝံဂေလိကျမ်းလာ ကာနာမြို့လက်ထပ်ပွဲအကြောင်းကိုထောက်ရူထားသည်။ သားနှင့်မိခင်တို့အကြား ထားရှိသောဆက်ဆံမူကိုဗဟိုပြုထားသည်။ ကလေးများအား မိမိတို့၏မိခင်အ ကြောင်းစဉ်းစားရန်နှင့်မိခင်တို့၏ချစ်ခြင်းသည် သူ တို့သားသမီးများနှင့်အတူအစဉ်ရှိနေကြောင်းကိုထောက်ရူစေသည်။ မိခင်များသည် မိမိတို့၏ကလေးများကို ဘောလုံးကန်လေ့ ကျင်ခြင်း၊ ဘာ သာစကားသင်ကြားခြင်း၊ တနင်္ဂ နွေနေ့ဘုရားစကားတန်းသို့လိုက်ပို့ခြင်း စသည့်လက်တွေ့ကျသောလုပ်ဆောင်မူ များကိုပင်လုပ်ဆောင်ပေးလေ့ရှိသည်။ မိဘ၏အကူအညီကိုလိုအပ်သောသူများအနေဖြင့်လည်း မိဘများအားပိုကောင်း သောအကူ ညီဖြစ်စေရန်လိုအပ်သည့်အကြောင်းကိုမီး မောင်းထိုးပြထားသည်။ အကယ်၍ကျွန်ုပ်၌ ပြဿနာတစ်ခုခုရှိလျှင်သော် လည်း ကောင်း၊ မေးခွန်းတစ်ခုခု (သို့) မတင်မကျဖြစ်စေသောခံစားချက်များရှိနေလျှင်သော် လည်းကောင်း သူသည်ရွှင်ပြုံးစွာဖြင့်နားထောင်ပေးရန် အသင့်ရှိသည်။

ပဉ္စမအရပ် - ဆိုင်ရင်းမြို့သားစီမွန်ကိုယေဇူးသခင်၏ကားတိုင်ကိုကူထမ်းစေခြင်း

ယေဇူးသခင်ကိုအခြားသူများ၌မြင်တွေ့ခြင်း

အခြားသူများကိုကူညီရန် အခွင့်အ‌ရေး၊ အခြေအနေများစွာကြုံရတတ်ပါသည်။ ဤထောက်ရူချက်အတွက် ဖော်ပြထား သောသာဓကတစ်ခုမှာ မကြာမီကနယ်မြေအသစ်၊ ပတ်၀န်းကျင်အသစ်သို့ရောက်ရှိလာသော အိမ်နီးနာချင်းနိုင်ငံခြားသားကလေး တစ်ဦး၏အဖြစ်အပျက်ဖြစ်သည်။ သူသည်အခြားသောကလေးများဘောလုံဆော့ကစားနေသည်ကိုငေးမောလိုက်ကြည့်နေသည်။ သူ့ကိုယ်သူမိတ်ဆက်ရန်မ၀မရဲဖြစ်နေရှာသည်။ ဘောလုံးကစားနေသောကလေးများထဲမှတစ်ယောက်က ထိုသို့ဖြစ်နေသည်ကိုသ တိထားမိလိုက်၍ ထိုသူ့ထံသွား၍သူတို့နှင့်အတူကစားရန်စကားစပ်လိုက်သည်။ ‘ထိုအချိန်မှစ၍ Walid (သူစိမ်းကောင်လေး၏အ မည်) သည်သူ၏အကောင်းဆုံးသူ ငယ်ချင်းများထဲမှတစ်ဦးဖြစ်လာခဲ့သည်။ သူသည်ကျွန်ုပ်တို့အသင်းအတွက်ဂိုးဖမ်းသမားလည်း ဖြစ်လာသည်။ ကျွန်ုပ်တို့၏နီးစပ်သူညီအစ်ကိုများကိုဂရုစိုက်မှသာ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏နှလုံးသားကိုယေဇူးသခင်အားဖွင့်ဟ ကြိုဆိုလိုက်ခြင်းဖြစ်သည်’ ဟုရေးသားထားသည်။

ဆဌမအရပ် - အမျိုးသမီးတစ်ဦးသည်ယေဇူး၏မျက်နှာတော်ကိုပု၀ါဖြင့်သုတ်ပေးခြင်း

အထီးကျန်မူကိုလျော့နည်းသွားစေရန်အသေးအဖွဲအကူအညီတစ်ခုကိုပြုခြင်း

‘သင်တို့အားငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကိသင်တို့ပြုစုခဲ့ကြလျှင် ငါ့ကို ပင်ပြုစုကြပြီ’ ဟုယေဇူးသခင်သည် သံမာတေဦးဧ၀ဂေလိကျမ်း (၂၅: ၄၀) ၌မိန့်မြွတ်ချက်ကိုအခြေ ခံ၍ ထောက်ရူထားသည်။ က လေးများပင်လျင် ၄င်းတို့ ၏နေ့စဉ်ဘ၀ဖြတ်သန်းချိန်များ၌ အခက်အခဲများ၊ ၀မ်းနည်းစရာများ၊ တစ်ဦးဦး ၏အားပေးနှစ်သိမ့်မူကိုလို အပ်သည့်အချိန်မျိုးရှိလာတတ်သည်။ ဥပမာတစ်ခုကိုပြရပါမူ ဘောလုံးပွဲစဉ်၌ အ ကောင်းဆုံးအဖြစ်မျှော်လင့်ထားခဲ့သော်လည်း မှန်းထားသည့်အတိုင်းဖြစ်မလာသော အခါမျိုးဖြစ်သည်။ ပြိုင်ပွဲ၏ရလာဒ်ကြောင့်စိတ်ဓာတ်ကျသွားကြသည်။ ထိုအချိန်၌ ကျွန် တော့်သူငယ်ချင်းတစ်ယောက်သည် အချိုရည်ဗူးတစ်ဗူးကိုကိုင်၍ကျွန်တော်ထွက်အလာကိုစောင့်နေသည်။ သူ၏အားပေးနှစ်သိမ့် မူသည် ပြိုင်ပွဲကြောင့်ဖြစ်ပေါ်ခံစားနေခဲ့ရသော အလွန်ခံစားရဆိုးသည့်ခံစားချက်များပျောက် ပျက်လွင့်ထွက်သွားခဲ့ပါတော့သည်။

သတ္တမအရပ် - ယေဇူးသခင် ဒုတိယအကြိမ်လဲတော်မူခြင်း

အထူးလိုအပ်နေသူများကိုသတိရလိုက်ပါ။

ဤထောက်ရူချက်၌မူ ငါးတန်းကျောင်းသားလေး၏ အတွေ့အကြုံကိုတင်ပြထား သည်။ ပညာသင်နှစ် ၏အဆုံး ၌သူသည် ဘက်စုံထူးချွန်သော ‘စံပြ’ ကျောင်းသားအဖြစ်သတ်မှတ်ခံရရန်ရည်ရွယ် ၍ကြိုးစားခဲ့သည်။ မှန်းထားသကဲ့သို့မဟုတ်ဘဲ ဆရာမ သည် အခြားတစ်ယောက်ကိုရွေးချယ်လိုက်၏။ ဆရာမရွေးချယ်လိုက်သောသူသည် အတန်းထဲ၌အေးတိအေးစက်နိုင်လွန်းသူဖြစ် သည်။ ထိုသို့ဖြစ်စ၌အတော်ဒေါသထွက်မိခဲ့သည်။ နောက်ပိုင်း၌မူအခြေ အနေကိုလက်ခံလာနိုင်ခဲ့ပြီး၊ ပျော်ရွှင်လာခဲ့သည်။ ‘စံပြ’ အ ဖြစ်ရွေးချယ်ခံခဲ့ရသောကျောင်းသားလည်း အတန်း ၏လှုပ်ရှားမူများ၌ထဲထဲ၀င် ၀င်ပါ၀င်လာသည်။ ထိုသို့ပြောင်းလဲလာသည်ကိုထောက်ရူချက်ပေးသူက ‘ကျွန်တော့်ရဲ့စိတ်ပျက်မူက တစ်ခြားတစ်ယောက်အတွက်အကူအညီဖြစ်သွားစေခဲ့တယ်။ ဆရာမက အဲဒီ အတန်းသားကိုရွေးခဲ့တာဟာ သူတကယ်လိုအပ်နေလို့ပေးလိုက်တာဘဲ’ ဟုကောင်းသောမှတ်ချက်ကိုပေးထားသည်။

အဌမအရပ် - ယေဇူးသခင်ဂျေရူးဆလင်အမျိုးသမီးများနှင့်တွေ့ဆုံခြင်း

အမှားပြုသူများကိုကူညီပြုပြင်ပေးပါ။

သံလုကာ၏ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်သည် သူတို့ကိုမြင်လျှင် ‘သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သား သမီးများအတွက်သာငိုကြွေးကြလော့’ ဟုမိန့်တော်မူ၏ဟုဖတ်ရူရပါသည်။ (သံလုကာ ၂၃:၂၈) ဤအချက်သည် မိမိတို့၏ညီအစ်ကိုမောင်နှမများကိုပြုပြင်ရန်မှာခက်ခဲသည်။ သို့သောပြုလုပ်ရန်လိုသည်ကိုဆင်ခြင်စေသည်။ သာဿကအဖြစ် ၄င်းတို့၏မိခင်အား နေ့လယ်ကအိမ်စာများလုပ်ပြီးဖြစ်ဖြစ်ကြောင်းလိမ်ညာခဲ့သောညီအစ်ကိုနှစ်ယောက်အကြောင်းဖြစ်သည်။ အ မှန်မှာ၄င်းတို့သည်အိမ်စာမလုပ်ဘဲကစားနေခဲ့သည်။ ညီ အစ်ကိုနှစ်ယောက်အနက် တစ်ယောက်က နေမကောင်း၍ ကျောင်းမသွား ဟုအကြောင်း ပြလာသည်။ အခြားတစ်ယောက်မှာကျောင်းသွားလိုက်သည်။ ကျောင်းမှပြန်လာသောအခါ ကျောင်းမတက်ဘဲအိမ်၌ ကျန်ခဲ့သူအား ‘ငါတို့ အမေ့ကိုညာတာမကောင်းဘူး။ အခုမင်းလည်းဗိုက်နာတယ်လို့လိမ်ညာတာလည်းမကောင်းဘူး။ ဒါကြောင့်ငါ တို့အခုဘဲအိမ်စာလုပ်လိုက်ရအောင်လို့အကြံပြုလိုက်တယ်။ ပြီးတော့ အတန်းပျက်လို့နောက်ကျနေတဲ့သင်ခန်းစာကိုလည်းကူ လုပ်ပေးလိုက်တယ်။ အိမ်စာတွေအကုန်လုပ်ပြီးတဲ့အခါ အဲဒီနေ့တစ်နေ့လုံးကစားခဲ့တယ်’ ဟုထောက်ရူထားသည်။

န၀မအရပ် - ယေဇူးသခင်တတိယအကြိမ်လဲခြင်း

ကပ်ရောဂါဆိုးကြောင့်အထီးကျန်ခံစားရခြင်း

‘သင်တို့အားငါဧကန်အမှန်ဆိုသည်ကား ဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍မသေမပျက်ဘဲရှိသော် ၄င်းသည်တစ် စေ့တည်းအဖြစ်ဆက် လက်တည်ရှိပြီး၊ သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကိုသီးစေတတ် ၏’ ဟူသော သံယော ဟန်၏ ဧ၀ဂေလိကျမ်း (၁၂:၂၄) ကိုအခြေခံထားသည်။ ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည် လူကြီး၊ လူငယ်မရွေး၀င်ရောက် မွှေနှောက်ခဲ့သည်။ ထိုကပ်ရောဂါအနိုင်ပိုင်းလိုက်သည်ကား အထီး ကျန်ခံစားစေခြင်းဖြစ်သည်။ အဖိုးအဖွားများကိုသွားရောက် လည်ပတ်ခြင်းလည်းမပြုတော့။ ကျောင်း များလည်းပိတ်ထားကြသည်။ အတန်းဖော်များကိုလည်းလွမ်းသည်။ သူငယ် ချင်းများကို လည်းသတိရသည်။ ‘ဒီမနှစ်မြှိုပ်စရာအ ထီးကျန်သည့်ခံစားချက်သည် မခံစားနိုင်အောင်ဖြစ်လာရသည်။ လူတိုင်း၏ပစ်ပယ် ထား ခြင်းခံရသကဲ့သို့ခံစားလာရသည်။ ပြုံးပင်မပြုံးနိုင်တော့ပေ။ ယေဇူးသခင် လိုမြေပေါ်မှာမှောက်ရက်လဲကျ နေခဲ့တယ်’ ဟုထောက် ရူထားသည်။

ဒဿမအရပ် - ၀တ်လုံတော်ကိုချွတ်ခွာသည့်အရပ်

ပေးဆပ်ခြင်းမှရရှိလာသောပျော်ရွှင်မူ

ဤထောက်ရူချက်၌လည်း ကလေးမလေးတစ်ဦးကလည်း အဖြစ်အပျက်တစ်ခုကိုပြောပြသည်။ သူ၏အခန်းထဲ၌သူစု ဆောင်းထားသော အရုပ်များစွာရှိ၏။ သူအလွန်မြတ်နိုးသည်။ တစ်နေ့၌ သာ သနာအုပ်စုကအရုပ်ကလေးများကိုအလှူခံ၍ ကိုဆိုဗို ရှိဒုက္ခသည်ကလေးများကိုပေးမည့်အစီအစဉ်ကိုကြားလိုက်ရသည်။ သူသည်အခန်းထဲမှ ဟောင်းနွမ်းကြာညောင်းနေပြီး၊ သူသိပ်သ ဘောမကျတော့သည့်အရုပ်များကိုရွေးထုတ်လိုက်သည်။ စက္ကူပုံးတစ်ခုကိုပြင်လိုက်၏။ ထိုညနေပိုင်း၌ သူ့ကိုယ်သူပြန်တွေးမိ လိုက်သည်မှာ ‘ငါပေးသင့်သ လောက်မပေးဘူး။ အိပ်ယာ၀င်ဖို့အခန်းထဲရောက်သွားတော့ အရုပ်စင်ကဗလာကျင်းပြီး၊ အရုပ် ဟောင်းတွေထည့်ထားတဲ့စက္ကူပုံးကအရုပ်တွေနဲ့ပြည့်နေပါတော့တယ်။’ အ ပေါ်ယံလုပ်ဆောင်ချက်ကိုဖယ်ထုတ်နိုင်ခြင်းသည် ၀ိညာဉ်ကိုပေါ့ပါးစေပြီး၊ ပေး ကမ်းခြင်းသည်ပြုသူကိုပျော်ရွှင်စေသည်။

ဧကဒဿမအရပ် - ယေဇူးသခင်ကိုကားတိုင်ပေါ်၌ရိုက်နက်ထားကြခြင်း

ခရစ္စမတ်သည် နွမ်းပါးချို့တဲ့သူများကိုကူညီရန်အချိန်ကာလတစ်ခုဖြစ်သည်။

တစ်ခုသောခရစ္မတ်နေ့၌ ကျွန်တော်တို့ ရောမမြို့သို့ ကင်းထောက်အဖွဲ့နှင့်သွား၍ မာသာရ်ထရေးဇာ၏သီလရှင်များထံသို့ သွားရောက်လည် ပတ်ခဲ့သည်။ ချို့တဲ့သူများအားလည်း အစားအစာများကို‌ေ၀မျှပေးခဲ့သည်။ ထိုနှစ်ခရစ္စမတ်နေ့ကို ခါတိုင်းနှစ်ကဲ့ သို့ ကျွန်တော်တို့မိသားစုနှင့်မဖြတ်သန်းမကုန်ဆုံးနိုင်ခဲ့ပါ။ မိသားစုနှင့်ခရစ္စမတ်ပွဲနေ့ကိုမဖြတ်သန်းမကျင်းပနိုင်ခြင်းသည် ၄င်းတို့ အလွန်ကြီး မားသောစွန့်လွှတ်ခြင်းဖြစ်သည်ဟုထောက်ရူချက် ထဲတွင်ဖော်ပြထားပါသည်။ သို့သော်ကောင်လေးတစ်ဦးက ‘အဲဒီခရီး စဉ်ကအပြန်မှာတော့ ကျွန်တော်အစားအစာတွေချပေးခဲ့တဲ့သူတွေရဲ့မျက်၀န်း၊ သူတို့ရဲ့အပြုံး၊ သူတို့ပြောပြကြတဲ့သူတို့ရဲ့အ ကြောင်းတွေကိုပြန်တွေးနေမိတယ်။ အဲဒီချို့တဲ့နေတဲ့သူတွေ၊ အကူအညီတကယ်လိုအပ်နေတဲ့သူတွေကို မဆိုစလောက်လေးကူ ညီပေးခဲ့ရတဲ့ အဲဒီခရစ္စမတ်နေ့ရဲ့အမှတ်တရာဟာမေ့မရအောင်အမှတ်ရစွဲထင်နေပါတယ်။ ချစ်ခြင်းနဲ့တစ်ပါးသူကိုအ လုပ်အကျွေး ပြုတာဟာ ယေဇူးသခင်ကကားတိုင်ပေါ်က နေကျွန်တော်တို့ကိုပေးခဲ့တဲ့သွန်သင်ချက်ပါဘဲ’ ဟုထောက်ရူထားပါသည်။

ဒွာဒသမအရပ် - ယေဇူးသခင်သက်တော်စွန့်တော်မူခြင်း

ယေဇူးသခင်သည် နောင် တရသောသူခိုအားခွင့်လွှတ်ခဲ့သည်။

ယေဇူးသခင်သည် သူ့အားမကောင်းကျင့်၊ မကောင်းကြံခဲ့သောသူတို့အားခွင့်လွှတ်ခဲ့သည့်လုပ်ရပ်သည် မျက် မှောက်ကမ္ဘာ ကြီး၏မကောင်းမူကိုထောက်ရူစေခဲ့သည်။ ဥပမာအားဖြင့် ‘မာ‌ဖီးယားစ်’ (ဒုစရိုက်အဖွဲ့ကြီး) အဖွဲ့သည် ကလေးသူငယ်များကိုပင် သတ်ပစ်သည်။ ဤမျှရက်စက်သောလုပ်ရပ်အတွက် အဘယ်သို့ခွင့်လွှတ်နိုင်မည်နည်း။ ‘ယေဇူးသခင်သည် ကားတိုင်ပေါ်၌ သက် တော်စွန့်ရင်းဖြင့် လူသားတိုင်းအားကယ်တင်ခြင်းကိုပေးခဲ့သည်။ သူသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်လာခြင်းမဟုတ်။ နှိမ့်ချ ၍အသက်တာပြောင်းလဲရန်သတ္တိရှိသော အပြစ်ရှိသူတို့ကိုခေါ်ရန်လာသည်’ ဟုထောက်ရူထားသည်။

တေရသမအရပ် - ယေဇူးသခင်၏အသက်မဲ့ခန္ဓာကို ကားတိုင်ပေါ်မှချခြင်း

သူတို့သည်အဖိုးကိုသယ် ဆောင်သွားပြီးနောက်ပိုင်း သူ့ကိုဘယ်တော့မှပြန်မတွေ့ရတော့ပေ။

လက်ရှိအချိန်ကာလ၌ က လေးများသည် ၄င်းတို့အဖိုးအဖွားများရုတ်တရက်ပျောက်ကွယ်သွားကြသည်ကိုကြုံတွေ့နေရသည်။ ထောက်ရူချက်ပေးသောကလေးများအနက် တစ်ဦးက ‘ကျန်းမာရေးအ ကူအညီပေးသူများဟာ လူနာ တင်ယာဉ်ပေါ်ကနေလွှား ကနဲခုန်ချလာကြတယ်။ သူတို့အားလုံးက အာ ကာယာဉ်မှူးတွေလို၀တ်စားထားကြတယ်။ အမှန်တော့ရောဂါပိုးမကူးစက်အောင် ကာကွယ်တဲ့၀တ်စုံ၊ နှာခေါင်းအုပ်နဲ့မျက်နှာကာ တွေပါ။ သူတို့က အသက်ရူမ၀ဖြစ်နေတဲ့ ကျွန်တော့်အဖိုးကိုသယ်သွားကြတယ်။ အဖိုးကိုအဲဒီတစ်ကြိမ်မြင်လိုက်ရတာဟာနောက် ဆုံးတစ်ကြိမ်ပါဘဲ။ ရောဂါပိုးမပျံ့အောင်အကာအကွယ်တွေတပ်ထားတော့ သူ့အနားလည်းကပ်သွားလို့မရဘူး။ အားပေးလို့လည်း မရဘူး။ သူ့အနားလည်းကပ်လို့မရဘူး။ သူဒီလောကကြီးကထွက်ခွာတဲ့ခရီးကို အဖော်အဖြစ်နဲ့လိုက်ပို့ပေးသလိုခံစားပြီး သူ့အ တွက်နေ့တိုင်းဆုတောင်းပေးပါတယ်’ ဟုဆိုထားပါသည်။

စုဒ္ဒသမအရပ် - ယေဇူးသခင်ကိုဂူ၌သဂြိုလ်တော်မူခြင်း

အဘယ်သို့ချစ်ရမည်ကိုသင်ကြားပေးသောကြောင့် ကျေးဇူးတင်ပါသည် ယေဇူး

ယခုထောက်ရူချက်ကိုပေးသူမှာ အသက် (၁၂) သာရှိသေးသော ဆားရာ ဖြစ်သည်။ သူသည်ယေဇူးသခင်ကိုကျေး ဇူးတင် ကြောင်းပြောကြားထား သည်။ သူက ‘ကျွန်မ သင့်ကိုကျေးဇူးတင်ချင်ပါတယ်။ ကျွန်မရဲ့အခက်အခဲတွေကိုဘယ်လိုကျော်လွှားရမ လဲ၊ သူများကိုကိုယ့်ညီအစ်ကို မောင်နှမလို ဘယ်လိုချစ်ရမလဲ၊ လဲကျတိုင်းပြန်ရုန်းထတတ်အောင်သင်ပေးခဲ့တယ်။ ကနေ့သင့်ကိုအ ဆုံးအစမဲ့ကျေးဇူးတင်ပါတယ်။ သေခြင်းဟာ အရာရာရဲ့အဆုံးမဟုတ်ဘူးဆိုတာကိုကျွန်မသိပါတယ်’ ဟုဖြစ်ပါသည်။

သင်သည်ကလေးသူငယ်ကဲ့သို့မပြောင်းလဲလျှင်

ခရူးစူးကားတိုင်လျှောက်ခြင်း ၏အဆုံးပိုင်း၌ လူကြီးများကစကားပြောပါသည်။ ယေဇူးသခင်သည် ကလေးများကို ကောင်းကင်နိုင်ငံတော်သို့၀င်ရောက်ရန် ကလေးတို့၏ အ ကျင့်ကိုစံပြုရမည့်အချက်များဖြစ်ညွှန်းဆိုထားသည်။ ပထ မတောင်းဆို ချက်မှာ ကလေး သူငယ်များကဲ့သို့ဖြစ်ရန်၊ ‘က လေးများသည် အရာရာလို အပ်သောဘ၀ဖြစ်သည်။’ ကမ္ဘာပေါ်ရှိကလေးများအား လုံးသည် ယေဇူးသခင်ထံဆက်ကပ်အပ်နှံထားသည်။ သို့မှသာ၄င်းတို့သည် ဉာဏ် ပ ညာ၊ အသက်တာ၊ ကျေးဇူးတော်အရာ၌တိုး ပွားမည်။ ထို့နောက်ကလေးမိဘများ၊ ပညာသင်ကြားပေးသူများအတွက်ဆုတောင်းပေးကြသည်။ သို့မှသာ၄င်းတို့အား လုံးသည် ကိုယ်တော်ကဲ့သို့ အသက်ပေးကြမည့်သူများ၊ အချစ်ပေးကြမည့်သူများအ ဖြစ်ခံယူကြမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sPrXNo

Add new comment

2 + 0 =