ကလေးငယ်များရဲ့ ဝိညာဉ်ရေးရာ နဲ့ တီထွင်ဖန်တီးနိုင်စွမ်းအတွက် ရန်ကုန်ဂိုဏ်းချုပ်သာသနာ ပန်းချီပြိုင်ပွဲ ကျင်းပ

ကလေးငယ်များရဲ့ ဝိညာဉ်ရေးရာ နဲ့ တီထွင်ဖန်တီးနိုင်စွမ်းအတွက် ရန်ကုန်ဂိုဏ်းချုပ်သာသနာ ပန်းချီပြိုင်ပွဲ ကျင်းပ

ကလေးငယ်များရဲ့ ဝိညာဉ်ရေးရာမြှင့်တင်ပေးဖို့ရန်အတွက် ရန်ကုန်ဂိုဏ်းချုပ်သာသနာပြု ကလေးငယ်များ အသင်းနဲ့ မြန်မာနိုင်ငံရှိ ယေဇူးအသင်းသားတို့ ပူးပေါင်း၍ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပခဲ့သည်။

ရန်ကုန်ဂိုဏ်းချုပ် သာသနာပြု ကလေးသူငယ်များ အသင်း ဥက္ကဌ ဒေါပြုံးပြုံးအောင် က "ဒီပုံဆွဲပြိုင်ပွဲဟာ ကလေးတွေရဲ့ ဝိညာဉ်ရေး တိုးတက်မှုတွေအတွက် ရပ်ရွာလှုပ်ရှားမှုတွေမှာ ပြန်လည်ရှင်သန်လာစေဖို့ အထူးကျင်းပတဲ့ပွဲဖြစ်ပါတယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါနဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ကလေးငယ်တွေမှာ အစီအစဉ်တွေ နဲ့ သင်ကြားပို့ချရေးသင်တန်းတွေ မရှိခဲ့ကြောင်း

ဒီပွဲကို ကျင်းပခြင်းအားဖြင်း သူတို့ အချင်းချင်းတွေ့ဆုံပြီး ယှဉ်ပြိုင်မှုမှတစ်ဆင့် သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ရန်နဲ့ မတူညီတဲ့လှုပ်ရှားမှုတွေမှတစ်ဆင့် သင်ကြားပို့ချပေးတဲ့ ဘုရားစကား တွေကို သင်ယူနိုင်ရန် ဒီပွဲအားဖြင့် အကူအညီပေးခဲ့ကြောင်း

ပုံဆွဲပြိုင်ပွဲဝင် ကလေးငယ်များကိုလည်း ကပ်ရောဂါနဲ့ စစ်ဖြစ်ရာ ဒေသတွေမှာ ကြုံတွေ့နေရတဲ့ ကလေးသူငယ်များနှင့် လူငယ်များ အတွက် ဆုတောင်းပေးခဲ့ကြပြီး လိုယိုလာက စိန့်အီဂနှေးရှပ်စ် ရဲ့ နှစ်ငါးရာပြည့် အကျင့်ပြောင်းလဲခြင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ပန်းချီဆွဲပြိုင်ပွဲမှာ ပါဝင်ကြတဲ့ ကလေးငယ်များဟာ သူတော်စင်တွေရဲ့ ဘဝကို အတုယူနိုင်စေဖို့ရန် ရည်ရွယ်ပြီး ဒီပန်းချီပြိုင်ပွဲဟာ ရဟန္တာတွေရဲ့ ဘဝအသက်တာကို ဖော်ပြဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း

ဇွန်လ ၁၈ ရက်နေ့မှာ ပြိုင်ပွဲကျင်းပခဲ့ပြီး ဇူလိုင်လ ၁ ရက်မှာ ဆုရရှိသူများကို ကြေငြာပေးခဲ့ပြီး တော့ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက်မှာ ပြုလုပ်ခဲ့တာပါ။

ပြိုင်ပွဲဝင် ကလေးငယ်တွေကိုလည်း အသက်အရွယ်အလိုက် အုပ်စု ငါးဖွဲ့နဲ့ခွဲခြားထားပြီး ဆုရရှိသူများရဲ့ ပန်းချီတွေကို ပိုလန်နိုင်ငံမှာရှိတဲ့ Jesuit Center ကို ပေးပို့ရမှာဖြစ်ပြီး နိုင်ငံတကာက ရွေးချယ်ထားတဲ့ ကလေးငယ်တွေနဲ့ ထပ်မံယှဉ်ပြိုင်ဖို့လည်း အလားအလာရှိတယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3JMNAaf

Add new comment

4 + 1 =