Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကလေးကက်သလစ်သာသနာမှဘုန်းတော်ကြီးနှစ်ပါးပျံလွန်ခြင်းသတင်း
ကလေးကက်သလစ်သာသနာမှဘုန်းတော်ကြီးနှစ်ပါးပျံလွန်ခြင်းသတင်း။
(25.6.2021) RVA Myanmar
ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာ၌ သာသနာ့အမှုတော် ထမ်းဆောင်လျက်ရှိသော ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Florian Zam Khaw Kam နှင့် ခမ်းပတ်မြို့နယ် စော်ဘွားရေရှင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Timothy Kham Do Cin သည် ဂျွန်လ ၂၄ ရက်နေ့၌ ပျံလွန်သွားပါသည်။
အထက်ပါဘုန်းတော်ကြီး ၂ ပါးထဲမှ Rev. Fr. Florian Zam Khaw Kam
သည် ဆွောင်းပီးရွာတွင် အခြားပြည်သူလုထုများနည်းတူ ခေါင်းကိုက်၊ အဖျားတက်ပြီး ရာသီတုတုပ်ကွေးကဲ့သို့ ရောဂါဝေဒနာများ ခံစားနေခဲ့ရပါသည်။ တစ်ပတ်ကျော်ကျော် ဆေးသောက်သော်လည်း ရောဂါအခြေအနေက တဖြည်းဖြည်း ပို၍ ဆိုးရွားလာသဖြင့် တီးတိန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ (၂၃၊၆၊၂၀၂၁) ရက်နေ့တွင် ပြသခဲ့ရာ ဆရာဝန်များ၏ စစ်ဆေးချက်အရ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပါသည်။ ထို့နောက် (ICU)ခန်းတွင်ဆေးကုသမှုခံယူရင်း (၂၄၊၆၊၂၀၂၁) ည (၉း၃၀) နာရီခန့်အချိန်တွင် ငြိမ်းချမ်းစွာဖြင့် ထာဝရအဖဘုရားအိမ်တော်သို့ ပြန်သွားတော်မူခဲ့ပါသည်။
သူ၏စျာပန အခမ်းအနားအား တွန်းဇံမြို့ရှိ ၊ တွန်းဇံဇုန် တာဝန်ခံ Rev. Fr. Stephen Mang Lian Tuang နှင့် လက်ထောက်ဘုန်းတော်ကြီး Rev. Fr. Joseph Kap Tung Nung တို့သည် တွန်းဇံမြို့မှ တီးတိန်မြို့သို့ ကြွရောက်လာပြီး Fr.Paul Cung Cung, Fr.Bosco တို့နှင့်အတူ Fr.Florian ၏ ရုပ်ကလာပ်တော်ကို နံနက် (၁ဝး ဝဝ)ခန့်တွင် ကက်သလစ်အသင်းတော်၏ ဝိနည်းအတိုင်း တီးတိန်မြို့ ကက်သလစ်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြုဟ်ခဲ့ပါသည်။
Rev. Fr. Florian Kam သည် ရောဂါအခံရှိပြီး လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်ကပင် ကျောက်ကပ်တစ်လုံးကိုခွဲထုတ်ခဲ့ရသည့်အတွက် ကိုဗစ်ရောဂါပိုးဝင်လာသည့်အခါ ခုခံအားနည်းသောကြောင့် ပျံလွန်တော်မူခဲ့သည်ဟု စာရေးသူအနေနှင့် ထင်မြင်ယူဆခဲ့ပါသည်။
Fr. Florian Kam ကိုချစ်ပြီး သူ့အတွက် အပင်ပန်ခံပေးဆပ်ကြသည့် ဆရာဝန်၊ဆရာမများ၊ ဘုန်းတော်ကြီးများ၊ ဘာသာတူများ၊ စေတနာ့ဝန်ထမ်းများနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသူ အရောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ၊ ဘုန်းတော်ကြီး၏ ဝိညာဉ်အတွက်လည်း ဆက်လက်ပြီး ဆုတောင်းပေးကြပါစို့လို့ တိုက်တွန်းလိုက်ပါသည်။
Credit: RVA Tedim
#KalayDiocese #RIP #Covid19 #CovidinMyanmar
Add new comment