ကယ်လီဖိုးနီးယားရှိ ကက်သလစ် ကက်သီဒြယ် ဖျက်ဆီးမှုများနှင့်တွေ့ကြုံ

ကယ်လီဖိုးနီးယားရှိ ကက်သလစ် ကက်သီဒြယ် ဖျက်ဆီးမှုများနှင့်တွေ့ကြုံ

ကယ်လီဖိုးနီးယားရှိ ကက်သလစ် ကက်သီဒြယ် ဖျက်ဆီးမှုများနှင့်တွေ့ကြုံ

ကယ်လီဖိုးနီးယားမှာရှိတဲ့ ကက်သလစ် ကက်သီဒြယ် ဘုရားရှိခိုးကျောင်းကြီးဟာ ၂၅ ရက်​နေ့ညက အဖျက်သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလုပ်ဆောင် မှုများနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ဘုရားကျောင်းရှိ ခရစ္ဆတူး ကားတိုင်တော်အား ပြောင်းပြန် ဇောက်ထိုး လှန်ပစ်ခြင်း၊ ဘုရားကျောင်းတံခါးမကြီးပေါ်မှာ မှုတ်ဆေး ဖြူ တေဖြန်းပီး စာသားတွေရေးသားခြင်း၊ ဆွာပ်စတိကာ လို့ခေါ်တဲ့ နာဇီဂျာမဏီ ရဲ့ အမှတ်သင်္ကေတ တခုကိုလည်းဆွဲထားခဲ့တယ်လို့ဆိုပါတယ်။

အထက်ပါအချက်တွေ​က အီရတ် မှာရှိတဲ့ ညှင်းပန်နှိပ်စက်ခံနေရတဲ့ ကျွန်ုပ်တို့ရဲ့ ညီအကိုမောင်နှမတွေအတွက် ဆုတောင်းပေးဘို့ အမှတ်ရစေတယ်။ El Cajon မှာရှိတဲ့ ဒီ St.Peter's Chaldean ကက်သလစ် ကက်သီဒြယ်ကြီးအား ဖျက်လို့ဖျက်ဆီး ပြုသူအတွက်လည်း ကျွုန်ုပ်ဆုတောင်းပေးကြပါလို့ ကယ်လီဖိုးနီးယား က ၂၆ ရက်နေ့မှာ ဖေ့ဘုခ် ပေါ် ရေးသားထုတ်ပြန်ခဲ့တာပါ။

အထက်ပါ ကက်သီဒြယ်ဟာ ဘာသာဝင်ပေါင်း ၇၀၀၀၀ ရှိပြီးအရှေ့ပိုင်း ကက်သလစ်များရဲ့ သာသနာ ဖြစ်ကြောင်းနှင့် Chaldean ကက်သလစ် အသင်းတော်ဟာ ဘာသာ၀င်ဉီးရေ ၆၀၀၀၀၀ ၆သိန်းရှိသည့် အရှေ့ပိုင်း ကက်သလစ် အသင်းတော်ဖြစ်ကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: Eparchy of St. Peter/facebook

https://bit.ly/2G6p4Ex

 

Add new comment

3 + 10 =