ကယ်လီဖိုးနီးယားမှ လတ်တလောလက်ထပ်ထားသည့် ဗီယက်နမ် စုံတွဲအား ပုပ်ဖရန်စစ်ကောင်းကြီးပေး

ကယ်လီဖိုးနီးယားမှ လတ်တလောလက်ထပ်ထားသည့် ဗီယက်နမ် စုံတွဲအား ပုပ်ဖရန်စစ်ကောင်းကြီးပေး

ကယ်လီဖိုးနီးယားမှ လတ်တလောလက်ထပ်ထားသည့် ဗီယက်နမ် စုံတွဲအား ပုပ်ဖရန်စစ်ကောင်းကြီးပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အိုင်ဗီနဲ့ ကေဗင် ဟုခေါ်သော လောလောလတ်လတ် လက်ထပ်ထားပြီး ပုပ်ရဟန်းမင်းကြီး၏ကောင်းကြီးခံယူရန်အတွက် ကယ်လီဖိုးနီးယားမှ ရောမမြို့ထိ ရောက်ရှိလာခဲ့ကြတဲ့   ဗီယက်နမ်နိုင်ငံသား ဇနီးမောင်နှံ နှစ်ဉီးတို့အား ကောင်းကြီးပေးခဲ့ပါတယ်။ သူတို့ဟာ ပါပါးဖရန်စစ်ရဲ့ အပတ်စဉ်တွေ့ဆုံနေကြဘုရားဖူးပရိတ်သတ်အဖြစ်ပါဝင်တက်ရောက်ခဲ့ကြတာလည်းဖြစ်ပြီး ဗီယက်နမ်ရိုးရာယဉ်ကျေးမှုဝတ်စုံတွေကို ဝတ်ဆင်လာခဲ့ကြတာပါ။

ကျွန်တော်တို့ နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားမှဖြစ်ပါတယ်။ ကျွန်တော်တို့ မိခင်နိုင်ငံက  ရိုးရာမင်္ဂလာ ဝတ်စုံကို ဝတ်လာခဲ့ကြတာပါ။ ဒါဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့  မင်္ဂလာ ဉီး ဟန်းနီးမွန်း ခရီးစဉ် ဖြစ်ပါတယ်။ ဒီမှာတပတ်တာ နေကြမှာပါ ရောက်တာတော့ ၅ ရက်လောက်ရှိပါပြီ။ အီတလီကို ကျွန်တော်တို့ ချစ်တယ်လို့ အရမ်းလှတယ်" လို့ အိုင်ဗင်ကဆိုပါတယ်။

ဇနီးမောင်နှံ နှစ်ဉီးအတွက် ပါးပါးဖရန်စစ်နဲ့ တွေ့ဆုံ စကားပြောပြီး ကောင်းကြီးခံယူဘို့က အဓိကအိမ်မက်ဖြစ်ကြောင်း

"ကက်သလစ်တိုင်း လိုလားတောင့်တတဲ့ ပါးပါးနဲ့ တွေ့ပြီးကောင်းကြီးခံယူဘို့ဆိုတဲ့ အချက်ဟာ ကျွန်မတို့ရဲ့ အိမ်မက် ဖြစ်ခဲ့ပြီး အခုတော့ အမှန်တကယ်ဖြစ်လာတာပါပဲရှင်။ ကျွန်မတို့ ပါပါးကို တွေ့နိုင်တယ်။ ကောင်းကြီးခံယူနိုင်တယ်။ လက်ဆွဲနူတ်ဆက်ခွင့်ရတယ်။ ဒါတွေဟာ တကယ့်ကို အခွင့်ထူးတွေပါပဲ" လို့ ဇနီးသည် ကေဗင်က ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားအပြန်လမ်းခရီးမှာ ဘယ်လောက်ပဲမိုးတွေသဲနေပါစေ။ ၁၀ နာရီလောက်ကြာအောင် လေယာဉ်စီးပြီး ပြန်ရပါစေ။ ထာဝရမြို့တော်လို့ ခေါ်တဲ့ ရောမမြို့တော်ကြီးကနေ ဒီဇနီးမောင်နှံ ရရှိခဲ့တဲ့  ဝိညာဉ်ခွန်အားကတော့ မှေးမှိန်ပျောက်ကွယ်စေမှာမဟုတ်တော့ပါဘူးလို့ သတင်းရေးသူက မှတ်ချက်ပြုထားပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3ALl9U0

Add new comment

6 + 5 =