ကမ္ဘောဒီးယား၌ အရွယ်ရောက်ပြီးသူ (၁၅) ယောက်ကက်သလစ်ဘာသာဝင် ဖြစ်လာရန် တောင်းဆို

ကမ္ဘောဒီးယား၌ အရွယ်ရောက်ပြီးသူ (၁၅) ယောက်ကက်သလစ်ဘာသာဝင် ဖြစ်လာရန် တောင်းဆို

ကမ္ဘောဒီးယား၌ အရွယ်ရောက်ပြီးသူ (၁၅) ယောက်ကက်သလစ်ဘာသာဝင် ဖြစ်လာရန် တောင်းဆို

သင်္ကေတအမူအရာဖြင့် အရွယ်ရောက်ပြီးသူ ၁၅ ဦးသည် အဖြူအမည်း အဝတ်အစားများ ဝတ်ဆင်ကာ ပိတ်ထားသောဘုရားကျောင်းတံခါးဝတွင် ဆေးကြောခြင်းခံယူ ပြီး ခရစ်ယာန်အသိုင်းအဝိုင်းတွင်ပါဝင်ရန် တောင်းဆိုခဲ့ကြပါတယ်။

ဘုန်းကြီးတစ်ပါးက ဘုရားကျောင်းတံခါးကိုဖွင့်ပြီး ဘာကူညီပေးရမလဲ ဟု မေးတဲ့အခါမှာ ဆေးကြောခြင်းခံယူမည့် လူငယ်တွေက ဘုရားကျောင်းထဲပေးဝင်ဖို့ တောင်းဆိုပါတယ် ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

သူတို့ ဆေးကြောခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ဖနွမ်းပင်မြို့ရှိ Saint Peter and Saint Paul ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီး အရွယ်ရောက်ပြီးသူများအတွက် ကမ္ဘောဒီးယား၌ဆေးကြောခြင်းမခံရမီ ယာယီပြင်ဆင်ထားသူများရဲ့ အဆိုအရ ကက်သလစ်ယုံကြည်ခြင်းကို လက်ခံလိုသော သူများသည် ကက်သလစ်ယုံကြည်မှု၊ ကျမ်းစာယုံကြည်ချက်များ၊ ထုံးတမ်းစဉ်လာများနှင့် လူ့အဖွဲ့အစည်းအတွင်း ဘုရားကျောင်းလှုပ်ရှားမှုများတွင် ပါဝင်ရန် (၂)နှစ်ခန့် ကက်သလစ်ဘာသာကို သင်ယူကြရကြောင်း

အသက် ၃၆ နှစ်အရွယ် Som Loka ဆိုသူက သူ၏ဆွေမျိုးနှင့် လက်ရှိအလုပ်အားဖြင့် အသင်းတော်ကို သိလာတယ်လို့ RVA News သို့ပြောပြခဲ့သည်။

Loka သည် ဖနွမ်းပင်မြို့၏ အနောက်မြောက်ဘက် ၃၆၇ ကီလိုမီတာအကွာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပီလင်းခရိုင်မှဖြစ်သည်။ သူက သိုးထိန်းလုပ်ငန်းဆိုင်ရာ ဌာန (Phnom Penh Thmey Pastoral Center )မှာ အလုပ်လုပ်နေကြောင်း

ရပ်ရွာမှာရှိတဲ့ ဒီကက်သလစ်အသင်းတော်ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တွေ့ရတဲ့အပြင် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘောဒီးယားလူ့အဖွဲ့အစည်းကို ကူညီဖို့ အသင်းတော်ရဲ့ ပရဟိတလုပ်ငန်းတွေကို ကျွန်တော်မြင်ပါတယ် လို့ Som Loka မှ ပြောကြားခဲ့ကြောင်း

Loka က ဘုရားကျောင်းလှုပ်ရှားမှုများ အထူးသဖြင့် ပရဟိတပွဲများမှာ ပါဝင်ခဲ့တယ်။

ကျွန်တော်ရဲ့ ကာယစွမ်းအားနဲ့ ကူညီပေးနိုင်တာတောင်မှ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပါတယ်၊ အသင်းတော်မှာ မိသားစုတဖွယ် ရက်ရောတဲ့ စေတနာရှိကြောင်း တွေ့ရလို့ စိတ်လှုပ်ရှားမိပါတယ် ဟု Som Loka ကဆိုတယ်။

Loka က ဆေးကြောခြင်းခံယူဖို့ မိသားစုမှ ထောက်ခံမှုရရှိထားပြီးဖြစ်တယ်။

နောက်ထပ် ဆေးကြောခြင်းခံယူမည့်သူ Vorn Champa က အစီအစဉ်တွင် ပါဝင်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်တယ်။ Champa က "ကက်သလစ်ဘာသာဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ပေးကြပြီး အချင်းချင်း ကူညီကြတယ်" လို့ သူမကဆိုပါတယ်။

လက်ရှိတွင် Champa သည် Don Bosco Teuk Thla School တွင် အလုပ်လုပ်ပြီး သူမဟာ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလိုက်တာ မလွယ်ကူသလို မိသားစုတွေနဲ့လည်း ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရတယ်။

Champa က"သူမရဲ့ မိဘတွေ က အားကောင်းတဲ့ဗုဒ္ဓဘာသာ ဝင်မိသားစုတွေ ဖြစ်သလို သူမကလည်း ဗုဒ္ဓဘာသာမှာ မွေးဖွားလာတဲ့အတွက်ကြောင့် မိဘတွေက ခရစ်ယာန်ဘာသာကို ကူးပြောင်းဖို့ သဘောမတူဘူး" လို့ဆိုပါတယ်။ ဒါပေမယ့် သူမဟာ မိဘတွေရဲ့ခံယူချက်ကို ကျော်လွှားနိုင်ခဲ့ကြောင်း "သူမရဲ့ယုံကြည်ခြင်းနဲ့ သူမချစ်မြတ်နိုးသော သခင်ယေဇူးကို ယုံကြည်တဲ့အတွက်ကြောင့် အောင်နိုင်ခဲ့တာလို့" Champa က ဆိုပါတယ်။

Champa က "ကျွန်မက ကက်သလစ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လူ့အဖွဲ့အစည်းကို ကူညီသလို မိဘတွေကို လည်းလေးစားတယ်။ မိသားစုနဲ့ အသိုင်းအဝိုင်းအတွက်ရော သူကိုယ်တိုင်ရော ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ခဲ့ကြောင်းကို သူတို့ကို အနေအထိုင်နဲ့ ပုံကောင်းသက်သေပြပြီး ဒီလိုမျိုး လုပ်ရပ်နဲ့ ပြသမှာ ဖြစ်ပါတယ်။လို့ ဆိုပါတယ်။

Fr Peter Soun Hangly က ဆေးကြောခြင်းခံယူမည့်သူ (၁၅ )ဦးအား မစ္ဆားတရားတွင်ကက်သလစ်အသိုင်းအဝန်းရှေ့တွင် မကောင်းမှုကိုစွန့်ပယ်ဖို့ရန် ဖိတ်ခေါ်ပြီးတဲ့အခါမှာ ဝင်လိုသူ တွေက စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီဟု တုံ့ပြန်ကြပါတယ်။

ကျွန်ုပ် သင်၏ နားပေါ်၌ ခရစ္စတူး အမှတ်အသား ပြုခြင်းဖြင့် သင်သည် နှုတ်ကပါဌ်တော်ကိုနာယူနိုင်ပါစေ။ မျက်စိပေါ်၌ မှတ်သားခြင်းဖြင့်ဘုရားသခင်၏အလင်းတော်ကို
မြင်ရပါစေ။ လျှာပေါ်တွင်မှတ်သားခြင်းဖြင့် နှုတ်ကပါဌ်တော်ဟောကြားနိုင်ပါစေ။
ရင်ဘတ်ပေါ်တွင်မှတ်သားခြင်းဖြင့်ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်ရရှိပါစေ။
ပခုံးပေါ်တွင်မှတ်သားခြင်းဖြင့်ခရစ်တော်၏ တံဘိုးတော်ကိုဝမ်းမြောက်ခြင်းဖြင့် ထမ်းရွက်နိုင်ပါစေ ဟုရဟန်းကရွတ်ဆိုကာ ဆေးကြောခြင်းပေးခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/35acyR5

Add new comment

1 + 1 =