ကမ္ဘောဒီးယား၌ ကက်သလစ်ဆရာတော်မှ ဗုဒ္ဓဘာသာ၀င်တို့၏ဂုဏ်ပြုခြင်းကိုလက်ခံရရှိ

ကမ္ဘောဒီးယား၌ ကက်သလစ်ဆရာတော်မှ ဗုဒ္ဓဘာသာ၀င်တို့၏ဂုဏ်ပြုခြင်းကိုလက်ခံရရှိ

ကမ္ဘောဒီးယား၌ ကက်သလစ်ဆရာတော်မှ ဗုဒ္ဓဘာသာ၀င်တို့၏ဂုဏ်ပြုခြင်းကိုလက်ခံရရှိ

             Phnom Penh မှ ကြည်ညိုလေးစားရသော ဗုဒ္ဓဘာသာဆရာတော်က Phnom Penh ၌ သီတင်းသုံးနေ သောကက်သလစ်ဆရာတော် Olivier Schmitthaeusler အား ဗုဒ္ဓဘာသာတို့၏ မိတ်ဆွေကောင်းတစ်ဦးအဖြစ် ဂုဏ်ထူးဆောင်တံဆိပ်ကို ဧပြီလ (၃၀) ရက်နေ့ကပေးအပ်ခဲ့သည်။

ဤအခမ်းအနားကို Takeo ခရိုင်၊ Tramkok ပြည်နယ်၊ Ang Montrey ဗုဒ္ဓဘုန်းကြီးကျောင်း၌ ကျင်းပ ခဲ့သည်။ ဤခရိုင်သည် ကမ္ဘောဒီးယားနိုင်ငံတောင်ဘက် Phnom Penh မြို့နှင့်ကီလိုမီတာ (၈၀) ဝေးသည်။ ယခုပေးအပ်သော ဂုဏ်ထူးဆောင်တံဆိပ်သည် စိန့်ဂရေ ဂေါ်ရီ ဂုဏ်ထူးဆောင် အဆင့်နှင့် ညီမျှသည်ဟုဆိုပါသည်။ အခမ်းအနားကို ယဉ်ကျေးမှု၀န်ကြီးဌာန်၏အတွင်းရေးမှူးဖြစ် သော Seng Somony ကဦးဆောင်ခဲ့သည်။

အခမ်းအနား၌ ကမ္ဘာဒီးယားနိုင်ငံ၏ ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးသော ဘာသာရေးဂုဏ်ဆောင်ဆရာတော် Maha Nikaya ၏မဂ်လာရှိသောကြေညာချက်အမှတ် (၀၁၈,၂၇) ခရိုင်အတွင်း မှ ဗုဒ္ဓဆရာတော်ကြီး ဖြစ်သော Preah Dhamma Choy Pov ကဖတ်ကြားကြေညာခဲ့သည်။ အဆိုပါကြေညာ ချက်သည် (ဇန္န၀ါရီလ ၄၊ ၂၀၂၂) ခုနှစ်ကထုတ်ပြန်ချက်ဖြစ်ပြီး၊ ကြေညာချက်ထဲ၌ ကက်သလစ်ဆရာတော် ‘Schmitthaeusler’ သည် ‘ဗုဒ္ဓဘာသာအား အလွန်အားပေးသူ’ ဟုဖော်ပြထားသည်။ အမှန်မှာ ဤကြေညာချက် သည် ရက်စွဲပါသည့်အတိုင်းထိုနေ့မှစ၍အကျုံး၀င်ခဲ့သည်။          

          သက်တော် (၅၁) နှစ်သာရှိသေးသော ဆရာတော် Schmitthaeusler သည် (MEP) ပြင်သစ် သာသနာပြု ဘုန်းတော်ကြီးအသင်းမှဖြစ်သည်။ ဆရာတော်မှ အစိုးရအဆင့်မြင့်အာဏာပိုင်များ၊ ဗုဒ္ဓဘာသာ၀င်များနှင့်ကက်သလစ် ဘာသာ၀င်များအားမိန့်ခွန်းပြောကြားခဲ့သည်မှာ ‘ယနေ့နံနက် ဤနေရာ၌စုရုံးရောက်ရှိနေခြင်းသည် ဤဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တစ်ခုကိုလက်ခံရန် သက်သက်မျှမဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးအား ပုံစံအသစ်ဖြင့်အတူတကွစုဆုံစေသည်။ ဤစုဆုံမှုသည် ငြိမ်းချမ်းရေးလမ်းစဉ်ကိုဦးဆောင်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့အချင်းချင်းပိုမိုကောင်းမွန်သောထိတွေ့  ရင်း နှီးမှုကိုရရှိစေမည်။ ကျွန်ုပ်တို့အားလုံးသည် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်ကြသည်။ တူညီသော ယဉ်ကျေးမှု၊ ဘာသာစကား၊ နှလုံးသားများရှိကြသည်။ မတူညီ‌သောဘာသာရေး သက်၀င်ယုံကြည်မှုများ ရှိနေသော်လည်း အတူယှဉ်တွဲ၍ရှေ့ ဆက်သွားနိုင်သည်။ အချင်းချင်းစာနာနားလည်တတ်ရန်လိုသည်။ တွေ့ဆုံဆွေးနွေးမှုရပ်၀န်းသစ်ဆီသို့ဦးဆောင်နေသည်။ ကမ္ဘာဦးအစကပင် ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများဖြစ်ကြသည်ကိုအသိရှိရမည်။ အချင်းချင်းထံ မှသင်ယူနိုင်ကြသည်။ မိမိတို့သက်၀င်ယုံကြည်သော ဘာသာတရား၏သွန်သင်ချက်များကိုလက်တွေ့ကျကျဖော်ဆောင် ရှင်သန်ရန်လိုအပ်သည်။ ဘာသာရေးသည် ပါရမီ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်သီလ၏ တန်ဖိုးကို သင်ကြားသည်။ ကျွန်ုပ်တို့၏ စိတ်သည် အမှောင်ဖုံးနေလျှင်၊ ကျွန်ုပ်တို့၏၀ိညာဉ်သည် သွေ့ခြောက် သေဆုံးနေလျှင် တရားမျှတခြင်း၊ မျှော်လင့်ချက်၊ သဟဇာတဖြစ်မှုကို ကမ္ဘာကြီးအား အဘယ်သို့ယူ ဆောင်ပေးနိုင်မည်နည်း။ (၂၀၀၂) ခုနှစ် ကျွန်ုပ်ကမ္ဘောဒီယားသို့ရောက် လာသည့် နှစ်မှစ၍ နေ့စဉ် နေ့တိုင်းကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ခရစ္စမတ်ပွဲတော်ကာလ၌ ဗုဒ္ဓဘာသာဆရာတော်များ၊ ဘုန်းတော်ကြီးများ ကျွန်ုပ်တို့၏ဘုရားကျောင်းသို့ နွမ်းပါးချို့တဲ့သူများအတွက်ရည်စူး၍ အလှူ၀တ္ထုများဖြင့်ကြွလာကြ သည်။ ကရုဏာရေးလုပ်ငန်းတွေကိုအတူတကွလုပ်ဆောင်ခဲ့သည်။ ဘာသာရေးအချင်းချင်းကြား သဟဇာတရှိခြင်းသည် အလွန်အရေးကြီးသည်။ ဘာသာတိုင်းသည် တူညီသောဦးတည် ချက်ရှိသည်။ ထိုဦးတည်ချက်ကား ကမ္ဘာကြီးအား ငြိမ်းချမ်းရေးဆောင် ယူပေးရန် ဖြစ်သည်။  ဘာသာရေးနှင့်စပ်လျင်း၍အထင်အမြင်တိမ်းစောင်းနေမှု၊ နှိမ်ချပြောဆိုလုပ်ဆောင်မှုနှင့် အခြားသောလုပ် ရပ်များသည် လူမှုအသိုင်းအ၀ိုင်းအတွင်းနေရာမရှိ။ ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်အတွက်မဟုတ်။ ကက်သလစ်သာသနာတော် ကြီးနှင့်အတူတကွလက်တွဲလုပ်ဆောင်သော ဘာသာတိုင်းအတွက်ဖြစ်သည်။ အတူတကွခရီးနှင်ရန်ဖြစ်သည်။ ဤဆက်ဆံရေးမျိုး နှစ်ပေါင်းများ စွာဆက်လက်၍ရှေ့ဆက်နိုင်ရန်မှာခက်ခဲမည်ဖြစ်သော်လည်း ရှင်သန်စေရန်မျှော်လင့်ပါသည်။ မိ သားစုတိုင်း၌ ငြိမ်းချမ်းခြင်းရှိရမည်။ မိသားစုအတွင်း၌ငြိမ်းချမ်းခြင်းရှိလျှင် ရပ်ကွက်၊ ရပ်ရွာ၌လည်း ငြိမ်းခြင်းရှိမည်။ ထို့ အတူခရိုင်၊ နိုင်ငံ၊ ကမ္ဘာကြီးအတွင်း၌လည်းရှိမည်ဖြစ်သည်’ ဟုပြောကြားခဲ့သည်။    

 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3KPZ0cg

 

Add new comment

5 + 1 =