Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့အရှည်ဆုံး မယ်တော့်ဆင်းတုတော်နှင့် ဗိမာန်တော်ကြီး အာရှတိုက် ဖိလစ်ပိုင်တွင် ပြီးစီးတော့မည်
ကမ္ဘာ့အရှည်ဆုံး မယ်တော့်ဆင်းတုတော်နှင့် ဗိမာန်တော်ကြီး အာရှတိုက် ဖိလစ်ပိုင်တွင် ပြီးစီးတော့မည်
အမြင့်ပေ ၃၁၅ ပေ ရှိသည့် မယ်တော့်ဆင်းတုတော်ရှည်ကြီးကို အာရှတိုက်ရှိ ကက်သလစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် တည်ဆောက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် တွင် ပြီးစီးတော့မှာ ဖြစ်သည်ဟု ခန့်မှန်းရကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံသို့ ခရစ်ယာန်သာသနာရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တည်ဆောက်ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
The Tower of Peace ငြိမ်းချမ်းခြင်းမျှော်စင် ၊ အာရှလူမျိုးတို့၏ မိခင်ဟု အမည်ပေးထားသည့် မယ်တော့်မျှော်စင်ကြီးသည် ကမ္ဘာပေါ်တွင် အရှည်ဆုံး ဆင်းတုတော်ကြီးဖြစ်လာမည် ဖြစ်သည့်အတွက် အာရှတိုက်တွင်ရှိသော ကက်သလစ် များအတွက်လည်းဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။
ယခုလက်ရှိအချိန်မှာတော့ ၁၉၈၃ ခုနှစ် က တည်ဆောက်ထားသည့် ဗင်နီဇွဲလာ နိုင်ငံမှ ငြိမ်းချမ်းခြင်း မယ်တော်ဆင်းတုတော်သည် ၁၅၃ ပေဖြင့် ကမ္ဘာ့ရှည်ဆုံးနေရာယူထားပါသည်။
စည်းလုံးခြင်းနှင့် ငြိမ်းချမ်းခြင်းကိုဖော်ဆောင်မည့် မယ်တော့်ဆင်းတုတော်ကြီး၏ အောက်တွင် ပုပ်ရဟန်းမင်းကြီးဒုတိယမြောက် ယောဟန်ပေါလူး စိန့်ဂျွန်ပေါလ် ၏ ဗိမာန်တော်၊ တတိယထပ်တွင် ဘုရားဖူးများ အဖွဲ့လိုက်သီးသန့် မစ္ဆားဟောနိုင်မည့် ဘုရားကျောင်းငယ် Chapel လေး ၁၂ ကျောင်း၊ စတုတ္ထထပ်တွင် စားသောက်ဖွယ်ရာဆိုင်ခန်းများ၊ ဟောခန်း ခန်းမဆောင်၊ နားနေဆောင်များနှင့် ၁၇ လွှာတွင်တော့ မယ်တော်၏ ဗောင်းသရဖူကို ဖူးမျှော်နိုင်မည့် စင်္ကြန်အလွှာရှိမည်ဖြစ်ပါသည်။
By Sr.Lucia Thandar Aung,SJA
News Credit: Catholicsay.com
https://catholicsay.com/inthe-phili-ppines-the-soon-to-be-tallest-statue-of-the-virgin-mary-in-the-world-is-about-to-be-ready/
Add new comment