ကမ္ဘာ့သာသာပြုခြင်းနေ့ကို အောက်တိုဘာလ(၁၈)ရက်နေ့တွင် ကျင်းပရန် ဗာတီကန်အတည်ပြု

ကမ္ဘာ့သာသာပြုခြင်းနေ့ကို အောက်တိုဘာလ(၁၈)ရက်နေ့တွင် ကျင်းပရန် ဗာတီကန်အတည်ပြု

ကမ္ဘာ့သာသာပြုခြင်းနေ့ကို အောက်တိုဘာလ(၁၈)ရက်နေ့တွင် ကျင်းပရန် ဗာတီကန်အတည်ပြု

ကက်သလစ်သာသနာတော်၏ ဘာသာရေးပွဲများကို COVID-19ကပ်ဘေးကြောင့် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ရပြီး နိုင်ငံတော်တော်များများတွင်လည်း မစ္ဆားတရားတော်မြတ် ကိုးကွယ်ဝတ်ပြုခြင်းများကို ဆိုရှယ်မီဒီယာမှ တိုက်ရိုက်ထုတ်လွှင့်ပေးခြင်း၊ ကျန်းမာရေးနှင့်ကိုက်ညီသော ကျင့်ထုံးများနှင့်အညီ ကျင်းပခြင်းများကိုသာ ပြုလုပ်ခဲ့ရသည်။

သို့သော် ၁၉၂၆ခုနှစ်တွင် ရဟန်းမင်းကြီး န၀မမြောက် ပီဦးမှ စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကက်သလစ်သာသနာတော်၏ ကမ္ဘာ့သာသနာပြုခြင်းနေ့ ကိုမူ ရွှေ့ပြောင်းခြင်းမရှိဘဲ ပုံမှန်အတိုင်း အောက်တိုဘာလ (၁၈)ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြီးခဲ့သော သောကြာနေ့က ဗာတီကန်မှ ထုတ်ပြန်ခဲ့သည်။

သာသနာပြုအဖွဲ့အစည်းမှ “ယုံကြည်ခြင်းဟူသည် သာသနာပြုခြင်းဖြစ်ပြီး ကမ္ဘာ့သာသနာပြုခြင်းနေ့ကို ကျင်းပခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကအချက်ဖြစ်သော ဤအချက်ကို ယုံကြည်သူများ၏ ဘ၀အသက်တာတွင် ထိန်းသိမ်းရန်ဖြစ်သည်”ဟု ပြောဆိုခဲ့သည်။

မေလ(၃၁)ရက်နေ့က ကျင်းပခဲ့သော သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့တွင် ရဟန်းမင်းကြီး ဖရစ်စစ်အရှင်သူမြတ်မှ ပရောဖက်အီဇာအီယ အနာဂတ္တိကျမ်းမှ “အကျွန်ုပ်ရှိပါသည်။ စေလွှတ်တော်မူပါ”ဟူသော ကျမ်းစကားအားဖြင့် “ကမ္ဘာအနှံ့ ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါသည် သာသနာပြုရန်နှင့် နီးစပ်သူများအား အစေခံရန် အခွင့်အရေးဖြစ်သည်”ဟူသော အမှာစကားကို ဤပွဲတော်အတွက် သတင်းစကားပါးခဲ့သည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/2YNl3uP

Add new comment

5 + 1 =