ကမ္ဘာ့သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အတွက်ရဟန်းမင်းကြီး၏မိန့်မှာချက်

ကမ္ဘာ့သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အတွက်ရဟန်းမင်းကြီး၏မိန့်မှာချက်

ကမ္ဘာ့သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အတွက်ရဟန်းမင်းကြီး၏မိန့်မှာချက်

‘မကျန်းမမာဖြစ်နေသောကမ္ဘာကြီးကိုကျန်းမာနေသယောင်ဟန်ဆောင်နေ၍မရ’ ဟုဇွန်လ (၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေးနေ့၌ရဟန်မိန့်မှာခဲ့သည်။ က မ္ဘာကြီး၏စိမ်းလန်းစိုပြေရေးနှင့်စပ်လျင်း၍ကျွန်ုပ်တို့ ၏သဘောထားများပြု ပြင်ပြောင်းလဲရန်လိုအပ် ကြောင်း၊ သို့မှသာပိုမိုကောင်းမွန်ပြီး၊ ကျန်းမာသောက မာကိုနောင်မျိုးဆက်သစ်များအတွက်ချန်ထား ခဲ့နိုင်မည်ဖြစ် ကြောင်း၊ ဤနှစ်ပတ်လည်နေ့ကိုယခုနှစ်အတွက်အစီအစဉ်အရကိုလံဘီယာနိုင်ငံတွင်ကျင်း ပရန်လျာထားခဲ့သော်လည်းမမျှော်လင့်ထား သော ကပ်ရောဂါဆိုးကြောင့်အွန်လိုင်းမှသာမိန့်မှာချက်ကို ထုတ်လွှင့်ပေးခဲ့ရသည်။ ရဟန်းမင်းကြီးကသ၀ဏ်လွှာထဲတွင်ကိုလံဘီယာ သမ္မတအိုင်ဗင် အားပြီးခဲ့သည့်သောကြာနေ့က ပေးပို့သောသတင်းလွှာ၌လည်း ရဟန်းမင်းကြီးက ‘သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းခြင်းနှင့်ဇီ၀မျိုးစေ့ များ အားကာကွယ်ခြင်းသည်ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သောအကြောင်းအရာဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

မကျန်းမာသောကမ္ဘာကြီး၌ကျန်းမာခြင်း၊
မကျန်းမာသောကမ္ဘာကြီး၌ကျန်းမသယောင်ဟန်ဆောင်နေ၍မရ။ ကမ္ဘာကြီးအားသွေးထွက်သံ ယိုဖြစ်စေမူသည်ကျွန်ုပ်တို့အားလည်း ခံစားရသည်။ သဘာ၀ပတ်၀န်းကျင်၏စနစ်ကိုထိန်းသိမ်းခြင်း သည်အနာဂါတ်ကိုမျှော်တွေးလုပ်ဆောင်ခြင်းသို့ဦးတည်နေသည်။ ထို့ကြောင့်လတ် တလောအကျိုးအ မြတ်အတွက်သာမဟုတ်ဘဲ လူ့အသက်နှင့်အမှန်တကယ်ပတ်သက်နေသည်။ လက်ရှိကမ္ဘာကြီး၏အခြေ အနေသည်အဘယ်မျှ ဆိုးရွားပျက်ဆီးနေသည်ကိုသက်သေပြနေကြောင်း၊ ကျွန်ုပ်တို့သည်မသိ၊ မမြင်သ ကဲ့သို့ရေငုံနှုတ်ပိတ်နေ၍မရကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာ၀ပတ်၀န်းထိန်းသိမ်းစောင့်ရှောက် ရေးစနစ်ကိုကြီးမားစွာဖျက်ဆီးနေခြင်း၊ အလွှဲသုံးစားပြုနေခြင်းကိုဖော်ထုတ်ကာကွယ်ရမည်။ လက်ရှိအ ခြေအနေသည် အခြားသောနည်းလမ်းများဖြင့်ကိုင်တွယ်ဖြေရှင်းရန်ရှာကြံစဉ်းစားရမည့်အချိန်မဟုတ် တော့ကြောင်း၊ လူတစ်စု၊ တစ်ဖွဲ့ကောင်း စားအမြတ်ကျန်ရေးအတွက်ဖျက်ဆီးခံ၊ အဖျက်အမှောက်ပြုခံ နေရသောကျွန်ုပ်တို့ကမ္ဘာကြီး၏အဖြစ်ကိုမပူမအေးဖြင့် တုန့်ပြန်ရမည့်အချိန်တော့ ကြောင်း၊ တစ်ခါတစ် ရံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်ဟုတံဆိပ်လှလှပပတပ်၍အလွဲသုံးစား၊ အမြတ်ထုတ်နေမူလုပ် ရပ်ကိုရပ်တန်းကရပ် အောင်ပြတ်သားစွာပြုလုပ်ရမည်။

ပို၍ကောင်းမွန်သောကမ္ဘာကြီးကိုတည်ဆောက်စို့။
အရာအားလုံးသည်ကျွန်ုပ်တို့အပေါ်၌သာတည်မှီနေပါသည်။ မျိုးဆက်သစ်များအားပိုမိုကောင်း မွန်သော၊ ပိုမိုကျန်းမာ သောကမ္ဘာကြီး ကိုချန်လှပ်ထားရန်အခွင့်အရေးလည်းကျွန်ုပ်တို့၌ရှိပါသည်။ ထို့ နောက် ‘သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာသူ၏စာချွန်တော်’ (၅) ပြည့်နှစ်ပတ်လည်ကိုလည်း ပြန်လည်မှီငြမ်းပြီး၊ အမိကမ္ဘာကြီးကကျွန်ုပ်တို့ကြားသိနိုင်အောင်ဟစ်ကြွေးနေနေသံကိုသတိဖြင့်ပြန် လည်တုန့်ပြန် ရန်တိုက်တွန်းခဲ့သည်။ နောက်ဆုံး၌ရဟန်းမင်းကြီးက ဤအစည်းအ ဝေး၌မိန့်ခွန်း ပြောကြားကြမည့်သူများအားလုံးသည် သတများ နေထိုင်နိုင်လောက်သောကမ္ဘာကြီးအားဖန်တီး ရန်အပတ်တကုတ်ကြိုးကစားမည်ဟုယုံကြည်မျှော်လင့် ကြောင်းနှင့်လူသားဆန်သော အသိုင်းအ ဝိုင်းကို လည်းဖန်တီးတည်ဆောက်မည်ဟုမျှော်လင့်ကြောင်း၊ ထိုကမ္ဘာကြီးထဲ၌လူသားအားလုံးတစ်နေရာစာရ ရှိကြရန်၊ အဘယ်သူများနေ စရာမဲ့သောအခြေအနေအဖြစ်လစ်လျူရူပစ်ပယ်မထားဘဲလုပ်ဆောင်ရန်ယုံ ကြည်စွာအပ်နှံလိုက်သကဲ့သို့၊ တိုက်တွန်းခဲ့ပါသည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cFtBbx

Add new comment

6 + 10 =