ကမ္ဘာ့သက်တော်အငယ်ဆုံး ကာဒီနယ်သည် နတ်ဆိုးများကိုနှင်ထုတ်သူအဖြစ် နှစ်ပေါင်း (၂၀) ကျော်အမှုတော်ထမ်းခဲ့ဟုဆို

ကမ္ဘာ့သက်တော်အငယ်ဆုံး ကာဒီနယ်သည် နတ်ဆိုးများကိုနှင်ထုတ်သူအဖြစ် နှစ်ပေါင်း (၂၀) ကျော်အမှုတော်ထမ်းခဲ့ဟုဆို

ကမ္ဘာ့သက်တော်အငယ်ဆုံး ကာဒီနယ်သည် နတ်ဆိုးများကိုနှင်ထုတ်သူအဖြစ် နှစ်ပေါင်း (၂၀) ကျော်အမှုတော်ထမ်းခဲ့ဟုဆို

ကာဒီနယ်ကား Giorgio Marengo သည် ကမ္ဘာ့သက်တော်အငယ်ဆုံးကာဒီနယ်အဖြစ် တံဆိပ်တပ်ခံထားရရုံမျှမကဘဲ နတ်ဆိုးများကိုနှင်ထုတ်သောအမှု တော်ကိုလည်း နှစ်ပေါင်း (၂၀) ကျော်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အမှန်မှာ နှစ်ပေါင်း (၂၀) ကျော် ထမ်းဆောင်ခဲ့သောအမှုတော်ကို ရဟန်းများထမ်းဆောင်ရမည်ဖြစ်သော်လည်း ရဟန်းအတော်များများမထမ်းဆောင် လိုကြ။ သူ၏သက်တော်မှာ (၄၇) နှစ်သာရှိသေးသော အီတလီလူ မျိုးတစ်ဦးဖြစ်သည်။ သူသည် မွန်ဂိုးလီးယားနိုင်ငံ၌ သာသနာပြုနေသူလည်းဖြစ်သည်ဟုဆိုသည်။ လက်တလော၌ ကာဒီနယ်အဖြစ် လျာထားခံရပြီး ဩဂုတ်လ (၂၇) မှသာ တရား၀င်ကာဒီနယ်အာဏာကိုလက်ခံရရှိမည်ဖြစ်သည်။ ထိုနေ့၌ ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ်အဖြစ်သတ်မှတ်ရွေးချယ်ခံရသောသူတို့အား ဦးထုပ်အနီအရောင်အပ်နှင်းပေးမည်ဖြစ်သည်။ အနီရောင်သည် သွေးကိုပုံဆောင်ပြီး၊ ရဲစွမ်းသတ္တိရှိခြင်းကိုဖော်ပြသည်။ အရေးကြုံလာလျှင်တရားတော်အတွက် အသက်ကို စွန့်ရဲသောဓမ္မအာဇာနည်သွေးမျိုး၏ သင်္ကေတဖြစ်သည်။

အလွန်ဝေးလံသောကျွန်းများ၌ ငယ်ငယ်ရွယ်ရွယ်နှင့်သူသာသနာပြု

ကာဒီနယ်အတော်များများသည် သက်တော် (၆၀) ကျော်မှသာရွေးချယ်တင်မြောက်ခံရလေ့ရှိသည်။ သို့သော် ယခု ကာဒီနယ်လောင်းမှာ အသက်အရွယ်ငယ်ရုံတင်မကဘဲ အခြားသော၀ိသေသများစွာနှင့်လည်းကက်သလစ်ဘာသာ တူများအား စိတ်၀င်စားမှုမြင့်တက်စေသည်။ ၄င်းတို့မှာ သူလက်ရှိသာသနာပြုနေသောနိုင်ငံဖြစ်သည့် မွန်ဂိုးလီးယားနိုင် ငံသည် ကက်သလစ်ဘာသာတူဦးရေ (၁၅၀၀) ဦးသာရှိကြောင်း

မွန်ဂိုးလီးယားနိုင်ငံသည် အနောက်နိုင်ငံများနှင့်လုံး၀သီးခြားရှိနေသောနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံအတွင်းရှိလူဦး ရေအများဆုံးသက်၀င်ယုံကြည်သောဘာသာတရားမှာ shamanism ဖြစ်သည်။ သက်၀င်ယုံကြည်သူဦးရေ (၁၀၀၀၀) ကျော်ရှိပြီး ကက်သလစ်ဘာသာ၀င်ဦးရေထက် (၆) ဆကျော်မျှရှိသည်။ သို့သော် (၂၀) ရာစု၌ မွန်ဂိုးလီးယားသည် ကွန်မြူနစ်စနစ်၊ အာဏာရှင်စနစ်ဆိုးတို့၏ဖိနှိပ်မှုကိုခံစားခဲ့ရသောနိုင်ငံလည်းဖြစ်၍ ဘာသာရေးဖိနှိပ်မှုများလည်းရှိခဲ့သည်။ ကာဒီနယ်လောင်းသည် Consolata သာသနာပြုအသင်းမှဖြစ်သည်။ ယခုကဲ့သို့ကာဒီနယ်အဖြစ်ရွေးချယ်ခံရသော် လည်း ယခင်ကကဲ့သို့ပင်ဆက်လက်၍ လူမသိသူမသိနေထိုင်သွားရမည်။ နှိမ့်ချခြင်းနှင့်ဆက်လက်နေထိုင်သွားရမည်။ ထို့ အတူ သက်၀င်ယုံကြည်မှုမတူသူများအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းကိုလည်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ပြောကြားခဲ့သည်။

အသက်အရွယ်နုငယ်သော်လည်း နတ်ဆိုးနှင်ထုတ်ခြင်း၌ အတွေ့အကြုံများခဲ့သူ

ကာဒီနယ်လောင်း၏ ၀ိသေသနောက်တစ်ခုကလည်း ကက်သလစ်ဘာသာတူများ၏စိတ်၀င်စားမှုကိုမြင့်တက် စေသည်။ ထို၀ိသေသကား သူသည် နတ်ဆိုး‌မောင်းထုတ်သူအဖြစ် နှစ်ပေါင်း (၂၀) ကျော်အမှုထမ်းခဲ့သည်။ ထို့အတူ ဤအမှုတော်ကိုထမ်းဆောင်ရန်လည်း တရား၀င်ရွေးချယ်ခံထားရသူလည်းဖြစ်သည်။ သူသည် (၁၆) ကြိမ်မြောက် နတ်ဆိုးများအားနှင်ထုတ်ခြင်းဆိုင်ရာပိုချချက်အကြောင်းကိုပို့ချသူဖြစ်ခဲ့သည်။ ဤပို့ချချက်ကို ရောမမြို့ရှိ ‘the Pontifical Athenaeum Regina Apostolorum’ ကျောင်းတွင်ပို့ချသည်။ သူသည် ပို့ချသူဖြစ်မလာမီက သူကိုယ်တိုင်လည်း ဤသင်တန်းကိုတက်ရောက်ခဲ့သည်။

ဆရာတော်တစ်ပါးအနေဖြင့် ဤအမှုတော်နှင့်ပတ်သက်၍ အနောက်နိုင်ငံ၌ဖြစ်စေ၊ သာသနာပြုနယ်များ၌ဖြစ်စေ ခရစ်ယာန်မဟုတ်သောသူများကြား၌ အဖြစ်များကြသည်။ သူ့ထံသို့ရောက်လာပြီးအကူအ ညီတောင်းခံသူများသည် ဤအခြေအနေမျိုး၌ရှိနေသူများဖြစ်သည်။ ၄င်းတို့အနေဖြင့် ခရစ်ယာန်မဟုတ်သော်လည်း ခရ စ္စတူးသခင်၏ နတ်ဆိုးကိုအောင်နိုင်သည့် အစွမ်းတန်ခိုးကိုလက်ခံယုံကြည်သည်။ နတ်ဆိုးသည် ယေဇူးသခင်နှင့်ကျွန်ုပ် တို့၏ကြား သပ်လျှိုဖြိုခွဲသူ၊ ဆက်ဆံရေးကိုအနှောက်အယှက်အဟန့်အတားဖန်တီးသူဖြစ်သည်။ သာသနာမှာမှု အဆိုပါ ခြားသွားသောဆက်ဆံရေးကို ဧ၀ံဂေလိတရားတော်နှင့်စက္ကရာမင်တူးများအားဖြင့်ပြန်လည်ပေါင်းစည်းပေးရန်ကြိုးစား လုပ်ဆောင်သည်။

အယူသီးခြင်းသည် ယုံကြည်ခြင်းအတွက် အဟန့်အတားတစ်ခုဖြစ်သည်။

သူ၏သာသနာပြုအတွေ့အကြုံအရ ဆေးကြောခြင်းစက္ကရာမင်တူးကိုခံယူရန်ပြင်ဆင်နေကြသော မွန်ဂိုလီးယား နိုင်ငံသားများအနေဖြင့်ယေဇူးသခင်၏တရားတော်သည် မိရိုးဖလာ၏သက်၀င်ယုံကြည်မှုမှသွေဖီသွားစေသည်ဟုယုံကြည်နေသောကြောင့် အဟန့်အတားတစ်ခုဖြစ်နေသည်။ ဤအတားအဆီးသည် ယခုမှကြုံရခြင်းမဟုတ်။ ရှေးယခင်သာ သနာပြုများ၏အချိန်ကာလည်းကြုံတွေ့ရှိခဲ့သော အခက်အခဲပင်ဖြစ်သည်။ ဒေသခံများကြား၌လည်း ဤအစွဲအလန်း သည် အလွန်များပြားသည်။ ထို့ကြောင့် ကက်သလစ်ဘုန်းတော်ကြီးများက ယေဇူးသခင်တပည့်တော်ကြီးတို့အား အနာ ရောဂါအမျိုးမျိုးကိုငြိမ်းစေသောအာဏာကိုပေး၍ ကုသမှုကိုပြုလုပ်စေခဲ့သကဲ့သို့ မကျန်းမာသူ၊ နေထိုင်မကောင်းသူများ၊ နတ်ဆိုးပူးနေသောသူများအပေါ်ဆုတောင်းပေးခဲ့ရသည်။

ဤအခြေအနေသည် မွန်ဂိုးလီးယားနိုင်ငံ၌သာမြင်တွေ့ရသောအခြေအနေမဟုတ်ပေ။ ကမ္ဘာနှင့်အ၀ှမ်း မိရိုးဖ လာအစဉ်အလာကိုသက်၀င်ယုံကြည်ခဲ့သောလူမျိုးတိုင်း၌ရှိသည်။ နတ်ဆိုးသည် အမှန်တရားမှသွေဖီအောင်အားစိုက် လုပ်ဆောင်လေ့ရှိသည်။ အယူသန်ခြင်းကိုမူတိုက်ဖျက်ရမည်မှာ ယခင်အချိန်မှစ၍ယနေ့ထိတိုင်ပင်ဖြစ်သည်။ အယူသန် ခြင်းသည် ယုံကြည်ခြင်းကိုအားနည်းစေခြင်း၊ မဲ့စေခြင်း၏အဓိကအကြောင်းတရားဖြစ်သည်။ မသေခြာမရေရာဖြစ်နေ သောသူတို့အား သေချာမှုကိုချပြ၊ ရှင်းပြရသည်။ ဆန့်ကျင်ဖက်အနေဖြင့် ယေဇူးသခင်သည် ခမည်းတော်ဘုရားအား လုံး၀ဥသုန်ယုံကြည်သည်။ နှိမ့်ချစွာဖြင့် ယေဇူးသခင်၏

ကာဒီနယ်လောင်းသည် နတ်ဆိုးကိုအောင်နိုင်သောနည်းလမ်း (၅) ဖြာကိုမိန့်ကြားခဲ့သည်။

နတ်ဆိုးများနှင့်လုံးပန်းတိုက်ခိုက်နေကြာရသောသူများအား ကာဒီနယ်လောင်းက အောက်ပါနည်းလမ်း (၅) ဖြာ ကိုလမ်းညွှန်ပေးထားသည်။

၁။ အဓိကလုပ်ဆောင်ရမည်မှာ ဆုတောင်းခြင်းဖြစ်သည်။ ထိုဆုတောင်းခြင်း၌ ကိုယ်တော်မြတ်ကိုဖူးမြှော်ကိုးကွယ်ခြင်း၊ မယ်တော်နှင့်ဆိုင်သော ကြည်ညိုအားကိုးမှုအစုံစုံကိုလည်း ကိုးစားရမည်။ ၀ိနည်းတော်၌ဖော်ပြထားသော ကုသခြင်း နှင့်ဆိုင်သော ဆုတောင်းမေတ္တာများ၊ ၀ိနည်းတော်၏လမ်းညွှန်ချက်ကို တိတိကျကျလိုက်နာရမည်။ မွန်ဂိုးလီးယား၌မှု ‘ကိုယ်တော်မြတ်ဖူးမြှော်ခြင်း’ ကို တစ်နိုင်ငံလုံးသို့ပြန့်နှံ့သွားသောအခါ ဘာသာတူတို့၏ယုံကြည်ခြင်းအသက်တာသည် ပြောင်းလဲသွားခဲ့သည်။

၂။ နတ်ဆိုးနှင့်ပတ်သက်၍ ၄င်းတို့အားအဘယ်သို့ခုန်ခံတော်လှန်ရမည်ကို ဘုရားစကားသင်ချိန်၌ ကောင်းမွန်ထိရောက် စွာသင်ကြားပေးရမည်။

၃။ နတ်ဆိုးနှင့်ပတ်သက်၍လည်း အခြေအနေ၊ အခွင့်အခါသာတိုင်းပြောပြရန်၊

၄။ နတ်ဆိုးကိုနှင်ထုတ်ခြင်းအခမ်းအနားကို လိုအပ်လျှင်မရှောင်ဘဲကျင်းပပေးရမည်။ ကျင်းပတိုင်းလည်း အမိသာသနာမှ ချမှတ်ပေးထားသော ကျင့်၀တ်များကိုသေချာစွာလိုက်နာပါ။

၅။ ဘုန်းတော်ကြီးများ၊ သူတော်စင်များအားလည်း ၀ိညာဉ်နှင့်ဆိုင်သော ကျန်းမာရေးနှင့်နတ်ဆိုးများကိုခုခံတော်လှန် သည့်အကြောင်းအရာများကိုလည်းထည့်သွင်းသင်ကြားပေးရန်လိုအပ်ကြောင်းကိုပြောပြသွားပါသည်။ (Aleteia)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JfbA5x
 

Add new comment

6 + 2 =