ကမ္ဘာ့လူငယ်များနေ့အတွက် တရားဝင်အဖွင့်သီချင်း ထွက်ပြီ

ကမ္ဘာ့လူငယ်များနေ့အတွက် တရားဝင်အဖွင့်သီချင်း ထွက်ပြီ

ကမ္ဘာ့လူငယ်များနေ့အတွက် တရားဝင်အဖွင့်သီချင်း ထွက်ပြီ

၂၀၂၃ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့၌ကျင်းပမည့် ကမ္ဘာ့လူငယ်များပွဲတော်အတွက် တရားဝင်သီချင်း ထွက်ပေါ် လာပြီဖြစ်သည်။ထိုသီချင်းသည် မယ်တော်သခင်မ၏ နာခံခြင်းနှင့် ဝမ်းကွဲတော် ဧလီဇဘက်ထံလည်ပတ်ခြင်းကို သီကျူးထားခြင်းဖြစ် သည်။" မာရီယာသည်ထ၍ ဂျူဒီယာတောင်ကုန်းအရပ်သို့ အလျင် အမြန်သွားလေ၏"ဟူသော ကျမ်းစာကို အခြေခံသည်။

"လေဟုန်ဖြင့် အလျင်အမြန်သွားခြင်း"ဟု ခေါင်းစဥ်တပ်ထားသော ထိုသီချင်းကို ကိုအီမ်ဘရာနိုင်ငံမှ Fr. Jouo Paulo ကရေးသားခဲ့ပြီး သီ ချင်းပေါင်းများစွာကို ကျော်ဖြတ်ကာ အရွေးခံရသည်။

ကမ္ဘာတစ်ဝန်းမှ ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရန် စုရုံးလာမည့်လူငယ်များကို မယ်တော်၏အကျင့်ပညရမီများအတုယူလျက် သာသနာ ပြုခြင်းနှင့်ကမ္ဘာကြီးအားပြောင်းလဲခြင်းတွင် ပါဝင်ကြရန် အဆိုပါသီချင်းက နှိုးဆော်ထားသည်။

အဆိုပါသီချင်းကို မူရင်း ပေါ်တူဂီဘာသာအပြင် အင်္ဂလိပ်၊ပြင်သစ်၊စပိန်၊အီတာလျံဘာသာများဖြင့်လည်း ဖြန့်ချီနေပြီဖြစ်သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of : World Youth Day

https://bit.ly/3rcH0Q3

Add new comment

3 + 1 =