ကမ္ဘာ့လူငယ်များနေ့အခမ်အနားသို့စပိန်နိုင်ငံမှအများဆုံးစေလွှတ်မည်။

ကမ္ဘာ့လူငယ်များနေ့အခမ်အနားသို့စပိန်နိုင်ငံမှအများဆုံးစေလွှတ်မည်။

ပေါ်တူဂီနိုင်ငံ၏မြို့တော် လစ္စဘွန်၌ ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့သည်ကျင်းပရန်တစ်ပတ်ခန့်မျှသာလိုတော့ သည်။ ထိုပွဲသို့တက်ရောက်ရန်စပိန်နိုင်ငံအနေဖြင့် ကက်သလစ်လူငယ်အများဆုံးစေလွှတ်သောနိုင်ငံဖြစ်ရန်နှိုးဆော်လျှက်ရှိသည်။

စာရင်းအရ စပိန်ကက်သလစ်လူငယ် (၇၅၀၀၀) သွားရောက်မည်ဖြစ်သည်။ ဤအခမ်းအနားကို ဩဂုတ်လ (၁-၆) အထိကျင်းမည်ဖြစ်ပြီး ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်ပါ၀င် မည်ဖြစ်သည်။

စပိန်နိုင်ငံမှ ဆရာတော်ကြီး (၇၁) ပါးသည် မိမိတို့နိုင်ငံမှကက်သလစ်လူငယ်ထုနှင့်အတူခြံရံလျှက် အဆိုပါပွဲသို့တက်ရောက်မည်ဖြစ်သည်။ ၄င်းတို့အနက် (၂၅) ပါးမှာ စပိန်ဘာသာဖြင့် ပို့ချချက်ထဲ၌ပါ၀င်ကြမည်ဖြစ်သည်။

စပိန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် ယခုကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ဆပ်ကော်မတီ၌ ဘုရားဖူးလူငယ်နှင့်ကလေးများအားတွဲဖက်တာ၀န်ယူရသည်။ ပွဲနေ့မကျရောက်မီကပင် စပိန်နိုင်ငံအနေဖြင့် ဇူလိုင် (၂၆ – ၃၀) အထိကြိုတင်ပြင်ဆင်လုပ်ကိုင်စရာရှိသည်များကိုကြိုတင်ရောက်ရှိလုပ် ကိုင်ပေးလျှက်ရှိသည်။

ရောက်ရှိလာကြမည့်လူငယ်များအား Coimbra, Viseu, Viana do Castelo, Leiria-Fatima, Braga, Aveiro, Porto, Faro, Evora နှင့် Madeira သာသနာများတွင်လက္ခံတည်းခိုစေမည်ဖြစ်သည်။

ဇူလိုင် (၃၁) ၌ စပိန်နိုင်ငံမှဤပွဲအတွက်ရောက်ရှိနေသောအဖွဲ့အစည်းအဝေးရှိမည်ဖြစ်ရာ လူငယ် (၃၇၃၇၅) ဦးတက်ရောက်ရန်ရှိသည်။ ၄င်းတို့အနေဖြင့် စပိန်နိုင်ငံအတွင်းရှိ သာသနာ (၆၇)၊ အမျိုးသား၊ အမျိုးသမီးသူတော်စင်အသင်း (၃၂) သင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း (၁၁) ဖွဲ့အားကိုယ်စားပြုမည်ဖြစ် သည်။

ယခုအစည်းအဝေး၌ အပိုင်း (၃) ပိုင်းဖြင့်ကျင်းပမည်ဖြစ်သည်။ ပထမအပိုင်း၌ ကမ္ဘာ့လူငယ်များနေ့အတွက်ပြင်ဆင်ရာ၌ရလိုက်သောအတွေ့အကြုံ‌ေ၀မျှခြင်းဖြစ် သည်။

အစည်း‌ေ၀းအပြီး၌ ဘာစီလိုးနားဂိုဏ်းချုပ်သာသနာ၏ကာဒီနယ်လည်းဖြစ်၊ စပိန်နိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်း ဖြစ်သော ကာဒီနယ် Juan Jose Omella မှ မစ္ဆားဦးဆောင်ပူဇော်မည်ဖြစ်သည်။ နောက်ဆုံးအပိုင်း၌မူ ‘Caminos de Juventud’ (လူငယ်များနှင့်လမ်းလျှောက်ခြင်း) အစီအစဉ်ဖြင့်အဆုံးသတ်မည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/qzlc3

Add new comment

5 + 3 =