ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက် နိုင်ငံအတွင်မှအရပ်ဖက်အဖွဲ့များလည်းတက်ကြွစွာပါ၀င်မှုကို ရဟန်းမင်းကြီး၀မ်းသာပီတိဖြစ်ရ

ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက် နိုင်ငံအတွင်မှအရပ်ဖက်အဖွဲ့များလည်းတက်ကြွစွာပါ၀င်မှုကို ရဟန်းမင်းကြီး၀မ်းသာပီတိဖြစ်ရ

ပေါ်တူဂီနိုင်ငံ၌ (၃၈) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ကို လာမည့်ဩဂုတ်လ (၁ မှ ၆) ရက်နေ့အထိကျင်းပမည်ဖြစ်သည်။ ထိုပွဲဖြစ်မြောက်ရေးအတွက်နိုင်ငံအတွင်းမှ အရပ်ဖက်အဖွဲ့အစည်းများလည်းပါ ၀င်ကူညီနေသည့်အတွက် ရဟန်းမင်းကြီးကကျေးဇူးတင်ကြောင်း၊ လက်မြောက်အရှုံးမပေးရန်လည်းဗွီဒီယိုဖိုင်လ်ဖြင့်သတင်းစကားပါးအားပေးတိုက်တွန်းခဲ့သည်။

အဆိုပါသတင်းစကားကို ဇွန်လ (၂၃) ရက်နေ့ကပွဲဖြစ် မြောက်ရေးအတွက်ဝိုင်း၀န်းလုပ်အားပေးနေကြသော ဘာသာရေး၊ အရပ်ဖက်အဖွဲ့များအားလုံးအတွက်ပေးပို့ခဲ့သည်။

သတင်းစကား၌ ရဟန်းမင်းကြီးက လူငယ်များ၏ကြင်နာတတ်ခြင်းအတွက်ကျေးဇူးတင်ကြောင်း၊ ရက်ရောခြင်းသည် အလွန်တန်ဖိုးကြီးသောဝိုင်ကဲ့သို့ဖြစ်ကြောင်း၊ ထိုရက်ရောသောစိတ်ပျောက်ပျက်သွားသည်နှင့်လူ့ဘ၀သည်တန်ဖိုးကျသွားကြောင်း၊ လွန်စွာငြီးငွေ့ဖွယ်ဖြစ်ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရက်ရောသောစိတ်သည်ကျွန်ုပ်တို့၏ စိတ်ဓာတ်နှင့်တန်ဖိုးကိုဆွဲတင်ပေးကြောင်း၊ ရက်ရောခြင်းသည် စာအုပ် ၌လေ့လာ ၍မရ။ ရက်ရောသောစိတ်သည် ယခုသင်တို့ပြုလုပ်နေသည့်အတိုင်းပြုလုပ်မှသာဖွံ့ဖြိုးလာသည်။ အခြေအနေကြီးကြီးမားမားအတွက်သင်တို့လုပ်ဆောင်နေကြသည်။ ထိုအခြေအနေကား ကမ္ဘာ့လူငယ်ထုကြီးတွေ့ဆုံရန်အတွက်ဖြစ်သည်။ သင်တို့၏လုပ်အားတန်ဖိုးအတွက်ကျေးဇူးတင်ပါ​သည်ဟု မိန့်ကြားထားသည်။

ဤကမ္ဘာ့လူငယ်တွေ့ဆုံပွဲသည် ကိုးဗစ်ကပ်ရောဂါဆိုးကြောင့် ရွေ့ဆိုင်းထားခဲ့ရသည်။ ထို့ကြောင့်လည်း ဥရောပ၊ အမေရိကားနှင့်အခြားသောနိုင်ငံများမှလူငယ်သိန်းနှင့်ချီလာကြမည်ဟုမျှော်လင့်ကြောင်း၊ ကမ္ဘာ့လူငယ်များနေ့တစ်လျှောက်၌ လူငယ်အများဆုံးတက်ရောက်ကြမည့်တွေ့ဆုံပွဲလည်းဖြစ်မည်ဟုမျှော် လင့်ကြောင်းပွဲဖြစ်မြောက်ရေးကော်မတီကမျှော်လင့်ထားသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ကြိမ်စာကိုတစ် ကြိမ်တည်းကျင်းပသကဲ့သို့ဖြစ်သွားသည်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် ပေါ်တူဂီနိုင်ငံသို့ ဩဂုတ်လ (၂) ရက်နေ့၌ရောက်ရှိလာမည်ဖြစ်ပြီး ကမ္ဘာ့လူငယ်များနေ့၏ဖွင့်ပွဲအခမ်းအနားတွင်ပါ၀င်မည်။ လူငယ်များအာပတ်ဖြေနားထောင်ပေးမည်။ ထို့နောက် လူငယ်များနှင့်အတူနေ့လယ်စာလက်ဆုံသုံးဆောင်မည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် ဩဂုတ်လ (၆) ရက်နေ့၌ကျင်းပ မည့် ကမ္ဘာ့လူငယ်များနေ့ပိတ်ပွဲမစ္ဆားတရားကိုလည်းဦးဆောင်ပူဇော်ပြီးနောက် ရောမသို့ပြန် ကြွမည်ဖြစ်သည်။

ဇွန်လဆန်းပိုင်း၌ပင် ကမ္ဘာ့လူငယ်ပွဲသို့တက်ရောက်ရန်စာရင်းပေးသွင်းထားသူ (၆၀၀၀၀၀) ရှိပြီဖြစ် သည်။ စပိန်မှ (၄၀၀၀၀)၊ အီတလီ (၃၂၀၀၀)၊ ပြင်သစ်၊ ပိုလန်တစ်နိုင်ငံစီမှ (၉၀၀၀) ဦးတို့ဖြစ်ကြသည်။ ပေါ်တူဂီမြို့တော်အနီးတစ် ဝိုက်၌ မြူးစိတင်ဆက်မှု၊ ဟောပြောပွဲများ၊ ပြခန်းများ၊ ပြဇာတ်ထုတ်လုပ်မှုများ၊ အက တင်ဆက်မှုများ၊ ရုပ်ရှင်ထုတ်လုပ်မှု၊ အားကစားပြိုင်ပွဲစသော အစီအစဉ်ပေါင်း (၂၀၀) ကိုကျင်းပလက္ခံသွားမည်။ အဆိုပါ ကမ္ဘာ့လူငယ်များနေ့၌ ကမ္ဘာ့နိုင်ငံ (၅၅) ခုမှတက်ရောက်လာကြမည်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NSP32B

Add new comment

2 + 5 =